Gamer တွေအတွက် ထုတ်ထားတဲ့ စမတ်ဖုန်း (သို့မဟုတ်) Razer Phone 2

အမေရိကန်ရဲ့ နာမည်ကျော် ဂိမ်းပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Razer Inc. ကတော့ gamer တွေအတွက် အကိုက်ညီဆုံးဖြစ်မယ့် စမတ်ဖုန်းတွေကို မနှစ်က စတင်ထုတ်လုပ်လာခဲ့ပါတယ်။ Razer Phone ပထမအမျိုးအစားကို ၂၀၁၇ နိုဝင်ဘာလ ဝန်းကျင်တုန်းက စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါမှာတော့ Razer Phone 2 ထွက်ရှိလာခဲ့ပါပြီ။

အသစ်ထွက်ရှိတဲ့ ဖုန်းမော်ဒယ်ဖြစ်တာနဲ့အညီ Razer Phone ဖုန်းထက် အားသာချက်တွေ အများကြီးပါဝင်လာပါတယ်။ ဂိမ်းကုမ္ပဏီက ထုတ်ထားတာဖြစ်တဲ့အတွက် game ကစားဖို့အတွက် အဆင်ပြေဆုံးဖြစ်အောင် အဓိကရည်ရွယ်ထုတ်လုပ်ထားတာပါ။

ausgamers

Design နဲ့ feature များ

လေးထောင့်ဆန်ဆန် ကျစ်လျစ်တဲ့ ကိုယ်ထည်ပိုင်းနဲ့ ထုတ်လုပ်ထားပြီး မျက်နှာပြင်ကတော့ ၅.၇၂ လက်မ ဖြစ်ပါတယ်။ Processor အနေနဲ့ Snapdragon 845 ချစ်ပ်ကို ထည့်သွင်းထားပြီး ဖုန်းပူတာကို ကာကွယ်ပေးတဲ့ Vapor Chamber Cooling စနစ်လည်း ပါရှိပါတယ်။ RAM က 8 GB ဖြစ်ပြီး storage က 64 GB ဖြစ်ပါတယ်။ ရှေ့ကင်မရာက f/2.0 lens တွေနဲ့ 8 MP ရှိပြီး အနောက်ကင်မရာ ၂ ခုလုံးကတော့ 12 MP ဖြစ်ပါတယ်။

READ
ကမ္ဘာ့ပထမဆုံး ထရီလီယံနဲ့ချီပြီး  အချမ်းသာဆုံး ကုမ္ပဏီဖြစ်လာတဲ့ Apple
Digital Trends

ဖုန်းဘက်ထရီဆိုရင်လည်း ဖုန်းအားအလွန်အကျွံမသုံးတဲ့ moderate use နဲ့ ထားသုံးရင် ရက်အတော်ကြာ ခံမယ်လို့လည်း ဖော်ပြထားပါတယ်။ ဂိမ်းကစားဖို့ပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်ဖို့ပဲဖြစ်ဖြစ် အလွန်ကောင်းမွန်တဲ့ အသံစနစ် ခံစားနိုင်ရစေဖို့လည်း 24-bit DAC Audio Adapter ပါရှိပါတယ်။

Screen

Razer Phone 2 ဖုန်းအသစ်ရဲ့ မျက်နှာပြင် display က 120Hz ရှိပြီး ယခင်နှစ်က ထွက်ရှိတဲ့ Razer Phone ထက် ပိုမိုတောက်ပစိုပြည်တဲ့ ပုံရိပ်တွေကို ကြည့်ရှုခံစားနိုင်စေမှာပါ။ HD Resolution ကို သုံးထားတဲ့အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုတို့အတွက် အဓိက ပိုအသုံးဝင်ပါတယ်။ Razer Phone 2 ရဲ့ နောက်အားသာချက်တစ်ခုကတော့ လူသုံးများတဲ့ ဂိမ်းတွေနဲ့ အခြားဆိုရှယ်မီဒီယာ app တွေ တစ်ခုနဲ့ တစ်ခု ကူးရာမှာလည်း လေးတာမျိုး လုံးဝရှိစေမှာ မဟုတ်ပါဘူး။ မြန်ဆန်ပြီး lag မရှိစေတာက Razer Phone 2 ကို အခြားဖုန်းတွေထက် သာလွန်သွားစေတဲ့အချက်ပါ။

READ
4G Networkဆိုတာဘာလဲ၊ ဘာတွေပိုကောင်းလဲ
ausgamers

ဂိမ်းနဲ့ ပတ်သက်လို့..

စမတ်ဖုန်းတွေမှာက များသောအားဖြင့် PC တွေနဲ့မတူတာဟာ ဂိမ်းတွေကို processing လုပ်ရတဲ့အတွက် ဖုန်းဘက်ထရီ ပိုစားတာဖြစ်ပါတယ်။ Razer Phone 2 ကတော့ ဂိမ်းတွေကို processing လုပ်ဖို့ ဘက်ထရီအား သိပ်မစားတဲ့ ဖုန်းမျိုးဖြစ်ပါတယ်။ ယခုအခါ မိုဘိုင်းဂိမ်းတွေက ပိုပိုခေတ်စားလာတဲ့အတွက် စမတ်ဖုန်းထုတ်လုပ်သူတွေလည်း gaming အတွက် ပိုအဆင်ပြေမယ့် feature တွေကို အသားပေးလာကြတာဖြစ်ပါတယ်။

ausgamers

ပြန်ချုပ်ပြောရမယ်ဆိုရင် Display က 120Hz ၊ အသံစနစ်က Dolby Atmos နည်းပညာကို အခြေခံထားတယ်၊ HD Resolution လည်း ရှိပြီး processing ပိုင်းက အရမ်းကို မြန်တဲ့ အတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ Processing ပိုင်းက ပေါ့ပါးတဲ့အတွက် ဘက်ထရီကိုလည်း ပိုတာရှည်ခံစေပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ (၈၀၀)ခန့် ဖြစ်ပါတယ်။ မနှစ်က ထွက်ခဲ့တဲ့ Razer Phone ထက် ဒေါ်လာ(၁၀၀)လောက်သာ ဈေးပိုများတာ ကြောင့် Gamer တွေအတွက် သိပ်မျက်စိကျစရာ ဖုန်းအဖြစ်လည်း သတင်းကြီးလျက်ရှိပါတယ်။

Digital Trends
ausgamers

Ref: Aus Gamers

SHARE