လူတွေရဲ့ အပြုအမူကို လိုသလို ပြောင်းလဲနိုင်မယ့် စိတ်ပညာနည်းလမ်းများ

စိတ်ပညာဟာ ထူးခြားဆန်းကြယ်လှတဲ့ လူသားတွေရဲ့ စိတ်ကို လေ့လာတဲ့ ပညာတစ်ရပ်ဖြစ်ပါတယ်။ စိတ်ပညာရဲ့ အခြေခံသဘာတရားကို နားလည်တဲ့အခါ ကိုယ့်နားက လူတွေရဲ့ အပြုအမူကို ပြောင်းလဲဖို့အတွက် အသုံးချနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ တကယ်လည်း အသုံးဝင်ပြီး အစွမ်းလည်းထက်တဲ့ စိတ်ပညာနည်းလမ်းတွေဖြစ်ပါတယ်။

pexels

အသိအမှတ်ပြု မြှောက်ပင့်ခြင်း

ဒီနည်းက ပျော်စရာတော့ ကောင်းပါတယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါ သူပြောလိုက်တဲ့ထဲက စကားလုံးတစ်လုံးကို ရွေးချယ်လိုက်ပါ။ အဲဒီစကားလုံး သို့မဟုတ် အဲဒီစကားလုံးနဲ့ အဓိပ္ပါယ်ဆင်တူတဲ့ စကားလုံးကို သူပြောလိုက်တိုင်း ကိုယ်က အသိအမှတ် ပြုတဲ့အနေနဲ့ ပြုံးပြတာ၊ ခေါင်းငြိမ့်ပြတာမျိုး လုပ်ပေးပါ။ ဒါဆိုရင် ထိုသူက မကြာခဏဆိုသလို ထိုစကားလုံးကိုပဲ ထပ်တလဲလဲ ပြောပြောနေတာကို တွေ့ရမှာပါ။

စကားပြောပြီး ခိုင်းခြင်း

တကယ်လို့ ကိုယ်က တစ်ယောက်ယောက်ကို ပစ္စည်းသယ်ခိုင်းချင်တယ် ဥပမာ.. စာအုပ်လိုမျိုး။ ဒါဆိုရင် ဒီနည်းကို သုံးကြည့်လိုက်ပါ။ သူ့ကို ဆက်တိုက်စကားပြောနေပါ။ စကားပြောနေရင်း မသိဘာသာနဲ့ စာအုပ်ကို သူ့ဆီ ထိုးပေးလိုက်ပါ။ ဒါဆိုရင် ဟိုဖက်တစ်ယောက်ကလည်း မသိစိတ်ကနေ မေ့လျော့ပြီး ကိုယ်ကမ်းပေးတဲ့ ပစ္စည်းကို အလျိုအလျောက် သယ်လာပါလိမ့်မယ်။

READ
ဆိုင်ထဲ ငါးမွေးတာကို ကန့်ကွက်မှုတွေကြောင့် အပြောင်းအလဲလုပ်ခဲ့ရတဲ့ ကော်ဖီဆိုင်

အဖေ့ရဲ့ လမ်းညွှန်စကား

တကယ်လို့ စာဖတ်သူဟာ ဘာကိစ္စဖြစ်ဖြစ် သိပ်အလေးအနက်မထားတဲ့သူတွေကို တွေ့တဲ့အခါ ဒီနည်းကို သုံးနိုင်ပါတယ်။ တကယ်လို့ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းကို ကိုယ်က နားချချင်တယ်၊ ဒါပေမယ့် ကိုယ့်အကြံဆိုရင် သူတို့က ခပ်ပေါ့ပေါ့ပဲ တွေးပြီး လက်ခံမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်ပေးတဲ့ အကြံဟာ ကိုယ့်အဖေက ပြောတာဖြစ်ကြောင်း၊ အဖေက ကိုယ့်ကို ဒီလိုသွန်သင်ခဲ့လို့ မှားမှာမဟုတ်ကြောင်း ဖခင်နဲ့ ကိုင်ပေါက်ပြီး နားချနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူတွေဟာ ဖခင်တွေက ပေးတဲ့ အကြံဥာဏ်ဆိုရင် ယုံယုံကြည်ကြည်နဲ့ နားထောင်လေ့ ရှိပါတယ်။

pexels

ကျောက်တုံး စက္ကူ ကပ်ကျေး

တကယ်လို့ ကျောက်တုံး စက္ကူ ကပ်ကြေး ကစားနည်းမှာ ကစားတိုင်း နိုင်ချင်တယ်ဆိုရင် ဒီလျို့ဝှက်ချက်လေးကို သိထားသင့်ပါတယ်။ ကစားနည်းမစခင် ကိုယ်နဲ့ဆော့မယ့် ကစားဖော်ကို မေးခွန်းတစ်ခုမေးပါ။ မေးပြီးတာနဲ့ ချက်ခြင်း ကျောက်တုံး စက္ကူ ကပ်ကြေးဆိုပြီး အော်လိုက်ပါ။ ဒီအခါ ကိုယ်နဲ့ ကစားဖော်ဟာ အမြဲတမ်းလိုလို ကပ်ကျေးပဲ လုပ်ဖြစ်သွားတာကို တွေ့ရမှာပါ။

READ
အသက်ငယ်ပေမယ့် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ရင့်ကျက်တဲ့ မိန်းကလေးတွေဆိုတာ ဒီလိုပါ

မျက်လုံးချင်းဆုံခြင်း

တစ်စုံတစ်ယောက်ဆီက စကားတစ်ခွန်းခွန်း ထွက်လာဖို့များ မျှော်လင့်နေပါသလား။ ဒါဆိုရင် သူ့ကို မေးခွန်းတစ်ခုမေးပါ။ မေးပြီးတဲ့အခါ စက္ကန့်အနည်းငယ်လောက် ငြိမ်ပြီး သူ့နဲ့ မျက်လုံးချင်းဆုံအောင် ကြည့်နေလိုက်ပါ။ ဒီအခါ အမေးခံရတဲ့လူဟာ သူ့ဘာသာ အလိုအလျောက် စကားပြောလာပြီး ကိုယ်လိုချင်တဲ့အချက်အလက်တွေပါ အကုန် ဖွင့်ဟပြောလာတာကို တွေ့ရမှာပါ။

လင်းလင်း (ShweMom)

Ref: ideapod

SHARE