ဥပဒေက လွတ်နေတဲ့မုဒိမ်းသမားကို ဒေါသထွက်နေတဲ့လူအုပ်ကြီးက အသေရိုက်နှက်ခဲ့

ကိုယ်ဝန်သည်အမျိုးသမီးတွေနဲ့ အသက်(၄)နှစ်အရွယ်ကလေးကို မတရားပြုကျင့်ကြောင်း သံသယရှိရတဲ့ အမျိုးသားတစ်ဦးဟာ အမျက်ထွက်နေတဲ့ လူအုပ်ကြီးက ၀ိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် ဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ခွေးပါးစပ်လို့ နာမည်ပြောင်ပေးထားတဲ့ ယင်းအမျိုးသားဟာ ရွာသားတွေရဲ့ပြောဆိုချက်အရ အနည်းဆုံးအမျိုးသမီး(၄)ဦးခန့်ကို မတရားပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

(Picture: CEN)

ဒေသခံတွေဟာ တာဝန်ရှိသူတွေရဲ့ ဥပဒေကြောင်းအရ စီမံခန့်ခွဲမှုအားနည်းတာကို မကျေနပ်တာကြောင့် မုဒိမ်းကောင်ကိုသူတို့ဘာသာသူတို့ အပြစ်ဒဏ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ယင်းအဖြစ်အပျက်ဟာ ကိုလံဘီယာနိုင်ငံ ဆိုးလ်ဒက်မြို့မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူအမျိုးသားဟာ တောင်ကုန်းတွေအောက်မှာ ပုန်းအောင်းနေပြီး မွေ့ရာခင်းထားတဲ့မြေအောက်ခန်းတစ်ခု ရှိကြောင်းနဲ့ အနားမှာလည်း အမျိုးသမီးအ၀တ်အစားတွေ ပြန့်ကျဲနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

(Picture: CEN)

ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရဲအရာရှိနှစ်ယောက်ရောက်မလာခင်မှာ ယင်းအမျိုးသားကို ကျောက်တုံးတွေ၊ သံတုတ်တွေနဲ့ အသေရိုက်နှက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒေသခံမီဒီယာက ပြောတာတော့ လူအုပ်ကြီးကို တားလို့မရတာကြောင့် နောက်ထပ်ရဲကားတစ်စီးကို ထပ်မံခေါ်ခဲ့ရကြောင်းသိရပါတယ်။ ရဲအရာရှိတွေဟာ နောက်ဆုံးမှာတော့ မုဒိမ်းကောင်ကို နီးစပ်ရာဆေးရုံတစ်ရုံဆီ ခေါ်ဆောင်သွားနိုင်ခဲ့ပေမယ့် ခေါင်းမှာဒဏ်ရာများစွာရရှိခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်။

READ
သမ္မတကိုစော်ကားတဲ့အမှုနဲ့ တရုတ်နိုင်ငံမှာ အပိတ်ခံခဲ့ရတဲ့ လူကြိုက်များသရဲဂိမ်း
(Picture: CEN)

မတရားပြုကျင့်ခံရတဲ့ အမျိုးသမီးတွေရဲ့ ပြန်လည်ပြောဆိုပုံအရ သူတို့တွေဟာ လမ်းလျောက်နေတုန်း ဓားနဲ့ခြိမ်းခြောက်၊ ဆံပင်အဆွဲခံရပြီး ယင်းအမျိုးသားရဲ့ သားရဲတွင်းထဲကို ခေါ်ဆောင်သွားခံရကြောင်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် ထိုအမျိုးသားဟာ ကွန်ဒုံးအသုံးမပြုတဲ့အပြင် ဆေးခြောက်နဲ့ကိုကင်းတွေလည်း သုံးစွဲထားကြောင်း ပြောပြခဲ့ပါတယ်။ ယင်းမုဒိမ်းကောင်ရဲ့ မိသားစုဝင်တစ်ဦးကတော့ သူဟာ တောင်သူလယ်သမားတစ်ဦးအနေနဲ့ မြို့ထဲကိုရောက်လာတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: Metro

SHARE