Avengers ငွေကြယ်ပွင့်တွေရဲ့ လက်တွေ့ဘဝက လက်တွဲဖော်နဲ့မိသားစုပုံလေးများ

© The Avengers Infinity War / Marvel Studios © Josh Brolin / Instagram

ဒီတစ်ခေါက် အနုပညာရှင်များ ကဏ္ဍမှာတော့ ပရိတ်သတ်တွေတခဲနက်အားပေးခဲ့ကြတဲ့ Marvel Studios မှ ဖန်တီးမှုတစ်ခုဖြစ်တဲ့ Avengers superheros သရုပ်ဆောင်တွရဲ့ လက်တွေ့ဘဝက လက်တွဲဖော်တွေနဲ့ မိသားစုလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Iron Man (Tony Stark)

သရုပ်ဆောင် Robert Downey Jr. ဟာ executive producer တစ်ယောက်ဖြစ်တဲ့ Susan Levin နဲ့ ၂၀၀၅ ခုနှစ်တုန်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး Eston Elias နဲ့ Avri Roel ဆိုတဲ့ ကလေးလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက ပထမအိမ်ထောင် Deborah Falconer နဲ့မွေးခဲ့တဲ့ Indio ဆိုတဲ့ သားလေးတစ်ယောက်လည်း ရှိပါသေးတယ်။

© Iron Man / Marvel Studios © Michael Connors / Wikimedia Commons

Pepper Potts

Iron Man ရဲ့လက်တွဲဖော်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Gwyneth Paltrow ကတော့ Chris Martin နဲ့ လက်ထပ်ထားခဲ့ပြီး Apple နဲ့ Moses ဆိုတဲ့ ကလေးနှစ်ယောက်ရှိနေပါတယ်။ သူတို့နှစ်ယောက် လမ်းခွဲပြီးနောက်မှာတော့ မနှစ်တုန်းက American Horror Story ရဲ့ ဒါရိုက်တာ Brad Falchuk နဲ့ ထပ်မံလက်ထပ်ခဲ့ပါတယ်။

© Iron Man / Marvel Studios © Gwyneth Paltrow / Instagram

Thor

Thor နေရာမှာသရုပ်ဆောင်တဲ့ Chris Hemsworth ကတော့ ၂၀၁၀ ခုနှစ်တုန်းက Elsa Patay နဲ့ လက်ထပ်ခဲ့ပြီး သမီးကြီး Rose, နောက်ထပ်အမွှာလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်လှပတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားလျက်ရှိပါတယ်။ ကလေးလေးသုံးယောက်စလုံးက သူတို့ဖေဖေကို အပြင်မှာလည်း တကယ့် Thor လို့ပဲ ထင်ကြပါတယ်တဲ့။

READ
လုံးဝလန်းနေတဲ့ ၀တ်မှုံရွှေရည်ရဲ့ ပွဲတက်ဖက်ရှင်
© The Avengers / Marvel Studios © Elsa Pataky / Instagram
Instagram

Hulk (Bruce Banner)

Mark Ruffalo ဟာ မင်းသမီး Sunrise Coigney ကို ၂၀၀၀ ခုနှစ်မှာ လက်ထပ်ယူခဲ့ပြီး သားကြီး Jeene နဲ့ Bella, Odette ဆိုတဲ့ သားသမီးသုံးယောက်နဲ့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူတို့စုံတွဲကတော့ ဟောလိဝုဒ်ရဲ့ သစ္စာရှိပြီး လက်တွဲအမြဲဆုံးဆိုတဲ့ စုံတွဲတွေထဲ ပါဝင်နေကြပါတယ်။

© The Avengers / Marvel Studios © Mark Ruffalo / Facebook
Instagram

Thanos

ဗီလိန်ကြီး Thanos ကတော့ ရုပ်ရှင်ထဲမှာသာ ခရမ်ရောင်ကောင်ကြီးဖြစ်ချင်ဖြစ်မယ်၊ အပြင်မှာတော့ ဇနီးသည်ချောချောလေးနဲ့ သားသမီးချောချောလေးတို့ကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းသူကြီးတစ်ယောက်ပါ။ Kathryn Boyd နဲ့ သမီးချောလေး Reign ကို မွေးဖွားခဲ့ပြီး ပထမအိမ်ထောင်ဖြစ်တဲ့ Alice Adair နဲ့တော့ သားသမီးနှစ်ယောက် ထွန်းကားခဲ့ပါသေးတယ်။

© The Avengers Infinity War / Marvel Studios © Josh Brolin / Instagram
Instagram

Nick Fury

Samuel L. Jackson ဟာ ၁၉၇၄ ခုနှစ်မှာ စတွေ့ခဲ့တဲ့ ပရိုဂျူဆာမင်းသမီးဖြစ်တဲ့ KaTanya Richardson နဲ့ လက်ထပ်ခဲ့ပြီး အခုအချိန်အထိ လက်တွဲမြဲနေတုန်းကပါပဲ။ သူတို့နှစ်ယောက်မှာတော့ လက်ရှိဒါရိုက်တာလုပ်နေတဲ့ သမီးလေး Zoe တစ်ယောက်သာ ရှိပါတယ်။

READ
Sulli ပြောတဲ့ သူမဘ၀ရဲ့ နောင်တအရဆုံး ဖြစ်ရပ်.
© The Avengers / Marvel Studios © LaTanya Richardson / Instagram

Doctor Strange

© The Avengers Infinity War / Marvel Studios © PacificCoastNews / EAST NEWS

Quicksilver (Pietro Maximoff)

ဗြိတိန်သရုပ်ဆောင်နဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Aaron Taylor-Johnson ဟာ ဇနီးသည် Sam Taylor-Wood နဲ့ သူကအသက် ၁၈ နှစ် Sam က အသက် ၄၂ နှစ်၊ Nowhere Boy ရုပ်ရှင်ရိုက်ကွင်းမှာ စတွေ့ခဲ့တာပါ။ အသက်ကွာဟမှုကို အမှုဘဲ အဲဒီနှစ်ထဲမှာပဲ စေ့စပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပြီး Wylda Rae နဲ့ Romy Hero ဆိုတဲ့ သမီးလေး ၂ ယောက်ကို မွေးခဲ့ပါတယ်။

© The Avengers Age of Ultron / Marvel Studios © Aaron Taylor-Johnson / Instagram

J.A.R.V.I.S and Vision

Paul Bettany က သရုပ်ဆောင်ခဲ့ပြီး အမျိုးသမီးကတော့ Jennifer Connelly ဖြစ်ပါတယ်။ သားကြီး Stellan ကိုတော့ လက်ထပ်ပြီးမကြာခင်မှာပဲ မွေးခဲ့ပြီး ဒုတိယသမီးလေး Agnes Lark ကိုတော့ ၂၀၁၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

© Iron Man / Marvel Studios © Paul Bettany / Instagram

Falcon (Sam Wilson)

Falcon နေရာမှာ သရုပ်ဆောင်ထားတဲ့ Anthony Mackie ကတော့ ၂၀၁၄ ခုနှစ်မှာ ငယ်ချစ်ဦး Sheletta Chapital နဲ့ နှစ်ဦးသဘောတူလက်ထပ်ခဲ့ပြီး ကလေးသုံးယောက်ထွန်းကားခဲ့ပါတယ်။ နောက်ကားတွေမှာ Captain America အဖြစ် တွေ့ရမှာလားဆိုတာကတော့..

© The Avengers Age of Ultron / Marvel Studios © AP / EAST NEWS

Source: Bright Side

Penny

SHARE