ဓာတ်ပုံဆရာတစ်ယောက်ကို ဘာကြောင့်လက်ထပ်သင့်လဲဆိုတဲ့ အကြောင်းပြချက်(၇)ချက်

Alliance Images/Shutterstock

သင့်ရဲ့အိမ်ထောင်ဖက်အဖြစ် ဘယ်လိုလူကိုရွေးမယ်လို့ စဉ်းစားထားလဲ။ ဆရာဝန်၊ အင်ဂျင်နီယာ ၊ လုပ်ငန်းရှင် ၊ အစိုးရ၀န်ထမ်း။ ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ်ပါ။ အဓိက ကတော့ အိမ်ထောင်သည်ဘ၀မှာ သင် ပျော်ရွှင်ရဖို့ပဲ မို့လား။

အိမ်ထောင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အကြံပေးလေ့ရှိတဲ့ အိုဒက်ဆီ ဆိုတဲ့ ၀က်ဆိုက်မှာတော့ ပျော်ရွှင်ချင်တဲ့ မိန်းကလေးတွေအနေနဲ့ ဓာတ်ပုံဆရာတွေကို အိမ်ထောင်ပြုသင့်တဲ့အကြောင်း အခုလို အချက်အလက်တွေနဲ့ ဖော်ပြထားပါတယ်။

(၁)။ သင့်အတွက်ဓာတ်ပုံတွေ မညီးမညူရိုက်ပေးနိုင်တယ်

ဓာတ်ပုံဆရာပါဆိုမှ ဓာတ်ပုံရိုက်နေရရင် ပျော်နေတာပဲလေ။ ဒီတော့ သင့်ရဲ့ဓာတ်ပုံတွေကိုလည်း မညီးမညူရိုက်ပေးမှာပါ။ သင့်ရဲ့ခရီးသွားဓာတ်ပုံလှလှလေးတွေ၊ ဖက်ရှင်ကျတဲ့ဓာတ်ပုံလေးတွေကိုရဖို့အတွက် ခင်ပွန်းသည်ဓာတ်ပုံဆရာတစ်ယောက်လုံးရှိနေတာ မကောင်းဘူးလား။

Stock-Asso/Shutterstock
(၂)။ သူတို့က ဘ၀ကို တခြားအမြင်တမျိုးနဲ့မြင်တတ်သူတွေ

သူတို့က ဘ၀ကို သူများနဲ့မတူတဲ့ ရှုထောင့်တွေကနေ တွေးတတ်သူတွေပါ။ သူတို့ရိုက်တဲ့ ဓာတ်ပုံတွေမှာ အများနဲ့ရှုထောင့်မတူအောင် စဉ်းစားတတ်သူတွေပဲလေ။ ဒီတော့ သင့်အနေနဲ့ ဘ၀ထဲမှာ ပြဿနာတစ်ခုခု ရှိတိုင်း သင့်ကို ရှုထောင့်ပေါင်းစုံကနေ စဉ်းစားပေးမယ့်သူတစ်ယောက် အနားမှာရှိနေသလို ခံစားရလိမ့်မယ်။

READ
သင့်ချစ်သူ သင့်ကိုရူးခါသွားလောက်အောင် ပိုချစ်လာစေဖို့နည်းလမ်းကောင်းများ
Aris Suwanmalee/Shutterstock
(၃)။ သူတို့ဟာ အသေးစိတ်လေးတွေကို အာရုံစိုက်တယ်

လေတိုက်လို့သစ်ရွက်လေးတွေ လွင့်သွားတာကအစ၊ ခန်းဆီးလေးတွေလှုပ်သွားတာအဆုံး သူတို့က အသေးစိတ်လေးတွေကို အာရုံစိုက်တတ်သူတွေပါ။ ဒီတော့ သင်နဲ့ပတ်သက်ပြီး အာရုံတွေ လွင့်နေမှာ မပူရတော့သလို သင့်ကို အပြည့်အ၀ အာရုံစိုက်ထားမှာလည်း ပူစရာမလိုတော့ဘူးပေါ့။

Rawpixel.com/Shutterstock
(၄)။ လူတစ်ယောက်ကို ဘယ်လိုပြုံးအောင်လုပ်ရမယ်မှန်း သိသူတွေ

ဒါက ဓာတ်ပုံဆရာတွေရဲ့အားသာချက်ပဲလေ။ သူတို့က လူတစ်ယောက်ကို ဘယ်လို ပြုံးအောင်လုပ်ရမယ်မှန်း သိကြတယ်။ ဒီတော့ သင် စိတ်ညစ်နေတဲ့အချိန်တွေ၊ မပျော်တဲ့အချိန်တွေဆိုရင် သူတို့က သင့်ဘေးမှာနေပြီး သင့်ကိုပြုံးနိုင်အောင် လုပ်ပေးမှာပါ။

(၅)။ ခရီးသွားရတာကို သဘောကျသူတွေ

သင်ဟာ ခရီးသွားရတာကို သဘောကျတဲ့သူလား။ အဲဒါဆိုရင် ဓာတ်ပုံဆရာတစ်ယောက်က သင့်အတွက် အသင့်တော်ဆုံးပါ။ တစ်ခါတစ်လေ ကွန်ပြူတာနဲ့ဓာတ်ပုံတွေတည်းဖြတ်နေတာမျိုး၊ ဓာတ်ပုံခန်းထဲမှာ ရှိနေတာမျိုးတွေ ဖြစ်နေနိုင်ပေမယ့် များသောအားဖြင့်တော့ သူဟာ သင်နဲ့အတူ မညီးမညူခရီးသွားဖို့ ပြင်ဆင်နေမှာပါ။

READ
အိမ်ထောင်သက်(၆၅)နှစ်ဆိုပေမယ့် ဇနီးသည်ကို သီချင်းဆိုပြနေဆဲ (၈၃)နှစ်အရွယ်အဖိုး
(၆)။ သင့်ကို ယုံကြည်မှုရှိအောင်လုပ်ပေးနိုင်တယ်

သင်ဟာ ယုံကြည်မှု မရှိတဲ့သူ တစ်ယောက်ဆိုရင်တောင်မှ သင့်ကိုလူတွေအများကြီးထဲမှာ ထင်ပေါ်လာအောင် သူက ဓာတ်ပုံအစွမ်းနဲ့လုပ်ပေးနိုင်မှာပါ။ အဲဒီဓာတ်ပုံတွေကြောင့် သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလာမှာဖြစ်ပြီး လူတွေကြားမှာ ရှက်နေတာမျိုးလည်း ဖြစ်တော့မှာမဟုတ်ပါဘူး။

(၇)။ သင့်အတွက် အမှတ်တရတွေအများကြီး သူဖန်တီးပေးလိမ့်မယ်

ဓာတ်ပုံတွေဆိုတာ အဖိုးတန်တဲ့အမှတ်တရတွေပဲလေ။ အထူးသဖြင့် အရမ်းလှတဲ့ ဓာတ်ပုံတွေဆိုရင် ဘ၀တစ်လျှောက်လုံး သိမ်းထားဖို့တောင် ထိုက်တန်တယ်မဟုတ်လား။ ဒီတော့ သင့်အတွက် ကောင်းမွန်တဲ့ အမှတ်တရတွေကို သူက ပေးစွမ်းနိုင်မှာဖြစ်သလို ပျော်ရွှင်စရာအချိန်တွေကို သူနဲ့အတူ ပိုင်ဆိုင်နိုင်မှာပါ။

Linn

Source : theodysseyonline

SHARE