လူတစ်ယောက်ရဲ့ စိတ်ကို ဖောက်ထွင်းမြင်နိုင်ဖို့ သိထားသင့်တဲ့ ကိုယ်အမူအရာများ

လူ့ခန္ဓာကိုယ်အမူအရာဟာ လူတွေရဲ့ နှုတ်ဖျားကထွက်တဲ့ စကားလုံးတွေထက် ပိုရိုးသားပါတယ်။ လူတစ်ဦးနဲ့ တွေ့ဆုံဆက်ဆံတဲ့အခါ သူ့နှုတ်ထွက်စကားနဲ့ သူရဲ့ ဟန်ပန်အမူအရာတွေကို ကြည့်ပြီး ဒီလူဟာ ဘယ်လိုလူဖြစ်တယ်၊ လက်ရှိမှာတော့ သူဘယ်လို ခံစားနေရတယ်ဆိုတာ အကြမ်းဖျင်းသိနိုင်ပါတယ်။

အပြုံး

© Eastnews © Birdie Thompson/AdMedia/Sipa USA/East News

အပြုံးတုနဲ့ အပြုံးစစ်ဆိုတာ ကြွက်သားတွေ လှုပ်ရှားပုံကို ကြည့်ပြီး ခွဲခြားရ လွယ်ကူပါတယ်။ ရင်းနှီးဖော်ရွေတဲ့ အပြုံးဟာ အသက်ဝင်ပါတယ်။ နှုတ်ခမ်းထောင့်တွေဟာ အပေါ်ကို ကွေးတက်နေပြီး မျက်လုံးစွန်းနားမှာ အရှုံ့အရစ်လေးတွေ ဖြစ်နေပါလိမ့်မယ်။ အပြုံးတုကတော့ နှုတ်ခမ်းထောင့်စွန်းတွေဟာ ကွေးနေပေမယ့် ခပ်တန်းတန်းဖြစ်နေပြီး မျက်နှာရဲ့ အပေါ်ပိုင်းကတော့ လုံးဝလှုပ်ရှားမှုမရှိတာကို တွေ့ရပါလိမ့်မယ်။

ကိုယ်ဟန်သင်္ကေတများ

© East News © Gilbert Flores/Broadimage/EAST NEWS

လူတွေဟာ ကိုယ်ဟန်ပြသင်္ကေတတွေကို အချိန်တိုင်းလိုလို အသုံးပြုကြသလို ဘယ်သင်္ကေတကတော့ ဘယ်လိုအဓိပ္ပါယ်ဆောင်တယ်ဆိုတာ နားလည်ကြပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်အမူအရာဟာ သူပြောနေတဲ့ အကြောင်းအရာနဲ့ ဆက်စပ်နေပါတယ်။ တကယ်လို့ ကိုယ်နဲ့ စကားပြောနေသူဟာ မှင်မောင်းမပျက်ပဲ အေးအေးဆေးဆေးစကားပြောဆိုခဲ့ရင်တောင် သူ့ရဲ့ ကိုယ်အမူအရာကို ကြည့်ပြီး သူလိမ်နေတာလားဆိုတာသိနိုင်ပါတယ်။ လူတွေဟာ လျာဖျားလေးနဲ့ လိမ်ဖို့ လွယ်ကူပေမယ့် သူတို့ရဲ့ ကိုယ်အမူအရာကိုတော့ လိမ်ပြဖို့ ခဲယဉ်းတတ်ပါတယ်။ ဥပမာ.. လူတစ်ယောက်ဟာ လက်မထောင်ထားပေမယ့် နှုတ်ခမ်းတွေဟာ တင်းတင်းစေ့ထားတယ်ဆိုရင် ဒါဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ သူ့ရဲ့ ခံစားချက်တွေနဲ့ ပတ်သက်လို့ သူဟာ ကိုယ့်အပေါ်မှာ ရိုးသားမှုမရှိဘူးလို့ ပြနေပါတယ်။

READ
လူတိုင်းတရားထိုင်​ကြည့်သင့်​တဲ့ အဓိကအ​ကြောင်းအရင်း(၇)ခု

လက်ဖ၀ါးများ

© Wyters Alban/ABACA/EAST NEWS © EAST NEWS

တကယ်လို့ လူတစ်ယောက်ဟာ လက်ဖ၀ါးတစ်ဖက်ကို လက်ဖျံပေါ်မှာ ထားထားတာ တွေ့ရရင် ဒီလူဟာ စိတ်လှုပ်ရှားနေတယ်လို့ ပြဆိုပါတယ်။ တကယ်လို့ လက်တစ်ဖက်ဟာ လက်ဖျံပေါ် တင်ထားတာ မဟုတ်ပဲ လက်မောင်းနားရောက်နေပြီး လက်မဟာ အပေါ်ဘက်ဆီ ညွှန်ပြနေတယ်ဆိုရင်တော့ ထိုသူဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတစ်ဦးဖြစ်ပြီး သတိလွတ်ခဲသူဖြစ်ပါတယ်။

စိတ်ဖိစီးမှုအတိုင်းအတာ

© Jimmy Kimmel Live / Youtube

ကိုယ်တစ်လှုပ်လှုပ်ဖြစ်နေတာ၊ ဆံပင်ခဏခဏသပ်တာတွေဟာ စိတ်ပူပန်နေတယ်လို့ ပြဆိုနေပါတယ်။ အမျိုးသားတွေကတော့ စိုးရိမ်ပူပန်နေတဲ့အခါ သူတို့မျက်နှာကို ပွတ်သပ်လေ့ရှိပြီး အမျိုးသမီးတွေက လည်ပင်း၊ အ၀တ်အစားနဲ့ ဆံပင်တွေကို ခဏခဏကိုင်ပြီး ပြုပြင်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီအပြုအမူတွေလုပ်ခြင်းအားဖြင့် သူတို့ရဲ့ နှလုံးခုန်နှုန်းကို တည်ငြိမ်စေပြီး စိတ်ကိုလည်း တည်ငြိမ်စေတာ ဖြစ်ပါတယ်။ ခဲတံနဲ့ ကစားနေတာ၊ လေချွန်တာနဲ့ ခြေထောက် တဆတ်ဆတ်လှုပ်တာဟာ စိတ်မတည်ငြိမ်ဘူးဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေပါ။

လင်းလင်း (ShweMom)

Ref: brightside

SHARE