ကမ္ဘာ့အမိုက်ဆုံး ကွန်ပျူတာ Showroom လို့ တင်စားခံနေရတဲ့ Raspberry Pi Showroom

Computer science အတွက် အထောက်အကူပြု single board computer တွေကို ထုတ်လုပ်ပေးနေတဲ့ Raspberry Pi ကုမ္ပဏီကတော့ ပရောဂျက်အသစ်စက်စက်တစ်ခုကို စတင်လိုက်ပါပြီ။ Showroom ဖွင့်လှစ်လိုက်တာပါ။ Showroom ကိုတော့ ယူကေမှာ ဖွင့်လှစ်လိုက်တာဖြစ်ပြီး Raspberry Pi တွေကို တစ်စုတစ်စည်း စိတ်ကြိုက်စမ်းသပ်ဝယ်ယူနိုင်တဲ့ နေရာတစ်နေရာ ဖြစ်လာပါတယ်။

ယခင်တုန်းကတော့ Raspberry Pi ရဲ့ ဆားကစ်ဘုတ်တွေကို ဝယ်ချင်တယ်ဆိုရင် Amazon သို့မဟုတ် အရောင်းကိုယ်စားလှယ်တွေဆီက မှာယူခဲ့ကြရတာပါ။ ယခု showroom ကတော့ ပထမဆုံး ဖြစ်ပါတယ်။ စတိုးကို ကြော်ငြာထားတဲ့ ဗီဒီယိုထဲမှာဆိုရင်တော့ ဆိုင်ကနေ Raspberry Pi ရဲ့ device တွေအပါအဝင် အခြား accessory ပစ္စည်းများစွာကိုပါ ခင်းကျင်းပြသထားတာ တွေ့ရပါတယ်။

the verge

Raspberry Pi ဆားကစ်ဘုတ်တွေကို ဒီတိုင်းပြထားတာသာမက ဝယ်ယူသူများ စမ်းသပ်အသုံးပြုနိုင်စေဖို့ ကွန်ပြူတာတွေကိုပါ set up လုပ်ပြီး ထားရှိပေးထားပါတယ်။ Raspberry Pi ရဲ့ စတိုးအသစ်ကတော့ ဆိုင်ရှေ့ဖြတ်သွားသူတိုင်းကို စိတ်ဝင်စားစေလောက်တဲ့ ပြင်ဆင်မှုများနဲ့ ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ Raspberry Pi ကတော့ အနာဂတ်မှာ ဈေးကွက်ချဲ့ထွင်လာတော့မှာ ဖြစ်တဲ့အတွက် အခုလို ဗျူဟာသစ်ကို သုံးနေတာဖြစ်ကြောင်းလည်း IT ဈေးကွက်ပညာရှင်များက သုံးသပ်ထားကြပါတယ်။

READ
ဖုန်းနဲ့ Electronic ပစ္စည်းများကို အတု၊အစစ် ခွဲခြားနိုင်တဲ့ နည်းလမ်း(၆)မျိုး

Ref: The Verge, Tech Crunch

SHARE