မိုက်ကယ်ဂျက်ဆင်ရဲ့ ပလတ်စတစ်ဆာဂျရီစွဲလမ်းမှုနဲ့ ပျက်ယွင်းခဲ့တဲ့ရုပ်ရည်အကြောင်း

twitter/michael jackson

ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်ရဲ့ မျက်နှာပျက်စီးခဲ့ရမှုရဲ့ အကြောင်းအရင်းဟာ ပလတ်စတစ်ဆာဂျရီကြောင့်လို့ပြောရင် အခုခေတ်အခြေအနေတွေအရ ယုံနိုင်စရာမရှိပါဘူး။ နှာခေါင်းခွဲစိတ်ပြုပြင်ခဲ့တာကနေစလို့ မိုက်ကယ်ဟာ အခြားပလတ်စတစ်ဆာဂျရီတွေ မအောင်မြင်ခဲ့ပေမယ့် အခုခေတ်မှာဆို Kylie Jenner တို့ဆိုရင် လုံးဝကို မသိသာစေဘဲ သူမရဲ့ မျက်နှာကို လှပပြည့်စုံစွာ ပြောင်းလဲနေနိုင်ပါတယ်။

Pinterest/up-free

မိုက်ကယ်ကတော့ ငွေကြေးမြောက်များစွာကုန်ကျခံပြီး ခွဲစိတ်ခဲ့ပေမယ့် Kylie လောက်တောင် ပလတ်စတစ်ဆာဂျရီဆရာဝန်ကောင်းနဲ့ တွေ့ခဲ့ရဟန်မတူပါဘူး။ မိုက်ကယ် အသက် (၁၉)နှစ်မှာ အာဖရိကလူမျိုးရုပ်ရည်နဲ့ မျက်နှာပေါ်မှာ အစက်အပြောက်အနည်းငယ်ရှိခဲ့ပြီး သူဟာ သူ့ရုပ်ရည်နဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ခဲ့ကာ နှာခေါင်းခွဲစိတ်ပြုပြင်မှု စလုပ်ခဲ့ပါတယ်။ ခွဲစိတ်တာဝန်မခံချင်ခဲ့တဲ့သူကတော့ ရီဟာဇယ်တိုက်ရင်း ဒဏ်ရာရခဲ့လို့ခွဲစိတ်ခဲ့ရတယ်ဆိုပြီး ဆင်ခြေပေးခဲ့ပါတယ်။

pinterest/up-free

သူ့ရဲ့ Thriller အယ်လ်ဘမ်ထွက်ရှိခဲ့ချိန်မှာတော့ မိုက်ကယ်ဟာ မျက်နှာပြုပြင်ခွဲစိတ်မှုတွေ ထပ်လုပ်ထားခဲ့ပြီး အာဖရိကရုပ်ရည်လည်း ပျောက်ကွယ်နေခဲ့ပါပြီ။ ပလတ်စတစ်ဆာဂျရီလုပ်တာကို စွဲလမ်းလာခဲ့တဲ့မိုက်ကယ်ဟာ တစ်ခါတစ်ခါ ပြောင်းသွားတိုင်း လုံးဝအံ့သြစရာတွေ ဖြစ်ဖြစ်သွားစေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားဆိုင်ရတဲ့အချိန်တွေမှာတော့ သူ့ရဲ့ ကြည့်ကောင်းခဲ့တဲ့ရုပ်ရည်ဟာ လုံးဝမကျန်တော့ပါဘူး။

READ
ခြေသလုံးလောက်ရှိတဲ့အမှိုက်တွေနဲ့အခန်းထဲက ၅ နှစ်သမီးလေးကို ရှာတွေ့ခဲ့တဲ့ဖြစ်ရပ်

မိုက်ကယ်ရဲ့ ခွဲစိတ်ဆရာဝန် Steven Laughlin ကတော့ (၁၉၉၉)ခုနှစ်လောက်မှာ မိုက်ကယ်က သူ့ရုပ်ရည်ကို အကျေနပ်ဆုံးအချိန်ဖြစ်နေခဲ့ပြီး ခွဲစိတ်မှုအရေအတွက်ကတော့ ခွင့်ပြုတာထက်ပိုလုပ်ခဲ့ကြောင်းပြောပြခဲ့ပြီး Dailymail မီဒီယာက ဖော်ပြချက်အရလည်း မိုက်ကယ်ဟာ ခွဲစိတ်မှု အကြိမ် (၁၀၀)ထက်မနည်းပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

သူဟာ အရေပြားကို အရည်ပျော်ကျအောင်လုပ်ပြီး အရောင်ချွတ်ခဲ့တာတွေလုပ်ခဲ့ပြီး မျက်နှာအစိတ်အပိုင်းအကုန်လုံးကိုလည်း ခွဲစိတ်ခဲ့ပါတယ်။ မိုက်ကယ်ရဲ့အဖြစ်ဆိုးကတော့ ကိုယ့်ကိုယ်ကို နဂိုအတိုင်းပဲ တန်ဖိုးထားပြီး ထိန်းသိမ်းတတ်ဖို့ သင်ခန်းစာပေးခဲ့တာပါပဲ။

White (Shwemom)

Ref: Fabiosa

SHARE