ဒုတိယ ကမ္ဘာစစ်အတွင်းက ရိုက်ကူးခဲ့တဲ့ ရှားပါးရောင်စုံ ဓာတ်ပုံများ

၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့အထိ ၆နှစ် ၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ ပထမ ကမ္ဘာ့စစ်ကြီးမှာ ရိုက်ကူးခဲ့ကြတဲ့ ဓာတ်ပုံအများစုကို အဲ့ခေတ်တုန်းက ရှားပါးမှုနဲ့ ကုန်ကြစရိတ်ကြောင့် အဖြူအမည်းအရောင်နဲ့ပဲ ရိုက်ကူးခဲ့ကြပါတယ်။

ရောင်စုံ ကာလာနဲ့ ရိုက်ကူးခဲ့ကြတဲ့ ရှားပါး ဓာတ်ပုံ အနည်းအကျဉ်းလည်းရှိခဲ့ပြီး ထိုဓာတ်ပုံများကို  အင်္ဂလန်နိုင်ငံမှာတည်ရှိတဲ့  ဗြိတိသျှစစ်သမိုင်းပြတိုက်(Imperial War Museums (IWM) )မှ ရောင်စုံအရောင်များနဲ့ ဒုတိယ ကမ္ဘာစစ်အကြောင်းဆိုတဲ့ စာအုပ်ကို နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး ပုံနှိပ်ခဲ့ပါတယ်။ထိုစာအုပ်မှ ဒုတိယ ကမ္ဘာစစ်ရောင်စုံ ရှားပါး ဓာတ်ပုံများကို Shwemom ပရိတ်သတ်ကြီးအတွက်ဖော်ပြလိုက်ပါတယ်။

၁၉၄၂ ခုနှစ် ၃.၇ လက်မ လေယာဉ်ပစ် အမြောက် ဘေးနားတွင် အင်္ဂလန်လေကြောင်းတပ်ဖွဲ့မှ လေကြောင်းကင်းထောက်သမ တစ်ဦးဝေဟင်ကို စစ်ဆေးနေစဉ်(ဓာတ်ပုံ – courtesy IWM)

အမှတ် ၆ တပ်မတော်မှ ခြေလျင်တပ်သားများ Crusader တင့်ကားပြောင်းကို တူနီးရှားနိုင်ငံတွင် သန့်ရှင်းရေးလုပ်နေစဉ် ၁၉၄၃ (ဓာတ်ပုံ – courtesy IWM)

အင်္ဂလန်နိုင်ငံ ဘက်ကင်ဟမ်ရှိုင်းယား ပြည်နယ် Princess Mary’s Royal Air Force ဆေးရုံမှ သူနာပြုများနဲ့ နာလန်ထစလေတပ်သားများ ၁၉၄၃ (ဓာတ်ပုံ – courtesy IWM)

READ
ဓာတ်ပုံတွေကပြောတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်များ

မန်ချက်စတာမြို့အနီးမှ Lancaster ဗုံးကြဲလေယာဉ်များ တပ်ဆင်ရေး စက်ရုံ ၁၉၄၃ (ဓာတ်ပုံ – courtesy IWM)

အီတလီနိုင်ငံရှိ အမှတ် ၇၅ အမြောက် တပ်ရင်းမှ တပ်သားများအား ၅.၅ လက်မ အမြောက်အနီးတွင် တွေ့ရပုံ ၁၉၄၃  (ဓာတ်ပုံ – courtesy IWM)

ဗိုလ်ချုပ် ဒွိုက် ဒီ အိုက်ဆင်ဟောင်ဝါ (Dwight D Eisenhower) နှင့် အခြားသော အဆင့်မြင့်အရာရှိကြီးများကို လန်ဒန်မြို့ရှိ မဟာမိတ် ဌာနာချုပ်တွင်တွေ့ရပုံ ၁၉၄၃  (ဓာတ်ပုံ – courtesy IWM)

အင်္ဂလန်နိုင်ငံ တွင် ခြေလျင်တပ်မှ တပ်သားတစ်ဦး စစ်ရေးလေ့ကျင့်ခန်း လုပ်နေစဉ် ၁၉၄၄  (ဓာတ်ပုံ – courtesy IWM)

ဗြိတိန် လေထီးခုန်တပ်သားများ RFA ဒါကိုတာလေယာဉ်မှ တဆင့် ၀ီရှီးယား ပြည်နယ် တွင် လေ့ကျင်ရန် စောင့်ဆိုင်းနေကြစဉ် ၂၂ ဧပြီ ၁၉၄၄  (ဓာတ်ပုံ – courtesy IWM)

လန်ဒန်တွင် လေကြောင်းတိုက်ခိုက်မှု ကြီးကြပ်ကွပ်ကဲသူ မှ အပျက်အစီးများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ – courtesy IWM)

READ
စင်ကာပူနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ငွေသားမဲ့ အော်တိုမက်တစ် စူပါမားကတ်

RFA မှ ထိပ်တန်းလေသူရဲတစ်ယောက်ဖြစ်သူ ဂျိမ်းဂျွန်နီ ဂျွန်ဆင်ကို နော်မန်ဒီတွင် တွေ့ရပုံ ၁၉၄၄ ဇူလိုင် (ဓာတ်ပုံ – courtesy IWM)

မဟာမိတ်တပ်များကြောင့် အင်ဟိုဗင်မြို့ လွတ်မြောက်သွားတဲ့အတွက် ဒတ်ခ်ျ ပြည်သူများပျော်ရွှင်နေကြစဉ်၁၉၄၄ (ဓာတ်ပုံ – courtesy IWM)

ဖီးလ်မာရှယ် ဆာမောင်ဂိုမေရီ (Sir Bernard Montgomery)မှ ဘုရင် George VI ကို မဟာမိတ်တပ်ဖွဲ့များရဲ့ နည်းဗျုဟာကို ဟော်လန်တွင် ရှင်းပြနေစဉ် ၁၉၄၄ အောက်တိုဘာ (ဓာတ်ပုံ – courtesy IWM)

အေသင် အခရိုပိုလစ် ကျောင်းဆောင်မှ လက်ရာများကို ငေးမောလေးစားနေကြတဲ့ ဗြိတိန် တပ်သားများ ၁၉၄၄ အောက်တိုဘာ (ဓာတ်ပုံ – courtesy IWM)

အမျိုးသမီး အရန် လေတပ်ဖွဲ့မှ စစ်သမီးများ ဗြိတိန် တပ်ဖွဲ့များအတွက် လေထီးများကို ချုပ်လုပ်ပေးနေကြစဉ် ၁၉၄၄ မေ (ဓာတ်ပုံ – courtesy IWM)

Arkar Hein (Shwemom)

Ref : Peta Pixel / IWN

SHARE