အမိုက်စား Body ရဖို့ Ranveer Singh ဘယ်လို ကြိုးစားခဲ့ရသလဲ..?

ဘောလိဝုဒ်မင်းသားချော Ranveer Singh ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ ဘောလိဝုဒ်ဇာတ်ကားတွေမှာ မကြာခဏ တွေ့ရတတ်ပြီး လုံးဝကိုမိုက်တဲ့ အမိုက်စား BODY ကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်ယောက်ပါ။ ကျယ်ပြန့်တဲ့ရင်အုပ် ကြွက်သားတွေကို ပိုင်ဆိုင်ထားတဲ့ Ranveer Singh ကတော့ သူ့ရဲ့ လက်ရှိ Body ကို အလွယ်လေးရခဲ့တာတော့ မဟုတ် ပါဘူး။ ကောင်မလေးတွေ လုံးဝကြွေလောက်တဲ့ ယောက်ျားပီသတဲ့ ဒီလို Body ကို ရဖို့ သူဘာတွေ လုပ်ခဲ့ကလဲ … ဘယ်လိုတွေ ကြိုးစားခဲ့လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

#1. စံပြပုဂ္ဂိုလ်ထားပြီး  Body Transformation ခရီးကြမ်းကို စခဲ့ရ

Ranveer Singh အတွက် အားတစ်ခု ဖြစ်စေခဲ့သူကတော့ Hrithik Roshan ပါ။ လူတိုင်းမှာလည်း ကိုယ့်ရဲ့ Body ကို ပြောင်းလဲချင်စိတ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ သူဆိုတာရှိဖို့ လိုပါတယ်။ Ranveer  ကတော့ Body ပိုင်းမှာ သူ့လို ဖြစ်ချင်တယ်၊ ရအောင် ကြိုးစားချင်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့သူကတော့ Hrithik Rosha လို့ ပြောခဲ့ဖူးပါ တယ်။ Hrithik ကို Role model အဖြစ်စံထားပြီး Body Transformation ခရီးကြီးကို စတင်ခဲ့တာပါ။

#2. diet သေချာလုပ်

Ranveer  ကတော့ ၀ိတ်ကျချင်တယ်ဆိုရင် အိမ်ကချက်တဲ့ အိမ်ထမင်း၊ အိမ်ဟင်းကိုပဲစားဖို့ အကြံပြုခဲ့ပါတယ်။ နောက် တစ်ခုကတော့ သူဟာ ဒီလို Body ရဖို့ သကြားကို (၆)လတောင် aရှာင်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အဆီများတာတွေ ရှောင်ပြီး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုပဲ စားသုံးခဲ့တယ်လို့ ဆိုပါတယ်။

READ
ငှက်ပျောဖူးကိုစားရင် ရလာမယ့် အကျိုးကျေးဇူးတွေ

#3. နေ့တိုင်း လေ့ကျင့်ခန်းလုပ်

Ranveer က အလုပ်တွေ အရမ်းများတဲ့သူမို့ လေ့ကျင့်ခန်းလုပ်တဲ့ရက်က ပုံမှန်မရှိလောက်ဘူးလို့ ထင်ရင်တော့ မှားပါတယ်။ aန့တိုင်း လေ့ကျင့်ခန်းလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း ဒီလိုမိုက်တဲ့ Body ကို ပိုင်ဆိုင်ခဲ့တာပါ။Ranveer ကတော့ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တာကို အားပေးထားပါတယ်။ သူ့ရဲ့ Work out ဆိုရင်  အပိုင်းနှစ်ပိုင်းခွဲထားပြီး၊ တစ်ကြိမ်ဆိုရင် တစ်နာရီခွဲကြာအောင်လုပ်တယ်လို့ သိရပါတယ်။

#4.  gym နဲ့တင် မလုံလောက်

Ranveer ကတော့ gym လောက်နဲ့တင် မလုံလောက်ဘူးလို့ ပြောခဲ့ပါတယ်။ သူကတော့ Gym အပြင် ပြေးတာ၊ aရကူးတာ၊ စက်ဘီးစီးတာတွေလည်း လုပ်တယ်လို့ ပြောခဲ့ပါတယ်။ Gym တင်မဟုတ်ပဲ တခြားအားကစား ကိုယ်လက် လှုပ်ရှားမှုတွေကလည်း ခန္ဓာကိုယ်အတွက် အများကြီး အထောက်အကူပြုတယ်လို့ အကြံပြုခဲ့ပါတယ်။

#5. သွေးပူလေ့ကျင့်ခန်းကလည်း အရေးကြီး

Ranveer ကတော့ သူ့အတွက် သွေးပူလေ့ကျင့်ခန်းကလည်း အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင်မှာ သွေးသူလေ့ကျင့်ခန်း (၁၀)မိနစ်လောက် လုပ်တယ်လို့ ပြောပါတယ်။ Ranveer ကတော့ သွေးပူလေ့ကျင့်ခန်းကလည်း Workout လုပ်တဲ့ အခါမှာ ပိုထိရောက် ပိုအကျိုးရှိစေတဲ့ အရာတစ်ခုလို့ ပြောပါတယ်။

READ
ဆေးဘက်ဝင်ချင်း(ဂျင်း)ရဲ့ အံ့ဖွယ်အကျိုး(၅)မျိုး

#6. အယ်လ်ကိုဟော ရှောင်

Ranveer ကတော့ ဒီလို Body အမိုက်စားအဖြစ် ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းတွေထဲမှာ အယ်လ်ကိုဟောကို ရှောင်လိုက်တာကြောင့်လည်း ပါတယ်လို့ ပြောခဲ့ပါတယ်။ အယ်ကိုဟောက လူတွေရဲ့ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့ အခါမျိုးမှာ လုံးဝရှောင်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

#7 သုံးနာရီတိုင်း တစ်ခုခုစား

အစားကို အချိန်မှန်စားတယ်၊ နောက်တစ်ချက်ကတော့ ထူးခြားပါတယ်။ သုံးနာရီတစ်ခါ တစ်ခုခု စားတယ်လို့ ပြောပါတယ်။ Diet လုပ်တာအောင်မြင်ဖို့ဆိုရင် ဗိုက်ကို အဟာမခံပဲ သုံးနာရီတစ်ခါလောက်တော့ တစ်ခုခုစားပေးရမယ်လို့ ပြောပါတယ်။

#8.  ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတွေစား

Ranveer ရဲ့ diet မှာတော့ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများ စားပြီး၊ အဆီများတဲ့ အစားအစာတွေ၊  အချိုရည်တွေကို ရှောင်တယ်လို့ သိရပါတယ်။ မနက်စာကတော့ ကြက်ဥအကာနဲ့ ငှက်ပျောသီး၊ အဆာပြေမုန့် အနေနဲ့ ကတော့ သစ်သီးခြောက်တွေ၊ နေ့လည်နဲ့ညစာကတော့ ငါး၊ကြက်သားတွေကို စားတယ်လို့ ပြောခဲ့ပါတယ်။

from bollywoodshaadis

SHARE