တ်ာဝင်မျိုးနွယ်တွေနဲ့အကြောင်းပါခဲ့ကြတဲ့ လက်တွေ့ဘဝမှစင်ဒရဲလားများ (၁)

စင်ဒရဲလားပုံပြင်လေးထဲမှာ သာမန်ပြည်သူတစ်ယောက်ဖြစ်တဲ့ စင်ဒရဲလားဟာ နန်းတော်ကြီးထဲက တော်ဝင်အိမ်ရှေ့စံမင်းသားလေးနဲ့ ချစ်ကြိုက်သွားကာ မင်းသမီးလေးတစ်ပါး ဖြစ်သွားခဲ့ပါတယ်။ စင်ဒရဲလားရဲ့ဇာတ်လမ်းလိုမျိုး အပြင်မှာလည်း မင်းသားလေးနဲ့လက်ထပ်ပြီး တော်ဝင်မင်းသမီးလေးဘဝကို ရောက်သွားနိုင်ခဲ့သူတွေ နိုင်ငံအနှံ့မှာ အများကြီးရှိလို့နေပါတယ်။ ပြင်ပလောကက စင်ဒရဲလားလေးတွေဟာ ဘယ်နိုင်ငံကမင်းသမီးတွေ၊ ဘုရင်မတွေဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုပေးကြပါဦး။

(၁) ရုပ်ရှင်မင်းသမီး Grace Kelly

Grace Kelly ဆိုသူ အမျိုးသမီးလေးဟာ သူမဝါသနာထုံပါတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အနုပညာနယ်ပယ်မှာ သရုပ်ဆောင်အဖြစ် ၁၉၅၀ ခုနှစ်လောက်တုန်းက အခြေချခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ မိုနာကိုတိုင်းပြည်ရဲ့တော်ဝင်မင်းသား Rainier III နဲ့ ထိမ်းမြားလက်ထပ်ကာ သရုပ်ဆောင်အလုပ်ကိုစွန့်လွှတ်ပြီး တော်ဝင်ကြင်ယာတော်တစ်ပါးရဲ့ ဂုဏ်ပုဒ်နဲ့အညီတာဝန်တွေကို ပြောင်းလဲထမ်းဆောာင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၈၅၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Cannes ရုပ်ရှင်ပွဲတော်ရဲ့ ရိုက်ကွင်းတစ်နေရာမှာ တွေ့ခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကာ ရင်သွေးလေး သုံးယောက်လည်း ထွန်းကားခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာတော့ Grace ဟာ ကားမောင်းရင်း ရုတ်တရက်နှလုံးလေဟပ်ကာ အရှေ့နားမှာရှိတဲ့ ၄၅ ပေအမြင့်နဲ့ တာတမံကြီးထဲ ထိုးဆင်းသွားခဲ့ပြီး အဲဒီညမှာပဲ ဆေးရုံမှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

Associated Press

(၂) တောင်အာဖရိက ရေကူးချံပီယံမယ် Charlene Wittstock

တောင်အာဖရိကသူ Charlene Wittstock နဲ့ မင်းသား Albert II တို့ဟာ မိုနာကိုကရေကူးကန်တစ်ခုမှာ ရေကူးရင်း တွေ့ခဲ့ကြတာပါ။ တော်ဝင်မင်းသား Albert II ဟာ အပေါ်မှာဖော်ပြခဲ့တဲ့ Grace Kelly ရဲ့ သားသမီးသုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး မိုနာကိုနိုင်ငံရဲ့တော်ဝင်မင်းသားတစ်ပါးပါပဲ။ ၂၀၀၀ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြပြီး ၂၀၀၆ ခုနှစ်ရဲ့ ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲမှာ ပေါ်ပေါ်တင်တင်တွဲပြခဲ့ကြကာ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ရေကူးချံပီယံဟောင်းဖြစ်ခဲ့တဲ့ Charlene Wittstock ဟာ ချစ်ခင်ပွန်းအတွက် အမွှာလေးကို မွေးဖွားပေးခဲ့ပါတယ်။

READ
လေယာဉ်ငယ်တွေကို လိုက်ဖမ်းရင်း အမဲလိုက်လေ့ကျင့်နေတဲ့ ပင်လယ်လင်းယုန်များ
Michael Steele

(၃) အများလေးစားအားကျရတဲ့ Kate Middlenton

ဒိုင်ယာနာရဲ့ သားကြီး၊ အယ်လစ်ဇဘတ်ဘုရင်မကြီးရဲ့ မြေးဖြစ်သူ ဗြိတိန်တော်ဝင်မင်းသား William နဲ့ Kate တို့ စစတွေ့စဉ်တုန်းက Kate ဟာ St. Andrews တက္ကသိုလ်မှာပညာသင်နေတုန်းပဲရှိပါသေးတယ်။ ၂၀၀၁ ခုနှစ်ကတည်းက စခဲ့တဲ့ အချစ်ဇာတ်လမ်းလေးဟာ တော်တော်ကြာသည်ထိတိုင်အောင် ကြားထဲမှာ ပြတ်လိုက်၊ ဆက်လိုက်နဲ့ မသေချာမရေရာဖြစ်နေခဲ့ပေမယ့်လည်း ၂၀၁၁ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာတော့ လက်ထပ်မင်္ဂလာပွဲလေးကို ကျင်းပခဲ့ကြပါတယ်။ မင်းသားလေး ဂျော့၊ မင်းသမီးလေး ရှားလော့နဲ့ မင်းသားလေး လူးဝစ်တို့အသီးသီးကိုလည်း မွေးဖွားခဲ့ပါတယ်။

Instagram

(၄) အိုလံပစ်အခမ်းအနားကြေငြာသူ Silvia Sommerlath

Silvia Sommerlath ဟာ Munich မှာကျင်းပခဲ့တဲ့ ၁၉၇၂ ခုနှစ်ရဲ့ နွေရာသီအိုလံပစ်ပြိုင်ပွဲ အခမ်းအနားမှာ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေရင်း ဆွီဒင်တော်ဝင်မင်းသား Carl Gustaf နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပါတယ်။ မင်းသား Carl ဟာ အဖိုးဖြစ်သူကွယ်လွန်ပြီးနောက် ၁၉၇၃ ခုနှစ်မှာ အဖိုးရဲ့အရှိုက်အရာကို ဆက်ခံရင်း နောက်ထပ် ၃ နှစ်အကြာမှာတော့ Silvia နဲ့ လက်ထပ်ကာ ရင်သွေး ၃ ယောက်နဲ့ မြေး ၇ ယောက်တို့ ထွန်းကားခဲ့ပါတယ်။

READ
ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားဖွယ် အကျဉ်းထောင်များအကြောင်း
Andreas Rentz

(၅) မော်ဒယ်မလေး Sofia Hellqvist

Silvia Sommerlath နဲ့ တော်ဝင်မင်းသား Carl Gustaf တို့ရဲ့ သားဖြစ်သူ တော်ဝင်မင်းသား Carl Phillip ဟာ Sofia Hellqvist နဲ့ ၂၀၁၀ ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြကာ နောက်ငါးနှစ်အကြာမှာတော့ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ Sofia ဟာ မော်ဒယ်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ဖူးပြီး ရုပ်သံအစီအစဉ်တစ်မှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။ သားဦးလေးဖြစ်တဲ့ မင်းသား Alexander ကိုတော့ ၂၀၁၆ ခုနှစ် ဧပြီလမှာ မွေးဖွားခဲ့ပြီး ဒုတိယကလေးဖြစ်တဲ့ Gabriel ကိုလည်း ၂၀၁၇ ခုနှစ်မှာ မွေးခဲ့ပါတယ်။

Ragnar Singsaas

(၆) ဂျပန်ရဲ့ဧကရာဇ်ဘုရင်မဟောင်း Michiko

ဂျပန်ရဲ့အရင်ဧကရာဇ်မင်း Akihito နဲ့ ကြင်ယာတော် Michiko တို့ဟာ တင်းနစ်ကစားရင်းအမှတ်မထင်တွေ့ဆုံကာ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ သို့ပေမယ့် Michiko ဟာ သာမန်ပြည်သူတစ်ယောက်ဖြစ်တာမို့ ချစ်သူအဖြစ် တွဲနေကတည်းကိုက ဧကရာဇ်ဟောင်း Akihito ရဲ့ မိခင်ကိုယ်တိုင်ကရော၊ အကြံပေးအရာရှိတွေကရော ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။ အခက်အခဲပေါင်းစုံကြားထဲမှ နှစ်ယောက်သား ၁၉၅၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ရင်သွေးလေးသုံးယောက် မွေးဖွားခဲ့ပါတယ်။ ဂျပန်ဧကရာဇ်သမိုင်းတစ်လျှောက်မှာတော့ သာမန်ပြည်သူနဲ့ လက်ထပ်ခဲ့တဲ့ ဧကရာဇ်မိသားစုထဲ Akihito ဟာ ပထမဆုံးပဲလို့ ဆိုရမှာပါ။

Ken Ishii

 

Penny

 

 

 

SHARE