အရပ်ပုတဲ့ ကောင်မလေးတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းအရင်း..

ပုတဲ့ ကောင်မလေးတွေနဲ့တွဲရတာ နည်းနည်းတော့ အလုပ်ရှုပ်မယ်လို့ အရင် ကတော့ ထင်မိကောင်းထင်မိပါလိမ့်မယ်။ဒါပေမယ့် ပုတဲ့ ကောင်မလေး တွေနဲ့ ဒိတ်လုပ်ရင် ကြုံတွေ့ခံစားရမယ့် ကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ပု တဲ့ ကောင်မလေးတွေကို ချစ်သူတော်လိုက်ရင် ရလာမယ့် အကျိုး ကျေးဇူး တွေကတော့….

#1 ပုပြီး တခုခုကို မမီမကမ်းဖြစ်နေတာလေးက သူမရဲ့ ဆွဲဆောင်မှုပါ။ပုတဲ့ ကောင်မလေးတစ်ယောက်က သူမအရပ်နဲ့မမီတဲ့ပစ္စည်းအရာဝတ္ထုတစ်ခုခုကို  ကြိုးစားပမ်းစားနဲ့ ယူဖို့ ကြိုးစားနေတဲ့ ပုံလေးက အရမ်းကို ချစ်စရာေ ကာင်းပါတယ်။

#2 နားနား ကပ်ပြီး တိုးတိုးလေး ပြောဖို့ အရပ်မမီလို့ ကိုယ်လုံးကို လှမ်းဆွဲပြီး သူ့အရပ်နဲ့ မီအောင်လုပ်တဲ့ အချိန်လေးပါ။ဒီလိုပုံလေးက ဘယ်လောက် ချစ်ဖို့ ကောင်းလဲဆိုတာ ဂျပုလေးတွေကို ချစ်သူတော်ထားတဲ့ သူတွေ သာ သိပါလိမ့်မယ်။

#3 ပုနေတော့ အရပ်က မမီဖြစ်နေတဲ့အတွက် သူမရဲ့ မမီမကမ်း အရပ်လေးနဲ့ သင့်ကို ထိဖို့ ကြိုးစားတာ၊အကောင်သေးသေးလေးနဲ့သင့်ကို ထုဖို့ ရိုက်ဖို့ ကြိုးစားတဲ့ အချိန်လေးက အရမ်းအရမ်းကို ချစ်ဖို့ကောင်းပါတယ်။

READ
ကိုယ့်အပေါ် မချစ်တဲ့သူကို ဆက်ပြီး ဖက်တွယ်မထားမိအောင် ဘယ်လိုလုပ်မလဲ.?

#4 ဖက်လိုက်တဲ့ အချိန်ပါ။ပုံမှန်ဆိုရင်တော့ သင့်ရဲ့ ကျောမှာ ရှိနေရမယ့် လ က်တွေက ပုနေတော့ ခါးမှာပဲ ရှိနေတဲ့ အချိန်လေးပါ။နောက်တစ်ခုက သူမရဲ့ ခေါင်းက သင့်ရဲ့ မေးစေ့အောက်မှာ ရှိနေတဲ့ အချိန်လေးပါ။အဲ့ဒီအချိန် ခံစားရတဲ့ Feeling က တစ်မျိုးလေးပါ။

#5 နမ်းတဲ့အချိန်။ခြေဖျားလေးထောက်ပြီး နမ်းဖို့ ကြိုးစားတဲ့ ပုံလေးက ဘယ်ေ လာက် ချစ်ဖို့ကောင်းလဲဆိုတာကို ဂျပုလေးတွေရဲ့ ချစ်သူကောင်လေးတွေ အသိ ဆုံးပါ။

#6 ပုနေတာလေးက စနောက်လို့ ကောင်းပါတယ်။သူမရဲ့ ပုနေတဲ့ အရ ပ်လေးက သင့်အတွက် ပျော်စရာလေးတွေကို ဖန်တီး ပေးနိုင်ပါတယ်။သူမ ကိုလည်း အရမ်းစနောက်လို့ကောင်းပါတယ်။ဥပမာ- ပစ္စည်းကို သူမ မမီအောင် မြှောက်ပြီး ကိုင်ထားတာမျိုး။

READ
သာယာတဲ့ အိမ်ထောင်ရေးရဲ့ သဘောလက္ခဏာရပ်များ

#7 ပွေ့ဖက်လို့ အကောင်းဆုံး။ပွေ့ဖက်လိုက်ပြီဆိုရင် သူမရဲ့ တစ်ကိုယ်လုံးကို လုံးဝတစ်ရာရာခိုင်နှုန်း အပြည့်အ၀ ဖက်ထားလို့ရပါတယ်။(အရမ်းဝနေ ရင်တော့ ချွင်းချက်ပါ)

#8 ကလေးလိုဖြစ်နေတာ။ပုရုံတင်မဟုတ်ပဲ ကိုယ်လုံးလေးကပါ သေးသေး ပိစိ လေးဆိုရင် ပိုသိသာပါတယ်။သူတို့ဟာ ကလေးလေးလိုပဲ နေနေ၊လူကြီး ပုံမျိုး နဲ့နေနေ(လူကြီးပုံဖမ်းတဲ့ ကလေးပုံစံက ပိုချစ်ဖို့ ကောင်း)ဘယ်လိုပဲ နေနေကို တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ  ချစ်ဖို့ ကောင်းနေတတ်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;.indiatimes

SHARE