ပန်းချီကား အသေးစားလေးတွေဆွဲပြီး အောင်မြင်နေတဲ့ ကြွက်ကလေးများ

Facebook/ToogoodsTinyPaws

အနုပညာဆိုတဲ့စကားလုံးကတော့ အရမ်းကို ကျယ်ပြန့်သလို အရှိန်အဝါလည်း အရမ်းကြီးပါတယ်။ အနုပညာဆိုတဲ့ ဝေါဟာရအောက်မှာ ရှိနေတဲ့ အရာတွေကတော့ ဘယ်တော့မှ အယုတ်၊အလတ်၊အမြတ် မရွေးပါဘူး။ ဒါပေမယ့် လူတိုင်းကတော့ အနုပညာတစ်ခုခုကို မဖန်တီးနိုင်ပါဘူး။ ခံစားတတ်တဲ့ နှလုံးသားဆိုတာ မွေးကတည်းက ပါလာမှ အနုပညာကို ရူးသွပ်နိုင်တာပါ။ အခုပြောပြချင်တဲ့ ပန်းချီဆရာအနုပညာရှင်တွေကတော့ လူသားဟုတ်ပါဘူး။ ကြွက်ကလေးတွေပဲ ဖြစ်ပါတယ်။ ဒီကြွက်ကလေးတွေ ဖန်တီးထားတဲ့ အနုပညာပန်းချီလက်ရာလေးတွေဟာ အခုဆိုရင် တော်တော်ကို အောင်မြင်နေပြီ ဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Toogood
[email protected] Toogood

ဒီကြွက်ကလေးတွေအကြောင်း မပြောချင် သူတို့ရဲ့ သခင်ဖြစ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပြောချင်ပါတယ်။ သူမရဲ့ နာမည်ကတော့ Steph Toogood ပဲ ဖြစ်ပါတယ်။ Steph ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက ကြွက်ကလေး ၁၂ ကောင်ကို အိမ်မွေးတိရစ္ဆာန်ဆိုင်က ဝယ်ခဲ့ပါတယ်။ Steph ဟာ သူမရဲ့ အိမ်မှာ ကြွက်ကလေးတွေကို မွေးချင်ခဲ့တာ ငယ်ငယ်လေးကတည်းက ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Steph ရဲ့ အိမ်မက်တွေ ပြည့်လာပြီလို့ပဲ ပြောရမှာပါပဲ။ ဒါပေမယ့် ကြွက်ကလေးနဲ့ သူမဟာ စီးပွားရေးပုံစံလုပ်ဖြစ်မယ်လို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။

We've gained a LOT of new likes recently, so I thought I'd introduce myself, the human behind the tiny paws!My name is…

Posted by Toogoods Tiny Paws on Monday, May 11, 2020

တစ်နေ့မှာတော့ Steph တစ်ယောက် အိမ်ပြန်ရောက်လာတဲ့အချိန်မှာ ကြွက်ကလေးအများစုဟာ သူမအိမ်က ပန်းချီပိတ်ကားပေါ်မှာ သူတို့ရဲ့ လက်သည်းသေးသေးလေးတွေနဲ့ ပန်းချီဆွဲနေသလိုလို ပုံစံကို သူမတွေ့မြင်ခဲ့ရာမှ အကြံတစ်ခုရရှိလာခဲ့ပါတယ်။ အဲဒါကတော့ ပိတ်ကားအသေးလေးတွေ လုပ်ပြီး သူတို့ကို ပန်းချီစမ်းဆွဲခိုင်းကြည့်ဖို့ပါပဲ။ မျှော်လင့်ထားတဲ့အတိုင်း လက်တွေ့မှာ ကြွက်ကလေးတွေဟာ သူတို့ရဲ့ လက်သည်းသေးသေးလေးတွေသုံးပြီး ပန်းချီဆွဲနိုင်ခဲ့ပါတယ်။

READ
သေခါနီးအချိန်မှာတောင် ဘီယာသောက်သွားချင်သေးတယ်ဆိုတဲ့ အဖိုးအိုရဲ့ဆန္ဒ
[email protected] Toogood
[email protected] Toogood

“သူတို့ကို ကျွန်မ သူငယ်ချင်းပုံစံနဲ့ပဲ ပေါင်းပါတယ်။ သခင်ပုံစံလိုမျိုး လုံးဝမဆက်ဆံပါဘူး။ ပန်းချီဆွဲရင်လည်း သူတို့အနားမှာ ဆေးတွေနဲ့ ပိတ်ကားအသေးလေးတွေ ချပေးထားတယ်။ သူတို့ စိတ်ပါမှဆွဲခိုင်းတာပါ။ အခုဆို သူတို့ပန်းချီကားလေးတွေ ရောင်းရအောင်လို့ Toogoods Tiny Paws ဆိုတဲ့ Page ကို ထောင်ထားပါတယ်။ လူတွေကတော့ တော်တော်များများ အားပေးကြပါတယ်။ သူတို့လေးတွေရဲ့ အနုပညာကို အခုလို အသိအမှတ်ပြုပေးလို့ ဝမ်းသာရပါတယ်” လို့ Steph က ပြောာကြားခဲ့ပါတယ်။

Celebrate year of the rat 2020 with art commissions created by Tiny Paws pet rats! Choose from 10 artists. A unique…

Posted by Toogoods Tiny Paws on Thursday, January 30, 2020

Pyi Hein Kyaw

SHARE