အပြောင်းအရွှေ့ကာလ၂ခုမှာ ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံခဲ့ရတဲ့ ရီးရဲမက်ဒရစ်နဲ့အက်သလက်တီကို

ရီးယဲမက်ဒရစ်မြို့ခံနှစ်သင်းဖြစ်တဲ့ ရီးယဲနဲ့ အသလက်တီကို အသင်းတို့ကို FIFA ဘောလုံးအဖွဲ့ချုပ်က ကစားသမားဝယ်ယူခွင့် အပြောင်းအရွှေ့ကာလနှစ်ခုပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။ ဒီပြစ်ဒဏ်ကလက်ရှိ ဇန်န၀ါရီအပြောင်းအရွှေ့ကာလအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပဲ လာမဲ့ အပြောင်းအရွှေ့ရာသီနှစ်ခုမှ
စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။

၎င်းအသင်းနှစ်သင်းစလုံးဟာ အသက်(18)နှစ်အောက် ကစားသမား ခေါ်ယူရာမှာ စည်းမျဉ်းဖောက်ဖျက်
ခဲ့လို့ ယခုလို ပိတ်ပင်ခြင်း ခံရတာဖြစ်ပြီး ရီးယဲအသင်းဟာ ဒဏ်ကြေးအဖြစ် ပေါင်(249000) ပေးဆောင်
ရမှာ ဖြစ်သလိုအက်သလက်တီကို အသင်းကတော့ ပေါင်(622000) ပေးဆောင်ရမှာ ဖြစ်ကြောင်း သိရ
ပါတယ်။ ရီးယဲအသင်းကတော့ ဒီဆုံးဖြတ်ချက်အတွက် အယူခံဝင်သွားမယ်လို့ ဆိုပြီး အသက်(18)နှစ်
အောက် ကစားသမား ခေါ်ယူရာမှာ စည်းမျဉ်းဖောက်ဖျက်တယ်ဆိုတဲ့ စွတ်စွဲချက်ကိုလည်း အခြေအမြစ်
မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

READ
(၂၆)နှစ်ပြည့်မွေးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ PSG တိုက်စစ်မှူး နေမာ

အက်သလက်တီကိုအသင်းကလည်း အယူခံဝင်မယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ 2014 ဧပြီကပြိုင်ဘက် ဘာစီလိုနာအသင်းဟာလည်း အသက်(18)နှစ် မပြည့်သေးတဲ့ အန်ဒရာတူရန်နဲ့ အဲလက်ဗီဒယ်တို့ကို
ခေါ်ယူခဲ့လို့ ပြစ်ဒဏ်ချမှတ်ခြင်း ခံရဖူးပြီး ယခုလမှာ ပြစ်ဒဏ်ကာလ ပြီးဆုံးခဲ့လို့ ပြန်လည် ကစားခွင့်ရခဲ့
ကြတာဖြစ်ပါတယ်။

Myanmar Online Media

Source: bbc

SHARE