တခြားကမ္ဘာကများလား အောက်မေ့ရမယ့် အခုကမ္ဘာပေါ်က သက်ရှိ သက်မဲ့ ဖြစ်တည်မှုများ

လူသားတွေဟာ ပင်ကို သဘာဝဗီဇအရ  ဘာမှန်မသိတဲ့ တစ်စုံတစ်ရာနဲ့ ပတ်သက်ပြီး ကြောက်လန့်တတ်တာကြောင့် အန္တရာယ်တွေရဲ့ အဝေးမှာနေလိုခြင်းဖြစ်တယ်။ ဒါပေမယ့် စူးစမ်းလိုစိတ်ပြင်းထန်တဲ့ လူတစ်ချို့ရဲ့ ကျေးဇူးကြောင့်နဲ့ တစ်ချို့သော အကြောက်တရားတွေကို တွန်းလှန်လာနိုင်ကြတယ်။ တဖြည်းဖြည်းနဲ့ ကမ္ဘာကြီးဟာ ဆန်းကြယ်မှုတွေ လျော့ပါးလာတယ်။ ဒီလို ဆန်ကြယ်မှုတွေကို ရှာဖွေရင်း တွေ့ရှိခဲ့ကြတဲ့ ကမ္ဘာတစ်လွှားမှာ ဖြစ်တည်နေတဲ့ သက်ရှိ သက်မဲ့တွေကိုလည်း အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ်။

GallowBoob / reddit

ဒီကောင်ကို Mexican Alligator Lizard လို့ခေါ်ပါတယ်။ မျိုးတုံးတော့မယ့် အန္တရာယ်ရှိနေတဲ့ သက်ရှိမျိုးစိပ်တစ်မျိုးလည်းဖြစ်ပါတယ်။

vhin-vii / reddit

ဒီ ငှက်တွေက ကနေဒါနိုင်ငံ  Qualicum ကမ်းခြေမှာ ရှင်သန်နေထိုင်ကြပါတယ်။ ဒီ ငှက်တွေဟာ ဆံပင် အသားအရေမှာ အရောင်ဖြစ်ပေါ်မှုအားနည်းတဲ့ အခြေအနေရှိလို့ အခုလို အဖြူရောင်ဖြစ်နေရခြင်းဖြစ်ပါတယ်။ (၁၀) အတွင်းမှာ ငှက် (၂) ကောင်လောက်က အခုလိုမျိုး အခြေအနေနဲ့ တွေ့ကြုံရလေ့ရှိပြီး မျိုးရိုးလိုက်တဲ့ ဖြစ်စဉ်တစ်ခုလို့လည်း သိရပါတယ်။ တစ်နှစ်ကို ကျီးဖြူတစ်ကောင်ကို Qualicum ကမ်းခြေက မွေးထုတ်ပေးနေပါသတဲ့…။

READ
ကမ္ဘာ့သမိုင်းတစ်လျှောက်အချမ်းသာဆုံး လူသား(၁၀)ဦး
major.melody / pikabu

ဒီအခြေအနေမျိုးက အေးပြီး ဆီးနှင်းကျတဲ့ ဒေသတွေမှာ ဖြစ်ပေါ်တာပါတယ်။ လေထုထဲမှာ ရေခဲအမှုန်တွေ ပျံ့လွင်နေတာကြောင့်သော်လည်း အထက်မှာ တိမ်တွေဖွဲ့နေတာကြောင့် သော်လည်းကောင်း အခုလိုမြင်တွေ့ရခြင်းဖြစ်ပါတယ်။

unknown user/ imgur
ရေငုပ်သမား သမုဒ္ဒရာ ချောက်နှုတ်ခမ်းပါးမှာ ထိုင်နေစဉ်….
David Liittschwager / liittschwager

ဒါက limacina (သို့) ပင်လယ်လိပ်ပြာလို့ ခေါ်ပါတယ်။ ၄င်းရဲ့ အခွံဟာ ကာဗွန်ဒိုင် အောက်ဆိုက်ဒ်နဲ့ ထိတွေ့ပြီး ၄၅ ရက်အကြာမှာ ရေထဲမှာ လုံးဝပျော်ဝင်သွားပါတယ်။

LordSynister / reddit

ဒီ ရေပြာအိုင်က နတ်ကြီးတယ်ဆိုလားပဲ။ ဆင်းကူတဲ့သူဆို မကြာဘူးသေတယ်၊ ရေကို ခပ်ယူသွားရင်လည်း အပြာရောင်အတိုင်း မရတော့ဘူးလို့သိရတယ်။ အခုလို ပြာနေရတဲ့အကြောင်းအရင်းကတော့ ရေကန်အောက်ခြေမှာ ပျော်ဝင်နေတဲ့ သတ္တုဓာတ်ကြောင့်လို့ သိရပါတယ်။

tsyren / pikabu

ဆောင်းရာသီမှာဆို အခုလိုမျိုး လူတွေဆီမှာ လျှပ်စစ်ဓာတ်တွေ ထွက်ပေါ်လာတတ်ပါတယ်။ ဒါက အနွေးပေး အင်္ကျီတွေဝတ်ဆင်တာကြောင့် လျှပ်ငြိမ်ဓာတ်ပေါ်ထွက်လာတာဖြစ်ပါတယ်။ လူလုပ် ပစ္စည်းတွေများတဲ့ အခန်းနေရာမှာဆို ဒီ ဓာတ်က ကွယ်ပျောက်သွားလေ့ရှိတယ်။

insanezane777 / reddit
Ohio မြို့မှာ နှင်းမုန်တိုင်းတိုက်ပြီးတဲ့နောက်….
mattjh / reddit

ဒီ ခြေထောက်ပိုင်ရှင် သတ္တ၀ါကို တောင်ပိုင် ကာဆိုဝါရီလို့ ခေါ်ပါတယ်။ တနည်အားဖြင့် ငှက်ကုလားအုပ်လို အမျိုးအစားဖြစ်တယ်။ အကောင်အရွယ်အစားက အရှည် (၅၀-၆၇) လက်မမှာရှိတယ်။ သူတို့က သန်မာတဲ့ ခြေထောက်တွေ လက်သည်းတွေနဲ့ တိုက်ခိုက်တတ်ကြတယ်။

READ
ကမ္ဘာ့နိုင်ငံအသီးသီးက အံ့သြဖွယ် အယူဝါဒအစွဲများ
blessykurian / instagram

ဒီ မီးတောင်ချော်ရည်နဲ့ ပြုတ်ထားတဲ့ ကြက်ဥကို စားရင် သက်တမ်းစေ့ထက် (၇) နှစ် ပိုအသက်ရှည်တယ်လို့ သိရပါတယ်။ ဒီ ကြက်ဥကို ဂျပန်နိုင်ငံ Owakudani ဆိုတဲ့ ဒေသမှာသာ ရပါတယ်။ ဟိုက်ဒရိုဂျင် ဆာလဖိုက်နဲ့ ဆာလဖာဒိုင်အောက်ဆိုက်တို့ ပျော်ဝင်နေတဲ့ ရေနဲ့ ပြုတ်ထားတာဖြစ်တယ်။

Gridim / pikabu

စင်ကာပူနိုင်ငံမှာ သုံးမြှောင့်ပုံစံ အဆောက်အဦး ဖြစ်ပါတယ်။ ရောင်ပြန်မှန်တွေနဲ့ မျက်စိကို လှည့်စားထားတာဖြစ်တယ်။

petrovoker / pikabu

ဒီနေရာဟာ သံလိုက်လျှပ်စစ်ဓာတ်တွေ ပျံနှံ့နေတာကြောင့် အခုလို မီးချောင်းတွေ မီးလုံးတွေဟာ သူ့အလိုလို ထွန်းလင်းနိုင်တာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာပေါ်မှာ သံလိုက်လျှပ်စစ်ဓာတ်တွေ သူ့အလိုလို ပျံ့နှံ့နေတဲ့ နေရာများစွာ ရှိပါတယ်။

assertivelion / reddit

ရီယိုဒီ ဂျနေရိုးမြို့မှာရှိတဲ့ ရှေးဟောင်း ပေါ်တူဂီ စာကြည့်တိုက်ဖြစ်ပါတယ်။

Matthew

Ref : Brightside

SHARE