သက်ရှိဘာဘီနဲ့မခြား ထူးကဲလှပလွန်းတဲ့ သြစတေးလျ-ဆူဒန် မော်ဒယ်လေး

ဘာဘီရုပ်လေးတွေဟာ လှပတဲ့မျက်နှာပေါက်နဲ့ ကျော့ရှင်းတဲ့ ခန္ဓာကိုယ်သွင်ပြင်ကို ပိုင်ဆိုင်ထားတာကြောင့် လူတွေရဲ့ ချစ်ခင်နှစ်သက်တာကို ခံရပါတယ်။ ဒါပေမယ့် လက်တွေ့ဘ၀ထဲမှာလည်း အရုပ်ဘာဘီလေးတွေနဲ့ မခြား လှပလွန်းတဲ့ လူသားစင်စစ် အမျိုးသမီးလေးတွေ ရှိနေပါတယ်။ သြစတေးလျ-ဆူဒန်မော်ဒယ် တစ်ယောက်ဖြစ်တဲ့ နရာဒက်ခ် ဒက်ကီ သော့ဟာ နက်မှောင်တဲ့ အသားအရည်ကို ပိုင်ဆိုင်ပြီး ဘာဘီရုပ်နဲ့ တူလွန်းလှတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။

powerfulmind
powerfulmind

သူမကို တွေ့ရတာ အပြင်မှာ တကယ့် သက်ရှိဘာဘီလေးကို မြင်နေရသလိုပါ။ နရာဒက်ခ်ဟာ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းက မဂ္ဂဇင်း မျက်နှာဖုံးတွေမှာ ဟိုနေရာ ဒီနေရာ ပါဝင်ဖူးပေမယ့် (၂၀၁၇) ခုနှစ်မှာတော့ သူမရဲ့  ဘ၀ဟာ တဆစ်ချိုး ပြောင်းလဲခဲ့ပါတယ်။ သူမဟာ “Duckie After Dark” အမည်ရတဲ့ ဓာတ်ပုံတစ်ပုံမှာ ပါဝင်ခဲ့ပါတယ်။ ၄င်းဓာတ်ပုံမှာတော့ သူမဟာ ဘာဘီရုပ်လေးနဲ့ လုံးလုံးကြီးကို ချွတ်စွပ်တူနေခဲ့တာ ဖြစ်ပြီး ထိုကနေ ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။

READ
အထီးကျန်နေသူတွေကို အိမ်အရောက်လာရောက်ထွေးပွေ့ပေးမယ့် ဝန်ဆောင်မှု
powerfulmind
powerfulmind

နရာဒက်ခ်ဟာ ဆူဒန်တောင်ပိုင်းကနေ နယူးယောက်ကို မော်ဒယ်အလုပ် ဇောက်ချလုပ်ကိုင်နိုင်ဖို့ ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ တချိန်က အောင်မြင်ဖို့ ရုန်းကန်ခဲ့ရတဲ့ မော်ဒယ်လေးဟာ အခုအခါမှာတော့ သူမရဲ့ ထူးခြားတဲ့ ပုံပန်းသွင်ပြင်ကြောင့် ကျော်ကြားလာခဲ့ပါပြီ။ မျက်နှာလှလှလေး၊ လှပတဲ့ အသားအရည်၊ မျက်လုံးဝိုင်းဝိုင်းနဲ့ အချိုးအစားကျနတဲ့ သူမရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံက မော်ဒယ်အလုပ်အတွက် အရမ်းသင့်တော်တဲ့ အနေအထားဖြစ်နေပါတယ်။

powerfulmind
powerfulmind

နရာဒက်ခ်ရဲ့ အသားရောင်ဟာ မယ်လနင်အားနည်းတာကြောင့် အလင်းရောင်ပေါ်မူတည်ပြီး ကွဲပြားတတ်ပါတယ်။အင်တာနက်ပေါ်မှာ သူမရဲ့ ဓာတ်ပုံတွေ ရာနဲ့ချီရှိပေမယ့် ဓာတ်ပုံတွေဟာ အလင်းအမှောင်ပေါ်မူတည်ပြီး ကွဲပြားတာကြောင့် တစ်ခါတစ်လေ ပရိသတ်တွေက ဓာတ်ပုံတွေထဲက မော်ဒယ်ဟာ နရာဒက်ခ်တစ်ယောက်တည်းမှ ဟုတ်ရဲ့လားဆိုတာ ဒွိဟဖြစ်ရတဲ့ အထိပါပဲ။

powerfulmind
powerfulmind

(၂၀၁၇) ခုနှစ်မှာ နရာဒက်ခ်ဟာ သူမရဲ့ ဆံပင်၊ အသားအရောင်နဲ့ ပတ်သက်လို့ အနိုင်ကျင့်ပြောဆိုမှုတွေ ခံခဲ့ရပါသေးတယ်။ သူမက “လူမည်း အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မတို့ သဘာဝဆံပင်ကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ သေချာမသင်ကြား ခံရပါဘူး။ ဆံပင်တွေကို ဘယ်လို ဖုံးကွယ်ရမလဲ ဆိုတာပဲ သိခဲ့ရတယ်။ ဒီအတွက် ကျွန်မကတော့ ဆံကေသာကုမ္ပဏီတွေ၊ မီဒီယာတွေနဲ့ ဆံပင်အလှပြုပြင်ရေး ပညာရှင်တွေကို အပြစ်တင်သင့်တယ် ထင်တာပဲ။ သူတို့အနေနဲ့ လူမည်းအမျိုးသမီးတွေ အတွက်လည်း သဘာဝအကျဆုံးနဲ့ အကောင်းဆုံး ပုံစံဖြစ်လာအောင် ကြိုးပမ်းပေးသင့်ကြတယ်….” လို့ ဆိုပါတယ်။

READ
မြေအောက်တိုက်ခန်းလေးထဲမှာ ဆယ်နှစ်ကြာလိင်ကျွန်ပြုခံခဲ့ရတဲ့အမျိုးသမီး

လင်းလင်း (ShweMom)

Ref: powerfulmind

SHARE