မိခင်မွေးနေ့မှာ ဒေါ်လာ(၁) သန်းနဲ့ Bentley တစ်စီးလက်ဆောင်ပေးခဲ့တဲ့ ရက်ပါကြီး Diddy

instagram/diddy instagram/kp.universe

အမေရိကန်ရက်ပါတစ်ဦးဖြစ်တဲ့ Diddy ဟာ မိခင်ဖြစ်သူရဲ့အသက် ၈၀နှစ်ပြည့်မွေးနေ့မှာ ထူးထူးခြားခြားလေးဖြစ်အောင် စီစဉ်ခဲ့ပါတယ်။ တနင်္လာနေ့တုန်းက ကျရောက်တဲ့ မိခင်ကြီး Janice Combs ရဲ့ မွေးနေ့မှာတော့ Hip-hop အဆိုတော် Diddy က ဒေါ်လာ၁သန်းတန် ချက်လက်မှတ်တစ်စောင်၊ ပါတီပွဲနဲ့ အသစ်စက်စက် Bentley ကားသစ်ကြီးတစ်စီးတို့ကို မွေးနေ့လက်ဆောင်ပေးခဲ့တာပါ။

 

View this post on Instagram

 

A post shared by Diddy (@diddy)

Diddy က အခုလို သူတည်ရှိရတဲ့အကြောင်းရင်းဟာ မိခင်ကြောင့်ပါလို့ဆိုရင်း Janice ကိုချီးမွမ်းစကားတွေပြောခဲ့ပါသေးတယ်။ “ကမ္ဘာ့ပေါ်မှာအကောင်းဆုံး ကျွန်တော့်အမေရဲ့ အသက်၈၀ပြည့်မွေးနေ့မှာ အမေပျော်ရွှင်ပါစေ။ အမေ့ကို တစ်သက်လုံးအမြဲတမ်းချစ်တယ်။ အမေ့အသက်က တကယ်၈၀ပါ။ Filter တွေမလုပ်ထားဘူး။ Edit လည်းမပါဘူးနော်။ HAPPY BIRTHDAY #MAMACOMBS” ဆိုပြီး စာရေးသားခဲ့တာပါ။

Diddy ဟာ သူ့ Stories တွေထဲမှာလည်း မိခင်ဖြစ်သူရဲ့အကြောင်းတွေ ရေးသားထားပါသေးတယ်။ “ကြည့်လိုက်ဦး။ ဒီနေ့က ဒီဇင်ဘာ၂၁ ရက်။ ဒီဇင်ဘာ၂၁ရက်မှာ ကျွန်တော့်အမေကိုမွေးတာ။”

READ
ဒေါင်းဝေဒနာရှင်ဖြစ်ပေမယ့် အကခေါင်းဆောင်ဖြစ်ဖို့ လက်မလျော့ခဲ့သူအမျိုးသမီး

“ဒီနေ့ အမေ့အသက်၈၀ ပြည့်တယ်။ အခု ကျွန်တော့်ရဲ့သူရဲကောင်းက ဒီမှာလေ။ ကိုယ့်အမေကို မချစ်တဲ့သူဆိုတာ မရှိပါဘူး။ အမေ့ကို ကျွန်တော့်ဆီပေးလို့ ဘုရားကိုကျေးဇူးတင်တယ်။” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ်။ သားဖြစ်သူ Diddy ဆီက အရမ်းတန်ဖိုးကြီးတဲ့ လက်ဆောင်တွေရတော့ Janice တစ်ယောက် အရမ်းအံ့သြဝမ်းသာသွားတဲ့ အမူအရာကိုလည်း အခုလိုတွေ့ရမှာပါ။

အံ့သြစရာက Diddy ရဲ့အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ Jessie နဲ့ D’Lila တို့ရဲ့မွေးနေ့ဟာလည်း အဘွားဖြစ်သူ Janice ရဲ့မွေးနေ့နဲ့ အတူတူပဲဖြစ်နေတာပါ။ သူတို့ကတော့ ယခု ၁၄နှစ်ပြည့်ပြီဖြစ်ပါတယ်။ အမြွှာလေးနှစ်ယောက်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Diddy ရဲ့ပါတနာ Kim Porter နဲ့ရတဲ့ကလေးတွေဖြစ်ပါတယ်။ ပို့စ်တစ်ခုမှာတော့ သူဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးအမျိုးသားတစ်ဦးဖြစ်တဲ့အကြောင်းနဲ့ သမီးလေးနှစ်ယောက်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့ Diddy ကိုလည်း အခုလိုတွေ့ရဦးမှာ ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Diddy (@diddy)

ShweMom

SHARE