သင်လုံးဝသိဦးမှာ မဟုတ်တဲ့ အဆိုတော်တို့ရဲ့ထူးထူးခြားခြား နာမည်အရင်းများ

Instagram- @ladygaga, @eminem, @badgalriri

အနုပညာလောကဆိုတာတော့ ဒီလိုပါပဲ။ များသောအားဖြင့် အနုပညာလုပ်ဖို့အတွက် ကိုယ့်ရဲ့ နာမည်အရင်းမသုံးဘဲ တခြားနာမည်တစ်လုံးကို သုံးတတ်ကြတယ်မဟုတ်လား။ အရာအရာတိုင်းမှာ အခေါ်အဝေါ်က အရေးကြီးတာကြောင့် ကိုယ့်အနုပညာနာမည်ကြားလိုက်တာနဲ့ လူတွေရဲ့စိတ်ထဲ မှတ်မိလွယ်မယ်၊ စိတ်ဝင်စားရမယ်၊ ကိုယ့်အတွက်လည်း အဓိပ္ပာယ်တစ်ခုရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေနဲ့ အနုပညာနာမည်ဆိုတာကို မှည့်လေ့ရှိကြပါတယ်။

ဒီတော့ နိုင်ငံတကာ အဆိုတော်တွေထဲ ကျွန်တော်တို့အနေနဲ့ အနုပညာနာမည်သာ သိထားကြသူတွေရဲ့ တကယ့်မှတ်ပုံတင်ထဲက နာမည်အရင်းကို ရှာကြည့်လိုက်ရအောင်လား။ တချို့နာမည်အရင်းတွေဆိုရင် ဘယ်လိုမှတောင် လူနဲ့ဆက်စပ်လို့မရတဲ့အထိဖြစ်နေလဲဆိုတာ ကြည့်လိုက်ရအောင်။ Insider မှ ကိုးကားဖော်ပြေးလိုက်ပါတယ်။

Eminem

Marshall Bruce Mathers III ပါ။ Eminem မတိုင်ခင်တုန်းက M&M ဆိုပြီး အနုပညာနာမည်ကိုပေးခဲ့ပေမယ့်လည်း ချောကလတ်ထုတ်တဲ့ကုမ္ပဏီ M&M နဲ့တိုက်ဆိုင်နေတာကြောင့် Eminem အဖြစ်ပြောင်းလဲ့ခဲ့တာပဲဖြစ်ပါတယ်။ IG နာမည်တောင် ဆရာကြီးက Marshall Marthers ဆိုပြီး ပေးထားတာပါ။

 

Rihanna

Riri ရဲ့ နာမည်အရင်းကတော့ Robyn Rihanna Fenty ပါ။ ငယ်ကတည်းက လူတွေက သူမရဲ့ အရှေ့နာမည် Robyn ကို မခေါ်ကြပဘဲ Rihanna လို့ခေါ်ခဲ့တာကြောင့် ဒီနာမည်ကိုပဲ အနုပညာလုပ်တုန်းက သုံးဖြစ်ခဲ့တာပါ။ နောက် သူမရဲ့ အလုကုန်ကုမ္ပဏီကိုလည်း မျိုးရိုးနာမည် Fenty ကိုပဲ ရိုးရိုးရှင်းရှင်းရွေးချယ်ခဲ့ပါတယ်။

READ
နိုင်ငံ့ထိပ်သီးခေါင်းဆောင်တွေတက်ရောက်တဲ့ပွဲမှာ တွေ့ရတဲ့ ဆောင်းဟေကို
Instagram- @badgalriri

Miley Cyrus

Miley Cyrus ရဲ့ နာမည်အရင်းလေးကတော့ တော်တော်လေး လှတယ်လို့ဆိုရမှာပါပဲ။ Destiny Hope Cyrus တဲ့။ Destiny ဆိုတဲ့ ကံကြမ္မာရယ်၊ Hope ဆိုတဲ့ မျှော်လင့်ခြင်းရယ် နောက် Cyrus ကတော့ မျိုးမျိုးနာမည်ပေါ့။ ဖခင် Billy Cyrus က Miley ကို ငယ်ငယ်လေးကတည်းက ချစ်စနိုးနဲ့ခေါ်တဲ့ နာမည် Smiley ကြောင့် အနုပညာနာမည်ကိုလည်း Miley Cyrus ရယ်လို့ သတ်မှတ်လိုက်ကာ ၂၀၀၈ ခုနှစ်မှာပဲ တရားဝင်နာမည်ကိုလည်း Miley Cyrus ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။

Cardi B.

သူ့နာမည်ကတော့ Belcalis Almanzar ပါတဲ့။ Cardi B. ဆိုတဲ့ နာမည်ကိုတော့ အစ်မဖြစ်သူကြောင့် ရခဲ့တယ်လို့ဆိုပါတယ်။ ဒီလို.. သူ့အစ်မရဲ့နာမည်က Hennessy တဲ့။ လူတွေက သူ့အစ်မနာမည်နဲ့ သူ့နာမည်နဲ့ကို အသံတူကြောင်းကွဲဖြစ်အောင် Bacardi လို့ ခေါ်လေ့ရှိသတဲ့။ ဒါနဲ့ပဲ အနုပညာလုပ်တော့မယ်ဆိုတော့ Becardi ကို အတိုချုံ့လိုက်ပြီး Cardi B. ဆိုပြီး ပေးခဲ့တာပါတဲ့လေ။

Instagam- @iamcardib

Lady Gaga

Lady Gaga ကတော့ သူမရဲ့ငယ်ဘဝတုန်းက အတိတ်ဆိုးတွေကြောင့် သူ့နာမည်အရင်းကို ထုတ်မပြောပြချင်လွန်းလို့ ၂၀၁၃ ခုနှစ်ကတည်းက နာမည်ပြောင်းခဲ့တာတဲ့။ နာမည်အရင်းကတော့ Stefani Joanne Angelina Germanotta ပါတဲ့။ ရှည်လျားထွေပြားလိုက်တာ..

READ
တည်ငြိမ်ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အလှကို ပြသလိုက်တဲ့ မိုးဟေကို

https://www.instagram.com/p/CAYB6OAFlXI/

Halsey 

Ashley Frangipane ဆိုတဲ့အမျိုးသမီးကို မကြိုက်ဘူး။ သူက အရမ်းပျော့်ညံ့ပြီး အမြဲဝမ်းနည်းနေတတ်တဲ့ ဂေါက်ကြောင်တစ်ယောက်” လို့ Halsey က Rolling Stone မဂ္ဂဇင်းမှာ ၂၀၁၆ ခုနှစ်တုန်းက ပြောထားခဲ့ဖူးပါတယ်။ Halsey မှာလည်း အတိတ်တုန်းက ဆိုးဝါးကြမ်းတမ်းခဲ့ရတဲ့ အရိပ်မည်းတွေ ရှိနေခဲ့ဖူးပါတယ်။ နာမည်အရင်း Ashley Frangipane ကနေ အနုပညာနာမည်တစ်ခုကို ရွေးချယ်မယ်ဆိုတုန်းက မြေအောက်ရထားဂိတ်တစ်ခုကို တွေ့ခဲ့တယ်တဲ့။ အဲဒါကတော့ ဘရွတ်ကလင်းမှာရှိနေတဲ့ Halsey ဘူတာပဲဖြစ်ပါတယ်။

Instagram- @iamhasley

G-Eazy

အဖိုးအဖွားက ပေးခဲ့တဲ့ Gerald Earl Gillum ဆိုတဲ့ နာမည်က ခေတ်နောက်ကျနေပုံပေါက်တာကြောင့် သဘောမကျခဲ့ပါဘူးတဲ့။ အနုပညာအတွက် နာမည်ပေးမယ်လည်းကြံရော Gerald က G ရယ် နောက် အလယ်နာမည် Earl ရဲ့ E ရယ်ကိုပေါင်းပြီး G-Eazy လို့ပြောခဲ့ဖြစ်ပါတယ်ဆိုပြီး အင်တာဗျူးမှာပြောခဲ့ဖူးပါတယ်။

https://www.instagram.com/p/B-pkdF9AEWW/

Billie Eilish

Billie Eilish ရဲ့ တရားဝင် နာမည်အရင်းကတော့ Billie Eilish Pirate Baird O’Connell ပါတဲ့။ ရှည်လျားထွေပြားလှတဲ့ နာမည်အကြောင်း ရှင်းပြပါ့မယ်။ Billie ဆိုတဲ့ နာမည်ကိုတော့ ဆုံးပါးသွားတဲ့အဖိုးဖြစ်သူ Bill ဆိုတဲ့နာမည်ကို အစွဲပြုပြီး မှည့်ထားတာပါ။ Eilish ကတော့ Billie အလယ်နာမည်ပေါ့နော်။ ဒါကိုတော့ မိဘတွေက Katie နဲ့ Eilish Holton ဆိုတဲ့ အမွှာနှစ်ယောက်ရဲ့  documentary ကို ကြည့်ရင်း နာမည်သဘောကျလို့ မှည့်ခဲ့တာဖြစ်ပြီး Pirate ကတော့ အစ်ကိုဖြစ်သူ Finneas ကပေးထားခဲ့တာပါတဲ့။ O’Connell ကတော့ ဖခင်ရဲ့ မျိုးရိုးနာမည်ပေါ့နော်။

Instagram- @billieeilish

Penny

SHARE