ဓားပြတိုက်တာကို FacebookမှာLiveလွှင့်ပြီး ရတဲ့ပိုက်ဆံကိုဝေငှတဲ့ ရော်ဘင်ဟုဒ်လို ဓားပြ

ထူးဆန်းတဲ့ ဓားပြတစ်ယောက်ဟာ မီယာမီမှာရှိတဲ့ Navy Federal Credit Union ဘဏ်ကို ဓားပြ၀င်တိုက်တာကို Facebook ပေါ်မှာ တိုက်ရိုက် လွှင့်တင်ခဲ့ပြီး၊ ရဲစခန်းကိုလည်း ကိုယ်တိုင် အကြောင်းကြားခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုကို
ရိုက်ကူးခဲ့သူကတော့ Uber ကားဆရာတစ်ယောက်ဖြစ်ပြီး၊ သူ့ကို ဖောက်ခွဲရေးပစ္စည်းနဲ့အတူ ခြိမ်းခြောက်ခေါ်ဆောင်ခဲ့တာလို့ ယူဆရပါတယ်။

အဲဒီနောက် ရသမျှ ပိုက်ဆံတွေကို ခရီးသွားတွေနဲ့ လမ်းသွားလမ်းလာတွေကို ဝေငှခဲ့ပါတယ်။ မျက်မြင်သက်သေတစ်
ယောက်ရဲ့ အဆိုအရ ဒေါ်လာ 100 လောက်အထိ ရသွားတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ သူဟာ ကားပေါ်မှာလည်း တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ခဲ့ပြီး၊ သူရဲ့ အစီအစဉ်ကို ပြောပြခဲ့ပါတယ်။

အခုအချိန်မှာတော့ FBI ဟာ အဲဒီဗွီဒီယိုကို လေ့လာနေပြီး၊ ကားပေါ်မှာ သူပြောခဲ့တဲ့ စကားကလည်း မဆီမဆိုင် ရုရှတွေ အမေရိကန် ရွေးကောက်ပွဲကို Hack ခဲ့တာကို ထည့်ပြောသွားခဲ့ပါတယ်။ ဒရိုင်ဘာကိုလည်း စကားပြောစေခဲ့ပါသေးတယ်။ ဒရိုင်ဘာက မိမိဟာ ဓားစာခံအဖြစ် ခေါ်ဆောင်ခံရသူ ဖြစ်ကြောင်း ပြောခဲ့သလို၊ အမေရိကန်-ရုရှ စစ်ပွဲဖြစ်နိုင်ချေကိုလည်း
သုံးသပ်ခဲ့ပါသေးတယ်။

READ
တစ်ခြားယောက်ျားနဲ့ ဖောက်ပြန်တဲ့ချစ်သူကို အမှိုက်ပုံးထဲပစ်ထည့်ခဲ့သူ

ဒါ့အပြင် ၎င်းဒရိုင်ဘာက ” ကျွန်တော် ပြောချင်ရာ ပြောလို့ မရဘူး … ကျွန်တော် သေသွားနိုင်တယ် “လို့ ဆိုခဲ့ပါတယ်။ ဒရုင်ဘာရဲ့ Facebook အကောင့်နာမည်မှာ Mikebilly So-Focused ဖြစ်ပြီး အဲဒီဓားပြမှာ ဖောက်ခွဲရေးပစ္စည်းလည်း ပါ
ဝင်လာခဲ့ပုံရတယ်လို့ မှတ်ချက်ရေးသားခဲ့ပါတယ်။ ထူးဆန်းတဲ့ ဓားပြဟာ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲလို့ သိရပါ
တယ်။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE