တကယ့် လက်တွေ့ဘ၀ထဲက ထင်ရှားတဲ့ မိန်းမလည် ဖိုးတွမ်တီးများ

နာမည်ကျော် အမျိုးသမီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတဲ့ Ocean’s 8 ဟာ အင်္ဂလန်မှာ နောက်အပတ်ထဲ ရုံတင်တော့မှာဖြစ်ပါတယ်။ Debbie Ocean အဖြစ် သရုပ်ဆောင်ထားတဲ့ Sandra Bullock ဟာ ပေါင်(၁၁၃) သန်းတန်စိန်လည်ဆွဲကို Anne Hathaway ဆီက ခိုးယူဖို့ ကြိုးစားတာဖြစ်ပါတယ်။ Sandra  ဟာ Cate Blanchett ၊ Sarah Paulson ၊ Rihanna နဲ့ Awkwafina တို့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ကျင်းပမယ့် Met Gala ဖက်ရှင်ပွဲမှာ လည်ဆွဲကိုလုယက်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ အခုလို တစ်ဖက်သားအပေါ် ရိုက်စားလုပ်ရာမှာ ကျွမ်းကျင်ကြတဲ့ မိန်းမလည်အမျိုးသမီးဇာတ်ကောင်တွေဟာ ရုပ်ရှင်ထဲမှာသာ ရှိတာမဟုတ်ပါဘူး။ အပြင်မှာလည်း တကယ်ရှိပါတယ်။

Jeanne De Valois-Saint-Remy

Wikimedia Commons

Jeanne ကို (၁၈)ရာစုပြင်သစ်မှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်စုက မွေးဖွားခဲ့တာပါ။ သူမရဲ့ဘ၀ပေးအခြေအနေကို မနှစ်မြို့တာကြောင့် ကိုယ်တိုင်ကြီးပွားဖို့ နည်းလမ်းကို ရှာကြံခဲ့သူပါ။ တစ်နေ့ ရတနာကုန်သည်တစ်ဦးက Marie Antoinette အမည်ရတဲ့ ဘုရင်မကို စိန်လည်ဆွဲရောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကိုသူမဟာ အခွင့်အရေးတစ်ခုလို့ မြင်ပြီး Marie Antoinette နဲ့ အသိအကျွမ်းဖြစ်ချင်တဲ့ ဘုန်းကြီးတစ်ပါးကို ဖြားယောင်းပြီး ငွေလိမ်ကာ ထွက်ပြေးသွားခဲ့ပါတယ်။ နောက်ဆုံးမှာ ဖမ်းဆီးခံရပေမယ့် ထောင်ကထွက်ပြေးကာ ဗြိတိန်ထဲဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

READ
ပိန်တဲ့ကောင်မလေးတွေကို မပြောသင့်တဲ့စကား(၅)မျိုး

Juliette D’Souza

(Image: Central News)

မိန်းမလည်အများစုဟာ ပိုက်ဆံချမ်းသာသူတွေနဲ့ ရာထူးရာခံရှိသူတွေကိုသာ ပစ်မှတ်ထားတတ် ကြပေမယ့် သူမကတော့အားနည်းတဲ့သူတွေအပေါ်မှာ ပစ်မှတ်ထားခဲ့ပါတယ်။ (၁၂)နှစ်တိုင်တိုင် လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ လူတွေကို သူမဟာ ရောဂါတွေ ပျောက်ကင်းအောင် ကုသနိုင်တဲ့ နတ်ဆရာမ အမည်ခံပါတယ်။ ထို့နောက် နာတာရှည် ဝေဒနာသည်တွေ၊ မသန်စွမ်းသူတွေ၊ ရောဂါသည်တွေဆီကနေ အလှူငွေကောက်ခံပါတယ်။ (၂၀၁၄)ခုနှစ်မှာတော့ သူမဟာ ပေါင်(၁)သန်းနီးပါးငွေရှိနေပြီး လူနာတွေဆီကရတဲ့ ပိုက်ဆံတွေနဲ့ ဇိမ်ခံတိုက်ခန်းတွေ၊ တန်ဖိုးကြီးပစ္စည်းတွေကို ၀ယ်ယူခဲ့ပါတယ်။ တရားရုံးကတော့ သူမကို ထောင်ဒဏ်(၁၀)နှစ်သာ ချမှတ်ခဲ့ပါတယ်။

Diamond Doris Payne

Mirror

ဗာဂျီးနီးယားအနောက်ပိုင်းနဲ့ အိုဟိုင်းယိုးပြည်နယ်မှာ ကြီးပြင်းခဲ့တဲ့ သူမကတော့ အမေရိကန်ရဲ့ အထင်ရှားဆုံး ရတနာသူခိုးကြီးပါ။ Doris ဟာ သူမမှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပါတယ်။ ပြီးနောက် ရတနာဆိုင်တွေဆီသွားကာ ဆိုင်ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို အရင်ရအောင်လုပ်ပြီး အဖိုးတန်လက်ဝတ်ရတနာတွေ ခိုးတာဖြစ်ပါတယ်။ သူမရဲ့ခိုးမှုတွေထဲက အကြီးဆုံး ပြစ်မှုကတော့ အသက်(၇၀)အရွယ် Monte Carlo ကာတီယာဆိုင်မှာ ခိုးယူခဲ့တဲ့ပေါင်(၂၈၃,၀၀၀) တန် (၁၀)ကာရတ်စိန်လက်စွပ်ပဲ ဖြစ်ပါတယ်။

READ
တစ်သက်လုံးဆွဲဆောင်မှုရှိနေတဲ့ဇနီးတစ်ယောက်ဖြစ်ဖို့ သိသင့်တဲ့အချက်များ
Mirror

လင်းလင်း (ShweMom)

Ref: Mirror

SHARE