Crazy Rich Asian ထဲက မိသားစုဟာ တကယ်ရှိတယ်ဆိုတာ သင်သိပါသလား။

Kevin Kwan via Town & Country

Crazy Rich Asians ဟာ ထွက်ပြီးတာကြာနေပြီဖြစ်ပေမယ့်လို့ အခုအချိန်အထိ ကြည့်ရှုသူမြင့်မားနေတဲ့ စာရင်းထဲ ပါဝင်နေတုန်းပါ။ Rotten tomatoes မှာလည်း စစထွက်ထွက်ခြင်း ၁၀၀% အထိ ရရှိခဲ့ပါတယ်။

Instagram

တကယ်တော့ ဒီရုပ်ရှင်ဟာ Kevin Kwan ဆိုတဲ့ စာရေးဆရာရဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားခဲ့တာပဲဖြစ်ပါတယ်။ Kevin ဟာ သူ့ရဲ့စာအုပ်ကိုမီငြမ်းရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ စာရေးဆရာ Kevin ကိုယ်တိုင်ဟာ ဒီဇာတ်လမ်းထဲမျာ ပါဝင်တဲ့ မိသားစုဟာ သူ့ရဲ့ ဘိုးဘေးတွေရဲ့ အကြောင်းကို အခြေခံပြီး ချဲ့ကားရေးသားထားခဲ့တာလို့ ဝန်ခံခဲ့တဲ့အတွက်ကြောင့် Kevin ရဲ့ Kwan မျိုးနွယ်အကြောင်း တစ်ချက်ဖတ်ကြည့်လိုက်ရအောင်ပါနော်။

(၁)Kwan မိသားစုနောက်ကြောင်း

Kevin ဟာ ဇာတ်လမ်းထဲက Young မိသားစုကို ပုံဖော်ဖိွုှ့တွက် သူ့ရဲ့မျိုးရိုးဖြစ်တဲ့ Kwan, အဖိုးမျိုးရိုးဖြစ်တဲ့ Hu နဲ့ အဘွားဖက်ကမျိုးရိုးဖြစ်တဲ့ Oh မျိုးရိုးသုံးခုတို့ကို လေ့လာခဲ့တယ်လို့သိရပါတယ်။ Hu နဲ့ Oh တို့ မျိုးရိုးနှစ်ခု ၉၄၆ ခုနှစ်မှာ ပေါင်းပြီးကာမှ Kevin ရဲ့မျိုးရိုးဖြစ်တဲ့ Kwan မျိုးရိုးဖြစ်ခဲ့ကြတာပါ။ မျိုးရိုးသုံးခုလုံးဟာ စင်္ကာပူလူမျိုးတွေဖြစ်ပါတယ်။

READ
မိုင်ယာမီရဲ့ကိုကင်းနတ်ဘုရားမ Griselda Blanco ရဲ့ လူသိပ်မသိတဲ့အချက် ၆ ချက်
Kevin Kwan via Town & Country

(၂) စာရေးဆရာရဲ့ အဘေး

OCBC ဘဏ်ဟာ အရှေ့တောင်အာရှတစ်ခွင်ရဲ့ ဘဏ်လုပ်ငန်းတွေထဲ အကြီးဆုံးလုပ်ငန်းစုကြီးထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစုကြိးကို တည်ထောင်ခဲ့သူဟာ Kevin ရဲ့ အဘေး Kwan မျိုးရိုးမှဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၈၆ နှစ်၊ ၁၉၃၂ ခုနှစ်က စင်္ကာပူမှာစတင်တည်ထောင်ခဲ့တာမို့ ဘယ်လောက်တောင် ကျိကျိတက်ချမ်းသာမလဲဆိုတာ တွေးကြည့်ရုံနဲ့တင်သိပါတယ်။

Kevin Kwan via Town & Country

(၃) Kwan မျိုးရိုးမှန်ရင် တရုတ်စကားမတတ်ကြဘူး။

စာရေးဆရာရဲ့အဖိုးပြောစကားကို ကြားခဲ့ဖူးတာပါ။ အဖိုးဖြစ်သူဟာ သူငယ်စဉ်ကတည်းက သူတို့မိသားစုပတ်ဝန်းကျင်မှာရော၊ တက်တဲ့ကျောင်း၊ သွားတဲ့နိုင်ငံတွေဟာ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေဖြစ်တာကြောင့် ကိုယ့်ကိုယ့်ကိုယ် အာရှသားတရုတ်လို့တောင် တစ်ခါတစ်ခါမေ့တယ်လို့ပြောခဲ့ဖူးပါတယ်။ နောက်ပြီး Kwan မျိးရိုးထဲက ဘယ်သူကမှ တရုတ်စကားကို မပြောတတ်ကြသလို သိလည်း မသိကြပါဘူးတဲ့။ အင်္ဂလိပ်စကားပြောတဲ့လေသံဟာ ဗြိတိန်ရုပ်ရှင်တွေထဲကလိုပဲ သိပ်ကိုနားထောင်လို့ကောင်းတယ်ဆိုပဲ။

Kevin Kwan via Town & Country

(၄) Johor စော်ဘွားနေခဲ့တဲ့အိမ်မှာ ပြောင်းနေခဲ့တဲ့ စာရေးသူရဲ့ အဘွားလေး

READ
ကမ္ဘာစစ်ရဲ့ စစ်ပွဲတွင်းအငွေ့အသက်တွေကို ထင်ဟပ်အောင် ခဲခြစ်ပန်းချီရေးဆွဲခဲ့သူ

Margaret Kwan နဲ့ သူမရဲ့အမျိုးသား Dr Hu Tsai Kuen တို့ဟာ စင်္ကာပူရဲ့အကြီးကျယ်အခမ်းနားဆုံးအိမ်ကြိးတွေကို ဝယ်ဝယ်ပြီးနေတတ်ကြပါတယ်။ နောက်ဆုံးအတည်တကျနေသွားတာကတော့ Johor စော်ဘွားရဲ့နေအိမ်ပဲဖြစ်ပါတယ်။

Kevin Kwan via Town & Country

(၅) နာမည်ကြီး တိုက်ဂါးဘမ်းဖြစ်လာဖို့ အဓိကဦးဆောင်ပေးခဲ့တဲ့စာရေးသူရဲ့ အဖိုးလေး

တိုက်ဂါးဘမ်း (Tiger Balm) ကို အားလုံးသိကြမယ်ထင်ပါတယ်နော်။ ဒီမှာသာမကဘဲ နာကျင်မှုတွေအတွက် ပရုတ်ဆီလို့ခေါ်ရမယ့် ဆေးဟာ အာရှိတစဝိုက်မှာလည်း တော်တော်လေးကို နာမည်ကြီးနေဆဲပါပဲ။ ဒါကိုတည်ထောင်ဖို့အတွက် အဓိကအကူအညီပေးခဲ့သူကတော့ Tsai Kuen ပဲဖြစ်ပါတယ်။ Tsai Kuen ဟာ စာရေးသူရဲ့အဖွားလေး Margaret Kwan ရဲ့ ခင်ပွန်းပါ။

Kevin Kwan via Town & Country

Source: World of Buzz

Penny

SHARE