အိမ်ထောင်သည်အမျိုးသားများလိင်စိတ်ကုန်ခမ်းခြင်း အကြောင်းအရင်းများ

အမျိုးသားတွေတော်တော်များများဟာ လိင်မှုကိစ္စကို တစ်နေ့မှာ အများဆုံး(၃) ကြိမ်ခန့်သာ ပြုလုပ်နိုင်ကြပါတယ်။ ဆရာကြီးပီမိုးနင်းရဲ့ စာအုပ်ထဲမှာတော့ အဲဒီလိုအခြေအနေမှာတောင် အမျိုးသမီးတွေက နောက်ထပ် ငါးကြိမ်လောက်တော့ အသာလေးလို့ ဆိုပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ယှဉ်တဲ့အခါ လိင်စိတ်ကုန်ခမ်းခြင်းအပိုင်းမှာ စောလေ့ရှိကြတာ ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခြားအကြောင်းအရင်းတွေကိုလည်း Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအတွက် ကျန်မားရေးဗဟုသုတအနေနဲ့ ဖော်ပြပေးထားပါတယ်။

(၁) စိတ်ဖိအားအမျိုးမျိုးကြောင့်

စိတ်ဖိအားအမျိုးမျိုးဝင်ရောက်တဲ့အခါမှာ ဘယ်သူပဲဖြစ်ဖြစ် လိင်ကိစ္စကို စိတ်မ၀င်စားကြပါဘူး။ ဒါကလည်း ခန္ဓာဗေဒအရ အကြောင်းပြချက် ရှိပြီးသားဖြစ်ပါတယ်။ စိတ်ဖိအားဝင်နေတဲ့အခါ ခန္ဓာကိုယ်ကလည်း လိင်ကိစ္စကို ဦးတည်စေတဲ့ ဟိုမုန်းတွေ ထုတ်လွှတ်မှု ရပ်နားထားပါတယ်။ ဒါကြောင့်လည်း ဖြစ်တတ်ပါတယ်။

(၂) Testosterone Level က သာမာန်ထက် နိမ့်ကျနေလို့

အမျိုးသားတွေရဲ့ ဝှေးစေ့ကနေ Testosterone ဆိုတဲ့ ဟိုမုန်းတွေ ထုတ်လွှတ်မှု လျှော့နည်းရင်လည်း လိင်ကိစ္စကို စိတ်ပါဝင်မှု နည်းပါးပါတယ်။ ဥပမာအားဖြင့် ကိစ္စတစ်ခါ ပြီးမြောက်တိုင်း ဝှေးစေ့ကနေ Testosterone Level ထုတ်လွှတ်မှုနှုန်း နှေးကွေးသွားပြီး အချိန်တော်တော်ကြာမှ အရှိန်ပြန်ကောင်းလာတတ်တာမျိုးဖြစ်ပါတယ်။

READ
လက်မထပ်ခင်လိင်ကိစ္စကျူးလွန်မိရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုး(၇)မျိုး

(၃) အလွန်မောပန်းနေလို့

နောက် အလုပ်အလွန်ပင်ပန်းနွမ်းနယ်တဲ့အခါမျိုးမှာလည်း အချစ်စိတ်ကို ဖြစ်စေနိုင်တဲ့ ဟိုမုန်းဓာတ်တွေကို ခန္ဓာကိုယ်က မထုတ်လွှတ်နိုင်ပါဘူး။ တစ်ခါတလေ အဲဒီလိုလူတွေရဲ့ ဇနီးမယားဖြစ်သူတွေဟာ ယောက်ျားရဲ့ အလုပ်ပင်ပန်းမှုကို နားမလည်ပဲ စိတ်ဆိုးစိတ်ကောက် တတ်ကြပါသေးတယ်။

(၄) အရွယ်ကြောင့်

အသက်အရွယ်ကြောင့် စွမ်းဆောင်ရည် ကျသွားတတ်ပါတယ်။ Testosterone ဟိုမုန်းဟာ အရွယ်အကန့်အသက်နဲ့ ထုတ်လွှတ်တာမျိုးဖြစ်လို့ အရွယ်ပိုကြီးလာလေ Testosterone အားနည်းလေ ဖြစ်ပါတယ်။ ဒီကိစ္စမျိုးက ပန်းမသေပန်းမညှိုလည်း ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

(၅) ငယ်ရွယ်စဉ် ကာမဂုဏ်လိုက်စားလွန်းခဲ့သောကြောင့်

ငယ်ရွယ်စဉ်အချိန်မှာ ကာမဂုဏ်ကို အလွန်လိုက်စားမိခဲ့ရင်လည်း Testosterone ထုတ်လွှတ်မှုဟာ သက်မှတ်ထားတဲ့အရွယ်ထက် စောပြီး နည်းပါးတတ်ပါတယ်။ ဒါကြောင့်လည်း အမျိုးသားတွေ လိင်ကိစ္စကို စိတ်မပါတာလည်း ဖြစ်နိုင်ပါတယ်။

READ
ချစ်တင်းနှောခြင်းမှမဟုတ်ဘဲ STI ရောဂါရရှိနိုင်တဲ့အခြေအနေများ

Shwemom

sm

SHARE