သခင်မ မီးဖွားချိန်မှာ အရိပ်တကြည့်ကြည့်နေပေးခဲ့တဲ့ ခွေးလိမ္မာလေး ရိုင်ဒါ

ကလေးမီးဖွားချိန်တွေကို အထူးပြုရိုက်ကူးလေ့ရှိတဲ့ ဓာတ်ပုံဆရာမ ခရစ္စတင်းကတော့ သခင်ဖြစ်သူရဲ့ မီးဖွားချိန်မှာ အရိပ်တကြည့်ကြည့်နေပေးခဲ့တဲ့ ခွေးလိမ္မာလေးတစ်ကောင်အကြောင်းကို မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ပြီး အဲဒီဓာတ်ပုံတွေဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု မြင့်မားခဲ့ပါတယ်။

ကိုယ်ဝန်သည်တစ်ယောက်ဖြစ်တဲ့ ဘရွတ်ခ်မှာ ရိုင်ဒါလို့ နာမည်ပေးထားတဲ့ ခွေးလေးတစ်ကောင်ရှိပြီး ရိုင်ဒါဟာ သူမ ကိုယ်ဝန်ရှိချိန်ကစလို့ သူမကို အရိပ်တကြည့်ကြည့် နေပေးခဲ့တာပါ။

ဘရွတ်ခ်တစ်ယောက် ခြံထဲမှာ လမ်းလျှောက်တဲ့အချိန်၊ ကျန်းမာရေးစစ်ဆေးမှုခံယူတဲ့အချိန် စတဲ့အချိန်တိုင်းမှာ ရိုင်ဒါက အနားက အကဲခတ်နေတတ်ပြီး နောက်ဆုံး ဘရွတ်ခ် မွေးတော့မယ့်အချိန်အထိ ရိုင်ဒါက အတူရှိနေပေးခဲ့ပါတယ်။

ခရစ္စတင်းရဲ့ ဓာတ်ပုံလေးတွေက ရိုက်ဒါရဲ့ သူ့သခင်မအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို မြင်ရမှာဖြစ်ပြီး ဒီ ဓာတ်ပုံအက်ဆေးလေးက ခွေးလေးတစ်ကောင် ချက်ချင်းပဲ ၀ယ်မွေးချင်စိတ်ပေါ်လာတဲ့အထိ သင့်ကို လှုံ့ဆော်ပေးပါလိမ့်မယ်။

ရိုင်ဒါဟာ သူ့သခင်မ ကိုယ်ဝန်ရှိကတည်းက အခန်းထဲကိုနေ့တိုင်းလာပြီး အဆင်ပြေမပြေ လာကြည့်နေတတ်တဲ့ခွေးလေးပါ။ 

READ
Singleဘဝကိုပဲနှစ်သက်နေတယ်ဆိုတာ သေချာစေတဲ့လက္ခဏာရပ်များ
Kristin Ann

အပြင်ဖက်မှာ လမ်းလျှောက်နေရင်းနဲ့ သူ့သခင်မ က ဗိုက်နာတယ်ဆိုရင် သူ့မှာဘေးကနေပတ်ပြီး ပြာယာတွေကိုခတ်နေတော့တာပါပဲ

Kristin Ann

ခြံထဲဆင်းပြီးလမ်းလျှောက်တိုင်း ရိုင်ဒါ ဟာ ဘေးမှာအမြဲရှိနေတတ်ပြီး တစ်ခုခုဆိုတာနဲ့ အနားကိုရောက်လာတတ်ပါပြီ

Kristin Ann

သန္ဓေသားအခြေအနေကို စစ်ဆေးကြည့်ဖို့ လုပ်တဲ့အခါတိုင်း ရိုင်ဒါဟာ စိတ်ပူနေတတ်ပြီး သူ့သခင်မကို အနမ်းနဲ့ နှစ်သိမ့်ပေးဖို့ ကြိုးစားလေ့ရှိပါတယ်

Kristin Ann

အဲဒီလို လိုက်ပြီးစောင့်ကြည့်နေတတ်တာကိုက ချစ်စရာကောင်းနေခဲ့ပြီး ရိုင်ဒါဟာ သူ့သခင်မ တစ်ခုခုဖြစ်မှာကို တကယ်ပဲ စိုးရိမ်နေခဲ့ပါတယ်

Kristin Ann

နေ့တွေသာပြောင်းလာပေမယ့် ဘရွတ်ခ်ကတော့ ကလေးမွေးဖို့အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် ရိုင်ဒါကတော့ သူ့ရဲ့စောင့်ကြည့်နေတဲ့အလုပ်ကို နည်းနည်းလေးမှ အပျက်မခံခဲ့ပါဘူး

Kristin Ann

ကလေးမွေးဖို့ ပြင်ဆင်ထားတဲ့ ကန်ထဲ ၀င်လိုက်တဲ့အချိန်မှာတော့ ရိုင်ဒါလည်း ပင်ပန်းပြီး ခဏအိပ်ပျော်သွားခဲ့ပါတယ်

Kristin Ann

ဘရွတ်ခ်ရဲ့မိသားစုက သူမအတွက် ကူညီပေးနေကြချိန်မှာတော့ ရိုင်ဒါလည်း နိုးလာခဲ့ပြီး သူ့သခင်မကို ဘေးကနေ အနမ်းပေးဖို့ကြိုးစားနေခဲ့ပါတယ်

Kristin Ann

တစ်ခုခုဖြစ်လာတော့မယ်ဆိုတာ သိနေခဲ့တဲ့ ရိုင်ဒါဟာ ဘေးကနေ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းလို့နေခဲ့ပါတယ်

READ
အတ္တကြီးသူတွေရဲ့ အပြုအမူ(၁၀)မျိုး
Kristin Ann

နောက်ဆုံးမှာတော့ ဘရွတ်ခ်လည်း သမီးလေးတစ်ယောက်ကို လွယ်လွယ်ကူကူပဲ မွေးဖွားနိုင်ခဲ့ပြီး ရိုင်ဒါဟာလည်း သူ့ရဲ့မိသားစုဝင်အသစ်ကို ဘေးကနေ ငေးမောနေခဲ့ပါတယ်

Kristin Ann

ရိုင်ဒါဟာ အထဲကိုဝင်ဖို့ မကြိုးစားပဲ သူများတွေလိုမျိုး ဘေးကနေ မေးလေးတင်လို့ သူ့ရဲ့ညီမလေးကို ငေးကြည့်နေခဲ့တာပါ

Kristin Ann

ကလေးပေါင်ချိန်တာကစလို့ အချိန်တိုင်းကို ရိုင်ဒါက အလွတ်မပေးပဲ လိုက်ကြည့်နေတော့တာပါပဲ

Kristin Ann

နောက်ဆုံးမှာတော့ ကလေးရဲ့အနားအထိ ရိုင်ဒါ ရောက်လာခဲ့ပြီး ဒီအချိန်လေးကတော့ သူရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အလှဆုံးပဲလို့ ဓာတ်ပုံဆရာက ဆိုပါတယ်

Kristin Ann

နောက်ပိုင်းမှာတော့ ရိုင်ဒါဟာ သူ့သခင်တွေ သခင်မတွေထက် ကလေးလေးကိုသာ အချစ်ပိုသွားခဲ့ပြီးကလေးနားက ခွာတယ်လို့ကို မရှိတော့ပါဘူး

Kristin Ann

ရိုင်ဒါအနေနဲ့တော့ သူ့ရဲ့သခင်မ အသစ်လေးနဲ့အတူ ကြီးပြင်းရတော့မှာဖြစ်ပြီး ဒါက ချစ်စရာကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ဆိုတာ သေချာနေပါတော့တယ်။

Kristin Ann

Linn

Source : boredpanda

SHARE