တစ်ချိန်တုန်းက ဘဝပျက်ခဲ့ပေမယ့် ဇနီးသည်ကြောင့် ချမ်းသာလာခဲ့တဲ့ မင်းသားကြီး

Weibo-Ray Lui

အိမ်ထောင်တစ်ခုမှာ ဇနီးသည်ဆိုတာ ကိုယ့်ရဲ့အိမ်ထောင်ဦးစီးရှာဖွေတဲ့ ငွေကြေးတွေကို မကုန်သင့်တဲ့နေရာမှာ မကုန်အောင် အမြဲလိုလို စီမံကြီးကြပ်ပေးရတဲ့ လူမျိုးပါ။ တစ်ကယ်လို့ ကိုယ်ယူတဲ့ ဇနီးသည်က ဝင်ငွတွေအကုန်လုံးကို နေရာတကာမှာ မလိုအပ်ပဲနဲ့ အသုံးအဖြုန်းကြီးတဲ့ မိန်းမမျိုးဆိုရင်တော့ အဲဒီအိမ်ထောင်ရေးဟာ ရေရှည်မှာ တည်မြဲဖို့ မလွယ်ကူပါဘူး။ အခုပြောပြချင်တဲ့ ဟောင်ကောင်မင်းသားကြီး Ray Lui ဆိုလည်း အဲဒီအတိုင်းပါပဲ။ တစ်ချိန်တုန်းက ယူခဲ့ဖူးတဲ့ ဇနီးသည်တွေကြောင့် ဘဝပျက်မတက် အခြေအနေကို ရင်ဆိုင်ခဲ့ရပေမယ့် တတိယမြောက်ဇနီးသည်ကို ယူပြီးတဲ့ အချိန်မှာတော့ Ray ဟာ စင်ကာပူဒေါ်လာ သန်း ၂၀၀ ကျော် ပိုင်ဆိုင်တဲ့ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Lui

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ Ray ဟာ ၁၉၈၈ ခုနှစ်တုန်းက နာမည်ကြီးဟောင်ကောင်မင်းသမီးတစ်ဦးဖြစ်တဲ့ Kathy Chow နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ လက်ထပ်ပြီး ၅ လအကြာမှာပဲ တရားဝင်ကွာရှင်းခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်ပြီးချိန်အထိ တစ်ယောက်နဲ့တစ်ယောက် တစ်ကယ်မချစ်မှန်း သိခဲ့ရလို့ပဲဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ပါတယ်။ ဒီလိုနဲ့ Ray ဟာ ၁၉၉၆ ခုနှစ်မှာ ဟောင်ကောင်အမျိုးသမီးအဆိုတော် Cally Kwong နဲ့ ထပ်မံလက်ထပ်ခဲ့ကာ ၁ နှစ်သာပေါင်းပြီး ကွာရှင်ခဲ့ပါတယ်။ Ray ပြောကြားချက်အရ Kally ရဲ့ ပုံဟာ ရုတ်တရက် အပြင်ပန်းကြည့်လိုက်ရင် အင်မတန်နူးညံ့သိမ်မွေ့သလောက် သူ့ရဲ့ အတွင်းစိတ်ဟာ ပြင်ပပုံစံနဲ့ တစ်ခြားစီဖြစ်နေကြောင်း ပြောကြားခဲ့ဖူးပါတယ်။

READ
လူတိုင်းပိုက်ဆံစုမိစေမဲ့ မိခင်တယောက်ပြောပြခဲ့တဲ့ အလွယ်ကူဆုံးပိုက်ဆံစုနည်း
Weibo-Ray Lui

ဒီလိုနဲ့ Ray တစ်ယောက်ဟာ Kally နဲ့ တရားဝင်ကွာရှင်တဲ့ အချိန်မှာတော့ လျော်ကြေးငွေတော်တော်များများ ပေးအပ်ခဲ့ရပြီး ဘဝပျက်လုမတက် ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ Kally နဲ့ ကွာရှင်းပြီး ၈ လအကြာမှာ Yang လို့ အမည်ရတဲ့ တရုတ်အမျိုးသမီးတစ်ယောက်နဲ့ ၂၀၀၁ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ Yang ဟာ Peking တက္ကသိုလ်က စီးပွားရေးဘွဲ့ရရှိထားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး Ray ထက် အသက် ၁၄ နှစ်ငယ်တဲ့ ဂျူနီယာတစ်ယောက်ဆိုလည်း မမှားပါဘူး။

Weibo-Ray Lui

“ကျွန်တော့်ဘဝက Yang နဲ့ တွေ့မှ အရာရာ အဆင်ပြေသွားခဲ့တာပါ။ Yang ဟာ တစ်ကယ့်ကို မိန်းမကောင်းတစ်ယောက်ပါ။ ကျွန်တော့်ကို သေသေချာချာ ဂရုစိုက်ပေးတဲ့အပြင် မကုန်သင့်တာတွေ မကုန်အောင် အမြဲလိုလို စီမံကြီးကြပ်ပေးရှာပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဝင်ငွေတွေကိုလည်း ယုံကြည်စိတ်ချရတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံစေပြီး အဲဒီကနေ နောက်ထပ်ဝင်ငွေတစ်ခုရအောင် ပြုလုပ်ပေးပါတယ်။ အခုဆိုရင် ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ သန်း(၁၅၀)လောက်ရှိပါပြီ။ တစ်ချို့တွေကတော့ ကျွန်တော်က Yang ကို လက်ထပ်ပြီးမှ ချမ်းသာလာတော့ တစ်မျိုး ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် Yang ကို လက်ထပ်ခဲ့တာ ငွေကြောင့် မဟုတ်ပါဘူး။ အချစ်တစ်ခုတည်းနဲ့ လက်ထပ်ခဲ့တာပါ”လို့ Ray က 8 days သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

READ
ဘီယွန်းဆေးနဲ့ဂျေးဇီးတို့ရဲ့ ပွဲမှာ အပြတ်ကဲနေတဲ့ အိုဘားမားတို့ ဇနီးမောင်နှံ

Pyi Hein Kyaw

SHARE