ရုပ်ရှင်ထဲကအတိုင်း တကယ့်လက်တွေ့အပြင်မှာပါ ပျံသန်းပြခဲ့တဲ့ ဒုံးပျံလူသား

Instagram/TakeOnGravity

ရုပ်ရှင်တွေထဲမှာ လူနောက်ကျောမှာ ဒုံးပျံတပ်ပြီး ပျံသန်းသွားခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ဖူးကြမှာပါ။ အခုတော့ အဲဒီ ဒုံးပျံလူသားဟာ အပြင်မှာ တကယ်ဖြစ်လာခဲ့တာပါ။ အဲဒီလို ပျံသန်းနိုင်တဲ့ ဂျက်ဒုံးပျံကို ဖန်တီးခဲ့တဲ့ Richard Browning ဟာ ကနဦးစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာပါ။ တော်ဝင်ရေတပ်နဲ့ ပူးပေါင်းပြီး အခုလို ပျံသန်းခဲ့တာဖြစ်ကြောင်း DailyMail သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပျံသန်းမှုကို တော်ဝင်ရေတပ်နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး Annapolis ကမ်းခြေရဲ့ ၃ မိုင်အကွာမှာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဒုံးပျံကို Atlantic Future Forum မှာ အရင်ဆုံးပြခဲ့ခြင်းဖြစ်ပြီး AI နည်းပညာ၊ ဆိုက်ဘာနည်းပညာ၊ စက်ရုံနည်းပညာနဲ့ Big Data နည်းပညာများကို ပေါင်းစည်း ဖန်တီးထားတာဖြစ်ပါတယ်။

အဆိုပါ လူစီးလို့ရတဲ့ ဒုံးပျံမှာ ဂတ်စ်အိုး ငါးလုံးပါဝင်ပြီး ပျံသန်းနိုင်ဖို့အတွက်မြင်းကောင်ရေ ၁၀၀၀ ရှိပါတယ်။ တစ်နာရီကို ၅၅ မိုင်နှုန်းပျံသန်းအထိ ပျံသန်းနိုင်ဖို့အတွက် စီစဉ်ထားတာပါ။  Richard Browning ကတော့ အဲဒီ ဒုံးပျံကို ဝတ်ဆင်ပြီး နိုင်ငံ ၂၀ ကျော်မှာ စမ်းသပ်ပျံသန်းဖို့ရှိနေပါတယ်။

 

ဒီလူစီးနိုင်တဲ့ ဒုံးပျံဟာ ကမ္ဘာပထမဆုံး ဒုံးပျံဖြစ်တယ်လို့ တီထွင်သူတွေက ဆိုထားတာပါ။

READ
ရုံးတည်ခဲ့တဲ့နေရာကို သမိုင်းတစ်လျှောက် ပထမဆုံးထုတ်ဖော်လိုက်တဲ့ စပိုင်အေဂျင်စီ

စက်တာလအတွင်းမှာပဲ Mr Browningဟာ လူစီးဒုံးပျံနဲ့ အကြာဆုံးပျံသန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး Lymington မှာ ရှိတဲ့ Hurst ရဲတိုက်ကနေ Freshwater မှာ ရှိတဲ့ Fort Albert ကမ်းခြေအထိ ပျံသန်းပြခဲ့ပါတယ်။

YYK

SHARE