နာမည်ကျော် ကပ္ပလီမင်းသား(၄)ယောက် အတူတွေ့ရမယ့် တကယ့်ရှားပါးဓာတ်ပုံ

Instagram/WillSmith

အကယ်၍ သင်ဟာ စတူဒီယိုတစ်ခုထဲကို ရောက်နေတယ်ဆိုပါစို့။ အနည်းဆုံး အနုပညာရှင်တစ်ယောက်ကို အဲဒီစတူဒီယိုထဲမှာ သင်တွေ့ကောင်းတွေ့နိုင်ပါတယ်။ ဒါပေမယ့် အတ္တလန်တာမြို့၊ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ တေလာပယ်ရီစတူဒီယိုမှာ တကယ့်ကို ရှားဖြစ်မြင်ကွင်းတယ်ခုကို အောက်တိုဘာလ၂၉ရက်နေ့က မြင်တွေခဲ့ရပါတယ်။ အဲဒါကတော့Will Smith, Eddie Murphy, Martin Lawerenceနဲ့ Wesley Snipesတို့ဟာ မတူညီတဲ့ ရုပ်ရှင်နှစ်ခုကို ရိုက်ကူးနေရင်းတုန်း မမျှော်လင့်ပဲ တွေ့ကြပြီး အချင်းချင်းဝမ်းသာအားရနှုတ်ဆက်ခဲ့ကြပါတယ်။ ဒီပုံကိုသေချာကြည့်ကြည့်ပါ။ ဒီဘဲကြီးတွေက ဆရာကြီးမဟုတ်ပါဘူးကွာတော့ မပြောလိုက်ပါနဲ့။

 

 

View this post on Instagram

 

Nothing to see here… 😂 ⁣ ⁣ 📷 @cristopherschafer

A post shared by Will Smith (@willsmith) on

Will Smithနဲ့ Martin Lawrenceတို့နှစ်ဦးကို အခုချိန်မှာ “Bad Boys For Life”ဇာတ်ကားနဲ့ တကျော့ပြန်လာတော့မှာကို မကြာခင် ပိတ်ကားထက်မှာ ရှု့စားရမှာပါ။ နောက်ဆုံးထွက်ခဲ့တဲ့ “Bad Boys2″ဟာ ၂၀၀၃ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး ကြားထဲမှာ (၁၇)နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

Imdb/BadBoys3

အခုဒီဇာတ်ကားမှာ လူငယ်ပုံတွေကိုတွေ့မြင်ရတော့မှာမဟုတ်ဘဲ Burnettနဲ့ Lowreyဆိုပြီး အသက်ကြီးပိုင်းစုံထောက်တွေအဖြစ် ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ ပရိုဂျူဆာတွေကတော့ Vanessa Hudgens, Alexander Ludwig and Charles Melton, Jacob Scipio, Paola Nuñez နဲ့ DJ Khaledတို့ပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ယူအက်စ်ရှိရုပ်ရှင်ရုံများမှာ ၂၀၂၀ဇန်နဝါရီ ၁၇ရက်နေ့မှာရုံတင်ပြသမှာဖြစ်ပြီး ယူကေမှာတော့ ၂၀၂၀ဇန်နဝါရီ ၂၄ရက်နေ့နောက်ပိုင်းပြသမှာဖြစ်ပါတယ်။

နောက်ထပ်ဆရာကြီးနှစ်ဦးဖြစ်တဲ့ Eddie Murphy နဲ့ Wesley Snipes တို့ကိုလည်း “Coming to America2″မှာ ပြန်လည်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Craig Brewerက ရိုက်ငယကူးနေပြီးတော့ ၂၀၂၀ဩဂုတ်လ ၇ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက Murphyဟာ မကြာခင်မှာ “Coming To America2″နဲ့ ပရိသတ်တွေဆီပြနလာပါ့မယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါသေးတယ်။

Imdb/Coming To America

ကဲ….၂၀၂၀ ကတော့ တကယ့်ဆရာကြီးတွေရဲ့ဇာတ်ကားတွေ စုစည်းရာနှစ်လို့ပဲတင်စားရမလားမသိဘူး။အဲဒီနှစ်ကားလုံးကို ရုံတင်တာနဲ့သေသေချာချာသွားကြည့်။ခင်ဗျားတို့လုံးဝနောင်တမရစေရဘူးလို့ ရဲရဲကြီးအာမခံပါတယ်။

 

READ
ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဓာတ်ပုံတွေ ရိုက်ခဲ့တဲ့ တိုင်ရွန်

Pyi Hein Kyaw

SHARE