ကျားမကြီးမှ အရောင်မတူညီတဲ့ ရှားပါးကျားပေါက်ကလေး သုံးကောင်ကို မွေးဖွားခဲ့

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းစီရင်စု၊ ဂျီနန်မြို့ Jinan Zoo ထဲမှာ ကျားမကြီးတစ်ကောင်က အရောင်ကွဲပြားခြားနားတဲ့ ကြားပေါက်ကလေး 3 ကောင်ကို မွေးဖွားခဲ့ပါတယ်။ အဆိုပါ ကျးပေါက်ကလေး သုံးကောင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ (5-9-2017)မှာ အသက်အားဖြင့် ရက်ပေါင်းတစ်ရာ ပြည့်မြောက်ခဲ့ပြီလို့ CGTN မှာ ဖော်ပြထားပါတယ်။

ကျားမကြီးရဲ့အမည်ကို တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက Cong Cong လို့ အမည်ပေးထားပြီး၊ အသက်ကတော့ 6 နှစ်သာ ရှိပါသေးတယ်။ Cong Cong ဟာ ဘန်းဂယ်လ်ကျား မျိုးစိတ်ဖြစ်ပြီး၊ သူမ မွေးဖွားခဲ့တဲ့ ကျားပေါက်ကလေးတွေဟာ လိင်အားဖြင့် အထီးတစ်ကောင်၊ အမနှစ်ကောင် ဖြစ်ပါတယ်။

news.cn

ပြီးခဲ့တဲ့ မေလ 25 ရက်နေ့က ကျားပေါက်ကလေး သုံးကောင်ကို မွေးဖွားခဲ့တာပါ။ ကျားပေါက်ကလေးသုံးကောင်ရဲ့ မိဘနှစ်ပါးစလုံးဟာ ဘန်ဂယ်လ်ကျားမျိုးရင်းတွေ ဖြစ်ကြပြီး၊ ယခုလို အရောင်ကွဲ ကျားပေါက်ကလေးတွေ မွေးဖွားလာခြင်းကတော့ တော်တ်ာလေးကို ရှားပါးတဲ့ဖြစ်ရပ်တစ်ခုလို့ ဆိုပါတယ်။

READ
မျောက်တွေနဲ့ ထူးထူးခြားရင်းနှီးကျွမ်းဝင်နေတဲ့ (၂)နှစ်အရွယ် ကောင်လေး
news.cn

Cong နဲ့ သူမရဲ့ ခင်ပွန်းသည်ကျားကြီးတို့ကတော့ လိမ္မော်ရင့်ရောင် အနက်စင်းကျားနဲ့ ဘန်ဂယ်ကျားတွေ ဖြစ်ကြပေမယ့်လည်း မွေးဖွားလာခဲ့တဲ့ ကျားပေါက်ကလေးတွေကတော့ တစ်ကောင်သာလျှင် ဘန်ဂယ်လ်ကျားပုံစံဖြစ်ပြီး၊ ကျန်တဲ့ နှစ်ကောင်က မတူညီတဲ့ အရောင်အသွေးနဲ့ ဆားဘီးယန်းကျားတွေနဲ့ သွားပြီး ဆင်တူနေတာဟာ ထူးခြားချက် ဖြစ်ပါတယ်။

ဘန်ဂယ်လ်ကျားမျိုးစိတ်ဟာ အလွန်ရှားပါးသွားပြီဖြစ်တဲ့ ကျားမျိုးစိတ်ဖြစ်ပါတယ်။ ကျားမျိုးစိတ် အားလုံးထဲမှာ အကောင်အကြီးဆုံးအဖြစ် မှတ်တမ်းတင်ထားပြီး၊ 2011 နောက်ဆုံးကောက်ယူခဲ့တဲ့ စစ်တမ်းအရ အကောင်ရေ 2500 ခန့်သာ ရှိတော့တယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE