စင်္ကာပူမွေထိုင်း လက်ဝှေ့ပြိုင်ပွဲအပြီးမှာ နှလုံးခုန်ရပ်တန့်ပြီး သေဆုံးခဲ့တဲ့ အမျိုးသား

စင်္ကာပူနိုင်ငံ၊ Marina Sands Bay မှာ အပျော်တမ်းအဖြစ် ကျင်းပခဲ့တဲ့ “ကျော်ကြားသူတို့လက်ဝှေ့ပွဲ”အပြီးမှာ ယှဉ်ပြိုင်သူတစ်ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူအမည်မှာ အိန္ဒိယနွယ်ဖွား၊ Pradip Subramanian ဖြစ်ပြီး Bodybuilder အဖြစ် အသက်မွေးဝမ်းကြောက်း ပြုပါတယ်။ သူ့အသက်ကတော့ 32 နှစ်ပါ။ သူဟာ စင်္ကာပူနွယ်ဖွား Pop အဆိုတော် Steven Lim နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာလို့ The Sun က ဆိုပါတယ်။

Sylvester Sim, left, poses with Steven Lim, right

သူဟာ ပွဲချိန်အနည်းငယ်အတွင်းမှာ လက်ရည်အသာနဲ့ ရင်ဆိုင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အမောဖောက်လာခဲ့ပုံရပါတယ်။ ဒီပွဲဟာ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တာဖြစ်ပြီး၊ နောက်ထပ် မိနစ်အနည်းငယ် အကြာမှာ Pradip ဟာ နှလုံးခုန်ရပ်တန့်သွားတာပါ။ သူ့ကို စင်္ကာပူဗဟိုဆေးရုံကြီးဆီကို အမြန်ပို့ပေးခဲ့ပေမယ့် သူ့အသက်ကို မကယ်ဆယ်နိုင်ခဲ့ပါဘူး။

READ
ကင်ဆာဖြစ်နေတဲ့ မိခင်အတွက် ဆံပင်တုလုပ်ဖို့ (၅)နှစ် ဆံပင်အရှည်မွေးထားခဲ့တဲ့ သားငယ်
instagram

ဒီပွဲကို စီစဉ်ကျင်းပခဲ့တဲ့ Asia Fighting Championship အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း Pradip သေဆုံးမှုကို အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဆေးရုံမှ ထုတ်ပြန်ချက်မှာလည်း Pradip ဟာ နှလုံးအစို့ရှင် အလုပ်လုပ်ဆောင်မှု ရပ်တန့်သွားပြီး၊ အသက်ရှုလမ်းကြောင်း ပိတ်ဆို့ကာ သေဆုံးခဲ့ရကြောင်း ဆိုပါတယ်။

instagram

Singapore’s World Bodybuilding and Physique Sports Federation အဖွဲ့ကလည်း ယခုအဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း ကြေငြာခဲ့ပါတယ်။ Lim ရဲ့ သူငယ်ချင်းဖြစ်သူ Sylvester Sim ကလည်း သူရဲ့ လူမှုကွန်ယက်မှ သေဆုံးသူအတွက် ဆုတောင်းစကား ရေးသားခဲ့ပါတယ်။

instagram

Pradip ရဲ့ မိဘတွေက သူတို့ရဲ့သား ဒီပွဲကို ၀င်ရောက်ထိုးသတ်မယ်ဆိုတာ သိတောင် မသိခဲ့ဘူးလို့ ဆိုပါတယ်။ အနိုင်ရရှိခဲ့တဲ့ အသက် 41 နှစ်အရွယ် Lim ကလည်း Pradip ရဲ့ အဖြစ်အပျက်ဟာ သူ့အတွက် အလွန်သွေးပျက်စရာ ဖြစ်ခဲ့ရပြီး၊ တကယ့်ကို ရေကုန်ရေခမ်း ကြိုးစားထိုးသတ်သူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

READ
Hana Kimura ရဲ့ သေတမ်းစာကို သူမရဲ့ နေအိမ်မှာ တွေ့ရှိ

ဒီ”ကျော်ကြားသူတို့ လက်ဝှေ့ပွဲ”ဟာ အပျော်တမ်းပွဲဆိုပေမယ့်၊ ပရော်ဖတ်ရှင်နယ်ဒိုင်လူကြီးတွေနဲ့ ကျကျနနကျင်းပတဲ့ပွဲဖြစ်ပြီး၊ တကယ့်လက်ဝှေ့ပွဲအတိုင်း အနိုင်ထိုးသတ်ရတာ ဖြစ်ပါတယ်။ ဒီအတွက် လက်ဝှေ့မထိုးခင်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်ကြောင်း သဘောတူစာချုပ်ကိုလည်း လက်မှတ်ထိုးရတယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE