လုပ်ငန်းရလဒ်မကောင်းလို့ မန်နေဂျာဆီက အရိုက်ခံခွင့်တောင်းခဲ့တဲ့ ဝန်ထမ်းများ

တရုတ်နိုင်ငံရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုမှ တာဝန်မကျေတဲ့ဝန်ထမ်းတစ်စုက ပြစ်ဒဏ်အနေနဲ့ သူတို့ကို ရိုက်ဖို့ မန်နေဂျာကို တောင်းဆိုခဲ့ကြပါတယ်။ အမျိုးသားဝန်ထမ်း (၆)ယောက်က သူတို့ရဲ့ ပေါ့ဆစွာ တာဝန်ထမ်းဆောင်မှုတွေကြောင့် အခုလိုပြစ်ဒဏ်တောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ ထိုအဖြစ်အပျက်ကို ၎င်းအကျိုးဆောင်ကုမ္ပဏီဝန်ထမ်းတစ်ဦးက အတည်ပြုပေးခဲ့တာပါ။

Youku

WeChat မက်ဆေ့ခ်ျတွေကတစ်ဆင့် ပျံ့သွားတဲ့ ၎င်းဗီဒီယိုမှာဆိုရင် အမျိုးသမီးမန်နေဂျာက ဝန်ထမ်းတွေကို တန်းစီပြီး ပါးရိုက်နေခဲ့တာကို တွေ့ရပါတယ်။ ရိုက်နေခဲ့တဲ့ အချိန်မှာလည်း ဝန်ထမ်းရော မန်နေဂျာပါ ငိုနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ၎င်းကုမ္ပဏီရဲ့ လစဉ်လုပ်ဆောင်မှု အကဲဖြတ်အစည်းအဝေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အလုပ်မကြိုးစားမှုအတွက် ဘယ်လိုအပြစ်ပေးရမလဲလို့ မန်နေဂျာက မေးခဲ့ချိန်မှာ ဝန်ထမ်းတွေက ပါးရိုက်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Youku

အစပိုင်းမှာတော့ Zhang အမည်ရှိ မန်နေဂျာက သဘောမတူခဲ့ပေမယ့် (၄) (၅)ခါ တောင်းဆိုခဲ့ကြတာကြောင့် သူမလည်း အပြစ်ပေးခဲ့ရပါတယ်။ ဗီဒီယိုဟာ တရုတ်ဆိုရှယ်မီဒီယာ Weibo မှာ ပျံ့နှံ့သွားခဲ့ပြီး မစ္စ Zhang လည်း ပြင်းထန်စွာဝေဖန်ခံခဲ့ရပါတယ်။ ၎င်းအကျိုးဆောင်ကုမ္ပဏီက မစ္စတာဟူ ဆိုသူပြောပြချက်အရတော့ မစ္စ Zhang က အလုပ်က နုတ်ထွက်ခဲ့ရကြောင်း သိရပါတယ်။

READ
PhD ဘွဲ့အတွက် နေ့ပိုင်းစာလေ့လာပြီး၊ ညပိုင်းမှာ ဈေးရောင်းနေရတဲ့ အမျိုးသမီး

White (Shwemom)

Ref: Dailymail

SHARE