ခရစ္စမတ်ရောက်တိုင်း ကလေးတွေကို သစ်သားရုပ်လေးတွေ လက်ဆောင်ပေးနေတဲ့ ဆန်တာ

youtube/Currents News

ခရစ္စမတ်နေ့ မနက်ခင်းရောက်တဲ့အခါတိုင်း ကလေးအများစုဟာ သူတို့ရဲ့ ခရစ္စမတ်လက်ဆောင် အသီးသီးကို ဖြည်ဖွင့်ကြဖို့ အသင့်ဖြစ်နေကြပါတယ်။ ဒါပေမယ့် နွမ်းပါးတဲ့အတွက် ဒီလို ခရစ္စမတ်လက်ဆောင်လေးတွေကိုတောင် မရနိုင်တဲ့ ကလေးတွေလည်း ရှိနေပြန်ပါတယ်။ သူတို့လေးတွေရဲ့ မိဘတွေက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့အထိ ဆင်းရဲလွန်းလို့ ခရစ္စမတ်သစ်ပင်အောက်မှာ ဘာလက်ဆောင်ပစ္စည်းမှ မထားပေးနိုင်ပါဘူး။

youtube/Currents News

ဒီလိုနွမ်းပါးလှတဲ့မိသားစုက ကလေးတွေကို ခရစ္စမတ်လက်ဆောင်လေးတွေ ရအောင် ကူညီပေးနေသူတစ်ဦးတော့ ရှိပါတယ်။ အဲ့ဒီသူကတော့ အသက်(၈၀) အရွယ် စစ်ပြန်ကြီး ဂျင်မ်အန်းနစ်စ်ပဲ ဖြစ်ပါတယ်။ ဂျင်မ်ဟာ ပြီးခဲ့တဲ့ အနှစ်(၅၀) လုံးလုံး အရုပ်တွေ ပြုလုပ်ကာ နွမ်းပါးတဲ့အိမ်က ကလေးတွေကို လက်ဆောင်ပေးနေခဲ့တာ ဖြစ်တယ်လို့ boredpanda မှာ တွေ့ရပါတယ်။

youtube/Currents News

ဂျင်မ်ကတော့ ကယ်တင်ခြင်းတပ်ဟာ သူတို့နားတစ်ဝိုက်မှာ ခရစ္စမတ်ကာလအတွက် အစားအသောက်နဲ့ အ၀တ်အထည်တွေကို ဝေမျှနေပေမယ့် သူကတော့ အရုပ်တွေကိုပဲ ပေးပါတယ်လို့ ဆိုခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်း ဂျင်မ်ဟာ သစ်သားနဲ့ လက်ဖြစ်အရုပ်လေးတွေကို ပြုလုပ်ပြီး အရုပ်ပေါင်း(၃၀၀) ခန့်ကို လှူနေတာ ဖြစ်ပါတယ်။ ဂျင်မ်ဟာ ၄င်းရဲ့ အိမ်နီးနားချင်းတွေဆီက သစ်သားအတိုအစလေးတွေကို စုဆောင်းကာ အခြားလိုအပ်တဲ့ဟာမှန်သမျှကိုတော့ သူ့ပိုက်ဆံနဲ့သူ ၀ယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်တော့ တစ်နှစ် တစ်နှစ်ကို ဒေါ်လာ(၁) ထောင်လောက် ကုန်တယ်လို့ သူက ပြောပါတယ်။

READ
အချစ်စစ်မှာ မမြင်နိုင်တဲ့ စွမ်းအားတွေရှိကြောင်း သက်သေပြနေတဲ့ မသန်စွမ်းအဖိုးအိုစုံတွဲ
youtube/Currents News

ဂျင်မ်ကတော့ သူ့အတွက် ပိုက်ဆံဟာ အဓိက မကျပဲ ကလေးတွေစိတ်ချမ်းသာဖို့သာ လိုချင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ခရစ္စမတ်လက်ဆောင်လိုချင်ရက်နဲ့ ပေးမယ့်သူတစ်ဦးမှ မရှိတဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်ကိုလည်း သူနားလည်ကြောင်း ပြောပြပါတယ်။

youtube/Currents News

“ကျွန်တော့်အဖေက အလုပ်လုပ်ပေမယ့် ပိုက်ဆံအများကြီး မရဘူး။ ကလေး(၅) ယောက်ရှိတော့ ခရစ္စမတ်လက်ဆောင် ကောင်းကောင်းမရခဲ့ဖူးဘူး…” လို့ ဂျင်မ်က သူ့ငယ်ဘ၀အကြောင်းကို ပြောပြပါတယ်။ ဂျင်မ်ဟာ မီးသတ်ကား၊ အရုပ်မလေးတွေနဲ့ စုဘူးလေးတွေလို ခရစ္စမတ်လက်ဆောင် ပစ္စည်းမျိုးလေးတွေကို ပြုလုပ်ခဲ့တာဖြစ်ပြီး ရှေ့လျှောက်လည်း ကလေးတွေအတွက် အခုလိုပဲ လှူသွားဦးမယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE