၉/ ၁၁ အကြမ်းဖက်မှုအတွင်း အကြပ်ရိုက်နေကြတဲ့ ကန်သမ္မတအဖွဲ့ရဲ့ ရှားပါးဓာတ်ပုံများ

လွန်ခဲ့တဲ့ (၁၇) နှစ်တုန်းက ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ နှလုံးမသာမယာနဲ့ ခေါင်းစားနေခဲ့ကြတဲ့ သမ္မတအဖွဲ့ရဲ့  အိမ်ဖြူတော်တွင်း သမိုင်းဝင်ဓာတ်ပုံတွေဟာ အခုထွက်ရှိလာပါပြီ။ သမ္မတ George W Bush နဲ့ ဒုသမ္မတ Dick Cheney ၊ နိုင်ငံခြားရေးဝန်ကြီး Colin Powell နဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး Condoleezza Rice တို့ဟာ အိမ်ဖြူတော်ထဲမှာ ခေါင်းချင်းဆိုင်ပြီး တိုင်ပင်နေကြတာပါ။ သမိုင်းမှာ အမေရိကန်မြေအတွင်း လူပေါင်း(၃,၀၀၀) နီးပါးသေစေခဲ့တဲ့အပြင် ဆုံးရှုံးမှုပမာဏများစွာ ရှိခဲ့တဲ့ အကြမ်းဖက်မှုကြီးတစ်ခုလဲဖြစ်ပါတယ်။

US National Archives/ Flickr
US National Archives/ Flickr

သမ္မတရဲ့ အရေးပေါ်ဌာနဖြစ်တဲ့ President’s Emergency Operations Center (PEOC) မှာ ထိပ်တန်းကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ် နိုင်ငံရေးအခြေအနေတွေ တင်းမာနေပုံရတာကို Bush ရဲ့ မျက်နှာမှာတွေ့နိုင်ပါတယ်။ PEOC ဟာ အိမ်ဖြူတော်ရဲ့ အရှေ့တောင်ပံခြမ်းမှာရှိပြီး မြေအောက်မှာ တည်ဆောက်ထားတာကြောင့် အခြား အကြမ်းဖက်တိုက်ခိုက်မှုနဲ့  နျူလက်နက်အန္တရာယ်ကို ကာကွယ်နိုင်တဲ့နေရာဖြစ်ပါတယ်။

READ
နက်ရှိုင်းလွန်းတဲ့ အဓိပ္ပါယ်တွေ ပြည့်နေတဲ့ သမိုင်း မှတ်တမ်းဓါတ်ပုံများ
US National Archives/ Flickr
US National Archives/ Flickr

သမ္မတကတော် Laura Bush ၊ Cheney ရဲ့ ဇနီး Lynne Cheney နဲ့ အခြားအစိုးရအရာရှိကြီးတွေကိုလည်း တွေ့ရမှာပါ။ CIA ဒါရိုက်တာ George Tenet ၊ Dick Cheney ရဲ့ ရှေ့နေ David Addington နဲ့ ၀န်ထမ်းရေးရာ ဥက္ကဌ Andrew Card တို့ကိုပါ ဓာတ်ပုံတွေထဲမှာ တွေ့ရမှာဖြစ်ပါတယ်။

US National Archives/ Flickr
US National Archives/ Flickr

ယင်းဓာတ်ပုံတွေကိုတော့ ဒုသမ္မတရဲ့ ဓာတ်ပုံဆရာတစ်ဦးက ရိုက်ကူးခဲ့ပါတယ်။ World Trade Center ကို လေယာဉ်တွေဝင်တိုက်တုန်းက အိမ်ဖြူတော်မှာ ဒုသမ္မတ Cheney ကတာဝန်ယူနေရတဲ့ အချိန်ဖြစ်ပြီး ထိုအချိန်မှာ Bush ဟာ ဖလော်ရီဒါ ဆာရာဆိုတာမှာရှိတဲ့ ကျောင်းတစ်ကျောင်းကို ရောက်နေပါတယ်။ တွေ့ရတဲ့ဓာတ်ပုံတွေအများစုဟာ အိမ်ဖြူတော်အတွင်းက လုံခြုံစိတ်ချရတဲ့ မြေအောက်ခန်းထဲမှာ ရိုက်ကူးထားတာဖြစ်ပြီး အချိန်အတော်ကြာ သိမ်းဆည်းထားခဲ့တာပါ။ မှတ်တမ်းရေးရာထိန်းသိမ်းသူ Colette Neirouz Hanna က သတင်းလွတ်လပ်ခွင့်နဲ့ တောင်းဆိုတော့မှ အခုလို ဓာတ်ပုံတွေကို ပြန်လည်ထုတ်ပြခဲ့တာဖြစ်ပါတယ်။

READ
လောဘစိတ်ကြောင့် သမိုင်းမလှခဲ့တဲ့ အာရှတစ်လွှားက ခေါင်းဆောင်များ
George W. Bush Presidential Library
George W. Bush Presidential Library
George W. Bush Presidential Library
George W. Bush Presidential Library
George W. Bush Presidential Library
George W. Bush Presidential Library
George W. Bush Presidential Library
George W. Bush Presidential Library
George W. Bush Presidential Library
George W. Bush Presidential Library
George W. Bush Presidential Library

လင်းလင်း (ShweMom)

Ref: unilad

SHARE