Gamer တွေအတွက် ရည်ရွယ်ထားတဲ့ Razer Smartphone

Gaming Accessories တွေမှာ ထိပ်တန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Razer ကုမ္ပဏီက ထုတ်လုပ်တဲ့ Razer Smartphone အကြောင်း တစေ့တစ်စောင်း လေ့လာကြည့်ရအောင်။ Gaming Accessories ထုတ်လုပ်တဲ့နေရာမှာ ကမ္ဘာ့ထိပ်သီးနေရာတစ်နေရာ ရရှိထားတဲ့ Razer အတွက် ရိုးရိုးစမတ်ဖုန်းအမျိုးအစားလောက်ပဲ ထုတ်မှာပါလို့ အထင်သေးလို့ မရပါဘူး။ ဒီနှစ်အစောပိုင်းက Nextbit ကိုဝယ်ယူထားတဲ့ Razer အတွက် ပထမဦးဆုံး စမတ်ဖုန်းက Gaming ဖုန်း (သို့) Gamer များအတွက် ထုတ်လုပ်ထားတဲ့ ဖုန်းဆိုရင် ပိုမှန်ပါတယ်။
ဒီဖုန်းဟာ ဘယ်လို ပုံစံ အမျိုးအစားဖြစ်မလဲဆိုတာ ဆက်လက် လေ့လာကြည့်ကြရအောင်…။

Photo source: Internet

Razer ရဲ့ အဆိုအရ Pure Android ရဲ့ စွမ်းဆောင်ရည်ကို ခံစားလိုသူများအတွက် နောက်ဆုံးပေါ် Hardware အမျိုးအစားများကို အသုံးပြုပြီး ဒီဇိုင်းပုံဖော်ထားတဲ့အပြင် Hardcore Gamers များအတွက် ရည်ရွယ်ပြီး စွမ်းဆောင်ချက်များကို အသေးစိတ်ညှိပေးထားကြောင်းသိရှိရပါတယ်။

Photo source: Internet

Razer ဖုန်းဟာ Nextbit Robin ဖုန်းဒီဇိုင်းကို ယူသုံးထားပေမယ့် Razer အမှတ်တံဆိပ်လည်း ထပ်ထည့်ထားပေးပါတယ်။ Robinဖုန်းရဲ့ အမှတ်အသားဖြစ်တဲ့ စက်ဝိုင်းပုံသဏ္ဍန် အမှတ်အသားကို ဖုန်းရဲ့ ဘေးဘက်အောက်ခြေမှာ တွေ့ရမှာဖြစ်ပြီး အရှေ့မျက်နှာပြင်ပုံစံ ဒီဇိုင်းကတော့ Robin ဖုန်းရဲ့ ပုံစံကိုပဲ အတုယူထားပါတယ်။ Razer ရဲ့ အမှတ်တံဆိပ်ကို ဖုန်းအနောက်ဘက်မှာ တွေ့ရမှာဖြစ်ပြီး ဖုန်းရဲ့ အောက်ခံအရောင်ဟာ အနက်ရောင်ဖြစ်တာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Photo source: Internet

ကျန်ရှိတဲ့ ဒီဇိုင်းပိုင်းကတော့ ရိုးရိုးရှင်းရှင်းပြုလုပ်ပေးထားပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်မှာ သီးခြားစီခွဲထားတဲ့ amplifier ပါရှိတဲ့ စတူရီယို speaker နှစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ အဆိုပါ speaker များကို Razer laptop များရဲ့ speaker ပုံစံအတိုင်း ဒီဇိုင်းပြုလုပ်ထားပြီး ကုမ္ပဏီရဲ့ မူလအငွေ့အသက် မပျောက်ပျက်သွားအောင် ပြုလုပ်ပေးထားတယ်လို့ သိရှိရပါတယ်။

READ
ကမ္ဘာ့ပထမဆုံး 5G ကွန်ယက်သုံး tablet ဖြစ်လာမယ့် Samsung Galaxy Tab S6 5G
Photo source: Internet

Razer Laptop များအတိုင်း Razer ဖုန်းများကို အမြင့်မားဆုံးစွမ်းဆောင်ရည် ပေးစွမ်းနိုင်ဖို့အတွက် အကောင်းဆုံး နည်းပညာများ ထည့်သွင်းအသုံးပြုထားကြောင်းလည်း သိရှိရပါတယ်။ ကုမ္ပဏီရဲ့ Laptop များမှာပါဝင်တဲ့ IPS LED display နဲ့ အမျိုးအစားတူညီတဲ့ 5.7 လက္မ QHD IPS Sharp IGZO မျက်နှာပြင်ကို  ထည့်သွင်းအသုံးပြုပေးထားပါတယ်။ Resolution ကို 720p, 1080p နှင့် Full QHD အဖြစ် စိတ်ကြိုက်ပြောင်းလဲနိုင်ကြောင်းလည်း သိရှိရပါတယ်။

၂၀၁၇ထုတ် Flagship စမတ်ဖုန်းများအတိုင်း Razer ဖုန်းမှာ Headphone jack မပါဝင်သော်လည်း USB-C audio adapter ကို ထည့်သွင်းပေးထားပါတယ်။ CPU အနေဖြင့် Snapdragon 835 ကိုအသုံးပြုထားပြီး Adreno 540 GPU နှင့် Ram 8GB ပါဝင်ကာ ထပ်တိုး မမ်မိုရီအနေဖြင့် microSD ကဒ် ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။ Razer ဖုန်းမှာ ပါဝင်တဲ့ Ram 8GB ကို အသုံးပြုသူအနေဖြင့် အပြည့်အဝအသုံးပြုခွင့်ပေးထားတဲ့အချက်ကတော့ အခြားသော စမတ်ဖုန်းများနှင့် လုံးဝမတူတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချလိုသူများအတွက် processor ကို overclock ပြုလုပ်နိုင်ကြောင်းလည်း သိရှိရပါတယ်။

READ
Facebook နဲ့ Instagram က ban တော့မယ့် လိင်စိတ်အသားပေးဆန်တဲ့ emoji နှစ်ခု
Photo source: Internet

ဘတ္ထရီအနေဖြင့် 4,000 mAh ပါဝင်ပြီး တစ်နေ့တာလုံး အသုံးပြုနိုင်တဲ့ စွမ်းအားချွေတာပေးတဲ့ စနစ်လဲ ပါဝင်ပါတယ်။ 24-watt charger ပါဝင်ပြီး Qualcom Quick Charge 4.0+ ကို အထောက်အကူပြုထားတဲ့အတွက် အားသွင်းချိန် အလွန်လျင်မြန်မည့်ဖုန်းတစ်လုံးဖြစ်ကြောင်းလဲ သိရှိရပါတယ်။

ဖုန်းရဲ့အနောက်ဘက်မှာ 12MP ကင်မရာနှစ်လုံးပါဝင်ကာ wide နှင့် telephoto နှစ်မျိုးအသုံးပြုလို့ ရတဲ့အပြင်  f/1.75 aperture wide lens နှင့်  f/2.6 aperture telephoto ရိုက်ကူးနိုင်ကြောင်းသိရှိရပါတယ်။ မှန်ဘီလူးနှစ်ခုစလုံးမှာ Phase Detection နှင့် Autofocus  ပါဝင်ပြီး LED flash မီးနှစ်လုံးပါဝင်ကြောင်းသိရှိရပါတယ်။

Android ဗားရှင်း 7.1.1 Nougat အသုံးပြုထားပြီး ၂၀၁၈ နွေဦးမှာ Oreo ကို အသုံးပြုနိုင်မယ်လို့လည်း ခန့်မှန်းသိရှိရပါတယ်။

Photo source: Internet

Razer မှ ပြောရေးဆိုခွင့်ရှိသူများကလည်း ” စမတ်ဖုန်းအများအပြားဟာ တစ်သားတည်းဖြစ်လာတဲ့အချိန်မှာ Razer ဖုန်းဟာ Android စမတ်ဖုန်းလောကအတွက် ဆွေးနွေးငြင်းခုံစရာ ဖုန်းတစ်လုံးအဖြစ် အားလုံးရဲ့အရှေ့ကို ပေါ်ထွက်လာမှာပါ” လို့ ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

Razer ဖုန်းကို လာမည်ရက်သတ္တပတ်အနည်းငယ်မှာ ထပ်မံဖော်ထုတ်ပြသွားမှာဖြစ်ပြီး ရောင်းချမယ့်အချိန်ကိုတော့ အတိအကျ မသိရသေးပါဘူး။

SiThu (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE