ကြောက်စရာဇာတ်ကောင်တွေရဲ့ တကယ့်အပြင်က မျက်နှာများ

လူသိများပြီး နာမည်ကြီးတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတွေထဲက နာမည်ကျော်ဇာတ်ကောင်တွေရဲ့ အပြင်လောကက ရုပ်အစစ်အမှန်တွေကို သရဲကား၊ လူသတ်ကားစတဲ့ သည်းထိတ်ရင်ဖိုကားတွေ ကြိုက်သူတိုင်း သိချင်ကြပါလိမ့်မယ်။ ဒါကြောင့် Horror movie တွေထဲက နာမည်ကြီး ကြောက်စရာဇာတ်ကောင်တွေရဲ့ အပြင်ရုပ်အစစ်တွေကို ယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။

The Ring (2002) ထဲက သရဲမ Samara

သရဲကားကြိုက်သူတိုင်း ကြည့်ဖူးထားမယ့် The Ring ဇာတ်ကားထဲက ဆံပင်ဖားလားနဲ့ တီဗွီထဲက ထွက်ထွက်လာတတ် တဲ့ သရဲမနေရာမှာ သရုပ်ဆောင်တဲ့ အမျိုးသမီးလေးဟာ Daveigh Chase လို့ခေါ်ပြီး အသက်(၂၆)နှစ်သာ ရှိပါသေး တယ်။ သူမဟာ ငယ်စဉ်ကတည်းက tv show ပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒီလောက် ချောမောလှပတဲ့ ရုပ်လှလှလေးနဲ့ တီဗွီထဲက ထွက်ထွက်လာတဲ့ သရဲမဟာ ဆက်စပ်လို့ မရနိုင်အောင်ပါပဲ။

Friday the 13th (1980) ထဲက Jason Voorhees

မျက်နှာဖုံးစွပ်နဲ့ Jason ကို Friday the 13th ဇာတ်ကားတွေ ကြိုက်သူတိုင်း သိပါလိမ့်မယ်။ Jason နေရာမှာ သရုပ် ဆောင်ခဲ့သူ များစွာရှိခဲ့ပေမယ့် ပထမဆုံး Friday the 13th ဇာတ်ကားထဲက ဦးဆုံးသရုပ်ဆောင်ကတော့ Ari Lehman ပဲ ဖြစ်ပါတယ်။ Lehman ဟာ Jason ရဲ့ ငယ်စဉ်ဘ၀ကို သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ထိုဇာတ်ရုပ်အတွက် လူရွေးပွဲသွားတဲ့အခါ “မင်းမှာ လိုအပ်တဲ့ အတိုင်းအတာတွေ အကုန်ရှိနေလို့ တို့တွေ ရွေးလိုက်ပြီ”ဆိုပြီး အရွေးချယ်ခံခဲ့ရ ပါတယ်။

A Night on Elm Street (1984) ထဲက Freddy Krueger

Freddy လာပြီ … ဆိုပြီး ထိတ်လန့်ခဲ့ရတဲ့ ဇာတ်ကားထဲက Freddy ဟာ serial killer တစ်ယောက်ဖြစ်ပါတယ်။ ထိုအဓိက ဇာတ်ကောင်နေရာမှာ ရိုက်ကူးခဲ့ပြီးတဲ့ A Night on Elm Street ဇာတ်ကား(၈)ကားလုံးမှာ တစ်ဦးတည်း သရုပ်ဆောင်ခဲ့တဲ့ သမိုင်းဝင်သရုပ်ဆောင်ကတော့ Robert Englund ဖြစ်ပါတယ်။ သူဟာ တက်ကြွစွာ သရုပ်ဆောင် နေဆဲဖြစ်ပြီး မကြာခဏဆိုသလိုပဲ horror ဇာတ်ကားတွေအတွက် ရွေးချယ်ခံရသူ ဖြစ်ပါတယ်။

READ
ခြင်ဆေးခွေနဲ့ အလှပြင်ပြခဲ့တဲ့ မိတ်ကပ်ပညာရှင် နေဆန်း

The Conjuring 2 (2016) ထဲက သီလရှင်သရဲမ Valak

Conjuring သရဲကားထဲက သီလရှင်သရဲမနေရာမှာ သရုပ်ဆောင်ထားသူကတော့ Bonnie Aarons ဖြစ်ပြီး သူမရဲ့ ထူးခြားတဲ့ရုပ်သွင်ကြောင့် ကွဲပြားတဲ့ ဇာတ်ရုပ်များစွာမှာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကြောက်စရာသရဲကားတွေမှာ သရုပ်ဆောင်ထားသလို ဟာသကားတွေမှာလည်း သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ သို့ပေမယ့် Valak နေရာမှာ သရုပ် ဆောင်လိုက်တဲ့အခါမှာတော့ သူမအတွက် သင့်တင့်တဲ့ ကျော်ကြားမှုတွေ ရလာခဲ့ပါတယ်။

It (1990) ထဲက Pennywise

ကလေးတိုင်း ကြောက်ကြတဲ့ ဆက်ကပ်ထဲကလူပျက်ပုံစံနဲ့ Pennywise ဇာတ်ရုပ်ဟာ အံ့သြစရာကောင်းစွာပဲ နာမည်ကျော်ကြားလှတဲ့ အဆိုတော်၊ တေးရေးဆရာနဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Tim Curry ရဲ့ သရုပ်ဆောင်မှု ဖြစ်ပါတယ်။ စိတ်မကောင်းစရာကောင်းစွာပဲ Tim ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရောဂါဝေဒနာတစ်ခုကြောင့် ၀ှီးချဲပေါ် ရောက်သွားရပြီ ဖြစ်ပါတယ်။

Leprechaun (2003)

ထိုဇာတ်ကားထဲမှာ လူပု Leprechaun အဖြစ် သရုပ်ဆောင်ထားသူဟာ Warwick Davis ဖြစ်ပြီး ဟောလိဝုဒ်က ကျော်ကြားတဲ့ သရုပ်ဆောင်တွေထဲမှာ ပါဝင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ပြိုင်စံကင်းတဲ့ ရုပ်သွင်နဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့် အခြားသော ဇာတ်ကားများစွာမှာလည်း ပါဝင်ထားပြီး နာမည်ကျော်သူ ဖြစ်ပါတယ်။ သူပါဝင်ထား တဲ့နာမည်ကျော်ဇာတ်ကားတွေကတော့ Harry Potter နဲ့ Star Wars ပဲ ဖြစ်ပါတယ်။

READ
Choi Tae Joon နဲ့တွဲနေတယ်လို့ သတင်းထွက်နေတဲ့ Park Shin Hye

Hellraiser (1987) ထဲက Pinhead

သရုပ်ဆောင် Douglas Bradley ဟာလည်း အထက်မှာဖော်ပြထားတဲ့ Freddy ဇာတ်ကောင် Robert Englund လိုပဲ ဇာတ်ကားတွဲ(၈)ခုလုံးမှာ ဇာတ်ကောင်တစ်ခုတည်းအတွက် မပြောင်းလဲဘဲ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ထင်ရှားတဲ့ Pinhead ဇာတ်ကောင်ကနေ ခွဲထွက်နိုင်ဖို့ အခြားသော ဇာတ်ကားတွေကို ပြောင်းလဲသရုပ်ဆောင်ခဲ့ ပေမယ့်လည်း ထို Pinhead ဇာတ်ကောင်ဟာ သူ့သမိုင်းကြောင်းက အထင်ရှား၊ အောင်မြင်ဆုံး ဖြစ်နေပါတော့တယ်။

The Texas Chainsaw Massacre: The Beginning (2006) ထဲက Letherface

Letherface ဆိုတဲ့ စိတ္တဇဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့သူ စုစုပေါင်း (၇)ယောက်ရှိပြီး Andrew Bryniarski လည်း အပါအ၀င် ဖြစ်ပါတယ်။

The Shining (1980) ထဲက Jack Torrance

နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ The Shining ထဲက ဇာတ်ကောင် Jack Torrance နေရာဟာ သူတို့နဲ့သာ ပိုပြီးကိုက်ညီတယ်လို့ Robert De Niro နဲ့ Robin Williams တို့က ကနဦးမှာ ကြွေးကြော်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ Jack Nicholson နဲ့သာ အသင့်တော်ဆုံးဆိုတာကို ပရိသတ်တွေကိုယ်တိုင်က လက်ခံပေးခဲ့ ရပါတယ်။

Horror ဇာတ်ကားကြိုက်သူတွေအားလုံးပဲ ထိတ်လန့်စရာ ဇာတ်ကောင်တွေရဲ့ ရုပ်အစစ်အမှန်နဲ့ အကြောင်းအရာ တစ်ပိုင်းတစ်စလေးတွေ သိလိုက်ရလို့ ကျေနပ်ကြမယ်လို့ ထင်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

အလင်းဦး(shwemom)

Source: brightside

SHARE