တိမ်မြုပ်ပျောက်ကွယ်တော့မယ့် တကယ့်ရှားပါး သတ္တဝါများ

တိရစ္ဆာန်တွေ မျိုးသုဉ်းပျောက်ကွယ်ခြင်းရဲ့ အဓိကလက်သည် တရားခံမှာ လူသားတွေပင် ဖြစ်ပါတယ်။ တိရစ္ဆာန်များ မျိုးသုဉ်းခြင်းကို ဖြစ်စေတဲ့ အချက်တွေကတော့ နံပတ် (၁) အမဲလိုက်သတ်ဖြတ်ခံရခြင်း၊ (၂) တောတောင်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ (၃) လူတို့ရဲ့စွန့်ပစ်ပစ္စည်းနဲ့ ဖျက်ဆီးမှုများကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ပျက်ဆီးခြင်း၊ (၄) မျိုးတုံးပျောက်ကွယ်လုဆဲ သတ္တဝါများကို ကယ်ဆယ်မှု မထိရောက်ခြင်း၊ (၅) ယင်းသတ္တဝါများ မျိုးစိတ်ပျံ့ပွားမှု မရှိခြင်း စတဲ့အချက်တွေ ဖြစ်ပါတယ်။ အခုဖော်ပြမယ့် သတ္တဝါတွေကတော့ မျိုးသုဉ်းပျောက်ကွယ်လုနီးနီး သတ္တဝါတွေထဲက တစ်ချို့အကြောင်း ဖြစ်ပါတယ်။

(၁) အမွာကျားသစ်

WWF

ရုရှနိုင်ငံ အမွာမြစ်ရိုးတစ်လျှောက်မှာ ကျင်လည်ကျက်စားတဲ့ ကျားသစ်မျိုးစိပ်ကို အမွာကျားသစ်လို့ ခေါ်ပါတယ်။ အမွာမြစ်ဟာ ကမ္ဘာ့ဒသမအရှည်ဆုံး မြစ်ကြီးဖြစ်ပြီး၊ Heilong Jiang မြစ်လို့လည်း ခေါ်ကြပါတယ်။ အမွာကျားသစ်ဟာ ကျားသစ်မျိုးထဲမှာတော့ ပြေးအားသိပ်မကောင်းတဲ့ ကျားသစ်ဖြစ်ပြီး၊ တစ်နာရီကို (၃၇)မိုင်နှုန်းသာ ပြေးနိုင်ပါတယ်။ အလေးချိန်အားဖြင့် ပေါင်(၁၂၀)ဖြစ်ပြီး၊ အခုအချိန်မှာ အကောင်(၆၀)လောက်သာ ကျန်ရှိပါတော့တယ်။

(၂) ခြေထောက်အနက် ဖာရက်မြွေပါ

Defenders of Wildlife

Polecat မျိုးရင်းဝင် ခြေထောက်အနက်ရောင် ဖာရက်မြွေပါမျိုးစိပ်ကလည်း ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေပါပြီ။ သူတို့ကို Weasel လို့လည်း ဖော်ပြကြပြီး၊ မြွေပါတွေကဲ့သို့ အသားစားသတ္တဝါဖြစ်ပါတယ်။ အမေရိကတိုက်မြောက်ပိုင်းက တောနက်တွေထဲမှာ ကြင်လည်ကျက်စားကြပါတယ်။ သူတို့ရဲ့ခြေထောက်တွေဟာ အနက်ရောင်အမွေးတွေနဲ့ ဖုံးအုပ်ထားပြီး၊ ဖွတ်ငယ်လေးတွေနဲ့ ကြွက်အစရှိတဲ့ သတ္တဝါတွေကို ဖမ်းဆီးစားသောက်ကြပါတယ်။

READ
ရာသီဥတုပြောင်းလဲမှုတွေက ကမ္ဘာကြီးကို ဖျက်ဆီးနေပြီဆိုတာ ပြနေတဲ့ ဓာတ်ပုံများ

(၃) ဒါဝင်မြေခွေး

Pinterest

ကမ္ဘာကျော် သဘာဝဗေဒပညာရှင်ကြီး ချားလ်စ်ဒါဝင်ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဒါဝင်မြေခွေးကလည်း ရှားပါးသတ္တဝါတွေထဲမှာ ပါဝင်ပါတယ်။ ဒီမြေခွေးမျိုးစိပ်ကို (၁၈၃၄)ခုနှစ်မှာ ဒါဝင်ကိုယ်တိုင်က ချီလီနိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး၊ အမွေးတွေက အနက်ရောင် အညိုရောင်ကျဲကျဲဖြစ်ပြီး ခြေထောက်တွေက သာမန်မြေခွေးမျိုးစိပ်ထက် အနည်းငယ်တိုပါတယ်။ မနက်အာရုံတက်နဲ့ ညနေစောင်းတွေမှာသာ အပြင်ထွက် အစာရှာလေ့ရှိပါတယ်။ ဒါပေမယ့် အခုအခါမှာ အကောင်မျိုးစိတ် သိသိသာသာ ရော့ကျနေလို့ ကာကွယ်ရမယ့် မျိုးစိပ်စာရင်းကို ထည့်သွင်းထားပါတယ်။

(၄) ဆူမားတြားကြံ့

WWF

တစ်ခုတည်းသော ရှားပါး ချိုနှစ်ချောင်းပါ အာရှကြံ့မျိုးစိပ်ဖြစ်ပါတယ်။ ဆူးမားတြားအဝန်းအဝိုင်းအတွင်းမှာသာ ကြင်လည်ကျက်စားတာဖြစ်လို့ ဆူမားတြားကြံ့လို့ ခေါ်ကြပါတယ်။ မလေးရှား၊ အင်ဒို၊ မြန်မာနိုင်ငံရဲ့ တောနက်တွေထဲမှာ ယခင်က ပေါပေါများများ ရှိပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်စုအတွင်းမှာ မဆင်မခြင်အမဲလိုက်မှုတွေကြောင့် အကောင်ရေမှာ ရှားပါးပျောက်ကွယ်နေပြီ ဖြစ်ပါတယ်။

READ
ငွေတွေ ပုံအောသုံးခဲ့ပေမယ့် ထင်သလောက် အသုံးမ၀င်ခဲ့တဲ့ အဆောက်အဦးများ

(၅) လည်ရစ်ဖြူလင်းတ

IUCN

အကောင်အပုပ်ကိုသာ အဓိက စားသောက်လေ့ရှိတဲ့ လည်ရစ်ဖြူလင်းတကလည်း အလွန်ရှားပါးတဲ့ သတ္တဝါစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ (၁၉၈၀)ခုနှစ်က ကောက်ယူခဲ့တဲ့ အကောင်အရေအတွက်အနက် လက်ရှိအချိန်မှာ (၉၉)%အထိ ပျောက်ကွယ်သွားခဲ့ပြီလို့ သိရပါတယ်။

(၆) သင်းခွေချပ်

WorldPress

တရုတ်ရိုးရာဆေးတွေဖော်စပ်ရာမှာ အလွန်အသုံးဝင်တယ်ဆိုတဲ့ သင်းခွေချပ်သတ္တဝါကတော့ အမဲလိုက်မုဆိုးတွေရဲ့ လက်ချက်နဲ့ ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။ အပေါ်မှာပါတဲ့ အကြေးခွံဟာ အာဖရိက လိင်စိတ်ကြွဆေးဖော်စပ်ရာမှာလည်း အလွန်အသုံးတည့်ကြောင်း သိရပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အရေးပေါ်ကာကွယ်ရန်လိုအပ်တဲ့ သတ္တဝါစာရင်းမှာ ထည့်သွင်းထားပါတယ်။

(၇) အနက်ရောင်ပင့်ကူမျောက်

PBS

ပင့်ကူမျောက်လို့ ခေါ်ရခြင်းကတော့ အနက်ရောင်ပင့်ကူများကဲ့သို့ ခြေကားယားလက်ကားယားနဲ့ သစ်ပင်တွေပေါ်မှာ တွဲလောင်းခိုသွားလာတက်လို့ ဖြစ်ပါတယ်။ တောင်အမေရိကနဲ့ အမေဇုံသစ်တောကြီးတွေထဲမှာ ကြင်လည်ကျက်စားကြပါတယ်။ လှုပ်ရှားမှုအနည်းငယ်နှေးကွေးတဲ့အတွက် တစ်ခြားသတ္တဝါတွေထက် ဖမ်းဆီးပစ်ခတ်ရတာ လွယ်ကူပါတယ်။ ပြီးခဲ့တဲ့ (၄၅)နှစ်အတွင်းက ကောက်ယူခဲ့တဲ့ အကောင်ရေစာရင်းမှ (၄၅)%အထိ လျော့ကျသွားပြီ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : iflscience.com

SHARE