ကြွက်တွေဟာ တူတူပုန်းတမ်းကစားနည်းကိုနားလည်ကြောင်း တွေ့ရှိ

Kseniia Vladimirovna/Shutterstock

တူတူပုန်းတမ်းကစားနည်းဟာ ကမ္ဘာပေါ်မှာ လူအများသိတဲ့ကစားနည်းတစ်ခုဖြစ်ပါတယ်။

ခိုးကြောင်ခိုးဝှက်လုပ်စရာကိစ္စရှိရင်လည်း ဒီကစားနည်းကိုကစားဖို့ကြိုးစားကြတာတွေကိုလည်းတွေ့ရပါတယ်။

မိဘနေရာကို ပထမဆုံးရောက်လာကြတဲ့သူတွေဟာ သူတို့သားသမီးပျော်ရွှင်ဖို့အတွက် စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ တူတူပုန်းတမ်းကစားနည်းကိုကစားပေးကြပါတယ်။ ဒီကစားနည်းဟာ တကယ့်ကိုပျော်ရွှင်ရတဲ့ကစားနည်းဖြစ်တဲ့ အပြင် ခန္ဓာကိုယ်နဲ့စိတ်ရဲ့ ဖွံ့ဖြိုးမှုကို များစွာထောက်ပံ့မှုတွေပေးတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

တူတူပုန်တမ်းကစားနည်းဟာ ဘာသာစကား၊အသက်အရွယ်၊မျိုးစိပ်ပေါင်းများစွာရဲ့အတားအဆီးတွေကိုကျော်လွန်ပြီး ကမ္ဘာတစ်ဝန်းမှာ ဆော့ကစားတဲ့ ကစားနည်းတစ်မျိုးပဲဖြစ်ပါတယ်။

Kseniia Vladimirovna/Shutterstock

ဒီတူတူပုန်းတမ်းကစားနည်း ဘယ်လိုကစားရလဲဆိုတာကို ကြွက်တွေကကောင်းကောင်းနားလည်တယ်ဆိုတဲ့အကြောင်း ကြွက်တွေနဲ့ သူတို့ကိုမွေးထားတဲ့ပိုင်ရှင်တွေကစားနေတာကိုရိုက်ထားတဲ့ဗီဒီယိုတစ်ချို့ကိုအမှတ်မထင်တွေ့ရှိခဲ့တဲ့ ဘာလင်မြို့ရှိ Humbold တက္ကသိုလ်မှ အာရုံကြောဆိုင်ရာသိပ္ပံပညာရှင် Michael Brecht က ပြောပါတယ်။

လူတော်တော်များများဟာ သူတို့ချစ်တဲ့တိရစ္ဆာန်လေးတွေနဲ့ တူတူပုန်းတမ်းကစားနည်းအပါအ၀င် အခြားကစားနည်းအတော်များများကို ကစားကြပါတယ်။

ကြွက်တွေဟာ ဆူဆူပူပူကစားရတဲ့ကစားနည်းတွေကို သဘောကျတတ်ကြတယ်လို့ သုတေသန ပညာရှင်တွေက ကောက်ချက်ချကြပါတယ်။ ဒါပေမယ့် တူတူပုန်းတမ်းကစားနည်းကတော့ ရှုပ်ထွေးတဲ့ဂိမ်းတစ်ခုဖြစ်ပြီး ဒီကစားနည်းမှာ တိကျတဲ့စည်းမျဉ်း၊ စည်းကမ်းတွေရှိပါတယ်။

Kseniia Vladimirovna/Shutterstock

လက်တွေ့စမ်းသပ်မှုတစ်ခုလုပ်ဖို့အတွက် Brecht ဟာ little shelters သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီနဲ့ လူသူကင်းရှင်းတဲ့ အမိုးအကာပါတဲ့ စတုရန်းမီတာ(၃၀) အကျယ်ရှိတဲ့ ကစားကွင်းထဲမှာ အလုံပိတ်ထားတဲ့သေတ္တာတွေကိုသယ်ပြီးဝင်လာခဲ့ပါ တယ်။ပြီးတဲ့နောက်မှာတော့ ကြွက်တွေပုန်းအောင်ဖို့အတွက် နေရာတွေကို ပြုလုပ်ပေးခဲ့ပါတယ်။

စမ်းသပ်မှုတွေအတွက် ကြွက်တွေကို လက်တစ်ဆုတ်စာ ပုန်းအောင်းလို့ရမယ့်နေရာတွေပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ တူတူပုန်းတမ်းကစားနည်းကိုသင်ပြပေးသူ Annika Stefanie Reinhold ကပြောပါတယ်။

လက်တွေ့စမ်းသပ်ဖို့အတွက် ကြွက်(၆)ကောင်ကို ရွေးချယ်ပြီး အဖုံးပါတဲ့သေတ္တာတစ်လုံးထဲက ကြွက်တစ်ကောင်ကို အပြင်ထွက်စေပြီး ဂိမ်းကိုစတင်ခဲ့ကြပါတယ်။ Reinhold က ပုန်းနေပြီး ကြွက်ရှိတဲ့သေတ္တာကို ရီမုဒ်နဲ့ဖွင့်ပေးလိုက်တဲ့ အချိန်မှာ ကြွက်ဟာ လှောင်အိမ်ထဲကနေခုန်ထွက်လာပြီး သူမကိုစတင်ရှာဖွေမှုတွေပြုလုပ်ပါတော့တယ်။

အဲ့ဒီနောက်မှာတော့ ကြွက်ကပြန်ပြီးပုန်းရမယ့်အလှည့်ကိုရောက်လာခဲ့ပါတယ်။ Reinhold ဟာ နောက်ထပ်သေတ္တာ တစ်ခုကိုဖွင့်ပေးပြီး အဲ့ဒီသေတ္တာရဲ့ဘေးမှာထိုင်ပြီး ဆောင့်ကြောင့်လေးထိုင်နေတုန်း သေတ္တာထဲကနေ ကြွက်တစ်ကောင်ထွက်လာပြီး သူတို့ပုန်းဖို့အတွက်ပြင်ဆင်ပေးထားတဲ့နေရာတွေထဲမှ တစ်ခုဆီကိုသွား ကာပုန်းနေခဲ့တာကိုတွေ့ရပါတယ်။

ဒီလက်တွေ့စမ်းသပ်ပြီး(၂)ပတ်အကြာမှာ ကြွက်(၆)ကောင်အနက် (၅)ကောင်ဟာ တူတူပုန်းတမ်းကို ဘယ်လိုကစားရမယ်ဆိုတာကိုသိတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

တစ်ချို့လေ့လာမှုတွေမှာတော့ ကြွက်တွေဟာ သူတို့ဦးနှောက်ရဲ့ခက်ခဲနက်နဲမှုတွေကို ထောက်ပံ့နိုင်မှုတွေရှိကြတာ ကိုတွေ့ရပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ ကြွက်တွေဟာ အချင်းချင်းရိုင်းပင်းကူညီနိုင်စွမ်းရှိ ကြတာကိုတွေ့ရတယ်လို့ Bored Panda ၀က်ဘ်ဆိုဒ်တစ်ခုမှာဖော်ပြထားတာကိုတွေ့ရပါတယ်။

Thae

SHARE