သမီးဖြစ်သူ အပျိုရည်ပျက်၊မပျက် မွေးနေ့တိုင်းစစ်ဆေးလေ့ရှိတယ်ဆိုတဲ့ ရက်ပ်ပါအဆိုတော်

Instagram- @troubleman31, @princess_of_da_south

ရက်ပ်ပါလည်းဖြစ်၊ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ T.I ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက အင်တာဗျူးတစ်ခုမှာ သမီးတွေနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းချုပ်ထားတယ်ဆိုတာကို ပြောပြသွားခဲ့ပါတယ်။ လူစိတ်ဝင်စားမှုမြင့်တက်စေပြီး ဝေဖန်အခံရဆုံးစကားတစ်ခွန်းထွက်ပေါ်လာခဲ့ပါတယ်။

အဲဒါကတော့ နှစ်တိုင်း သမီးကြီးကို အပျိုရည်ပျက်မပျက်သွားစစ်ခဲ့တယ်ဆိုတဲ့အကြောင်းပါ။

https://www.instagram.com/p/B4H2dZiBhaS/

အနောက်နိုင်ငံတွေမှာက အာရှနိုင်ငံတော်တော်များများမှာမလိုမဟုတ်ဘူးဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ သူတို့ရဲ့အပျိုရည်၊ လူပျိုရည်ပျက်ခြင်းမပျက်ခြင်းဟာ အထူးအဆန်းကိစ္စမဟုတ်တဲ့အပြင် အသက်ကြီးသည်အထိ ဒီလိုမဆက်ဆံဖူးရင်တောင်မှပဲ ကျောင်းတွေမှာ အလှောင်ခံရတာတို့၊ မိတ်ဆွေအသိုင်းဝိုင်းထဲမှာ အဖြစ်မရှိတဲ့လူလို ဝိုင်းကဲ့ရဲ့ကြတာမျိုးတွေတောင် ရှိနေတတ်ပါတယ်။ သူတို့အတွက် ဒီကိစ္စဟာ အရွယ်ရောက်ပြီးသားလူတိုင်း တွေ့ကြံရမယ့် သာမန်ကိစ္စတစ်ခုလိုပဲ နားလည်ထားကြတာပါ။

ဒါပေမဲ့ အခုလို T.I တစ်ယောက် အရွယ်ရောက်ပြီးသားသမီးဖြစ်သူကို နှစ်တိုင်း အပျိုရည်ပျက်မပျက်သွားစစ်တယ်ဆိုတော့ လူတွေအားလုံးဟာ T.I ကို ဝိုင်းဝေဖန်နေကြပါပြီ။ T.I အင်တာဗျုးမှာပြောသွားခဲ့တာကို ပြန်ကောက်ရမယ်ဆိုရင်တော့ သူဟာ သမီးတွေနဲ့ပတ်သက်ပြီး အဲဒီလို လိင်ပိုင်းဆိုင်ကိစ္စတွေကို တင်းကြပ်ထားတဲ့ပုံပေါက်ပါတယ်။

READ
ကြီးမားလှတဲ့လက်ကြောင့် ကလေးချင်းတောင် ရှောင်ကြဉ်ခံနေရတဲ့ သနားစရာ ကောင်လေး
Instagram-@princess_of_da_south
Instagram-@princess_of_da_south

အမြဲတမ်းလိုလို လိင်ပိုင်းဆိုင်ရာပညာပေးစကားတွေ၊ သိသင့်သိထိုက်တာတွေကို ပြောပြဆွေးနွေးလေ့ရှိပြီး သမီးကြီးဆိုရင် ၁၆ နှစ်ပြည့်တဲ့နေ့ကစပြီး အပေါ်ကပြောခဲ့တဲ့စစ်ဆေးမှုကို ပြုလုပ်ခဲ့ပါတယ်တဲ့။ စစချင်း သားအဖမလို့ စကားနဲ့မပြောချင်တဲ့အတွက် သမီးကြီးရဲ့တံခါးဝလေးမှာ စာရွက်လေးကပ်ပေးထားခဲ့ပါတယ်တဲ့လေ။ နောက်တစ်နေ့မနက်မှာတော့ သားဖွားမီးယပ်ဆရာဝန်ဆီသွားပြီး အခြေအနေတွေကို စစ်ဆေးစေခဲ့ပါတော့တယ်။

ဒါကို ဆရာဝန်ကနေပြီး T.I ကို အပျိုမြေးပါးဟာ မြင်းစီးတာ၊ စက်ဘီစီးတာအပါအဝင် တခြားသော ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်လည်း ပေါက်ပြုတာမျိုး ဖြစ်နိုင်ပြီး တချို့ကျတော့လည်း မွေးကတည်းက မပါလာတာတွေ၊ ဒါမှမဟုတ် မတော်တဆထိုးဖောက်မိတာတွေလည်း ဖြစ်နိုင်ကြောင်း၊ လိင်ဆက်ဆံမှ အမျိုးမြှေးပါးပေါက်တာမျိုး မဟုတ်ကြောင်းရှင်းပြခဲ့ပါသေးတယ်တဲ့။ ဒါပေမဲ့လည်း T.I က သူဟာဖခင်ဖြစ်တဲ့အတွက် သိခွင့်ရှိပြီး ပြဿနာရှာဖို့ ဆူဖို့မဟုတ်ဘဲ သမီးဖြစ်သူရဲ့အခြေအနေကို ပွင့်ပွင့်လင်းလင်းသိချင်လို့ စစ်ဆေးခိုင်းတာဖြစ်တယ်လို့ ပြန်ပြောကာ အတင်းစစ်ခိုင်းခဲ့ပါတယ်။

Instagram-@princess_of_da_south

ရလဒ်ကတော့ အခု သမီးကြီး ၁၈ နှစ်ရှိနေတာတောင် အခုအချိန်အထိ အပျိုရည်မပျက်သေးဘဲရှိနေခဲ့ပါတော့တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူတွေတော်တော်များများကတော့ T.I ကို လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးအချိုးဖောက်တယ်ဆိုပြီး ပြင်းပြင်းထန်တန်ဝေဖန်မှုတွေရှိနေခဲ့ပါတော့တယ်။ နောက်ပြီး သမီးပျိုလေးကို ဆရားဝန်ဆီခေါ်သွားပြီး အမျိုးသားတစ်ယောက်ယောက်နဲ့ အိပ်ခဲ့လားလို့ စစ်ဆေးခိုင်းတာဟာ တော်တော်အရှက်ခွဲတဲ့လုပ်ရပ်ပဲလို့လည်း Twitter user တစ်ယောက်က ပြောခဲ့ပါသေးတယ်။

READ
အခင်ဆုံးသူငယ်ချင်းကို နောက်ဆုံးလက်ဆောင်ပေးချင်လို့ ပလတ်စတစ်ကောက်ခဲ့သူလေး
Twitter-@patrishaluxe

Penny

SHARE