သင့်အသက် (၂၅)နှစ် တိုင်ခင်မှာ ထိပ်ပြောင်ပြီး ဆံပင်တွေ ကျွတ်နေရတာ ဘာကြောင့်လဲ ?

အရွယ်မတိုင်ခင် ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်နေပြီးလား။ သင်ကိုယ်တိုင်လည်း ဘာကြောင့် ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်လာရတယ် ဆိုတာ မသိဘူးဖြစ်နေရင် ဒီမှာ အဖြေရှိပါတယ်။ ဒီအချက်တွေကြောင် အသက် (၂၅)နှစ်မတိုင်ခင် ထိပ်ပြောင်လာရခြင်းဖြစ်ပါတယ်။

(၁) သောက်ရတဲ့ဆေးတွေကြောင့် 

ကိုယ့်သောက်ရတဲ့ဆေးတွေက တစ်ခါတစ်ရံကျရင် side effect တွေကြောင့် ဆံပင်ကျွတ်တာတွေ ဖြစ်လာတတ်တယ်။ တချို့ဆေးတွေက ဆံပင်ကျွတ်စေနိုင်ပါတယ်။ ဥပမာ – ကိုယ်ဝန်တားဆေး ဆိုရင် ဆံပင်ကျွတ်စေနိုင်သလို ဗီတာမင် A ပါတဲ့ အားဆေးတွေကလည်း ဆံပင်ကျွတ်စေနိုင်တယ်။ တခြားရောဂါကြောင့် သောက်ရတဲ့ဆေးတွေကလည်း ဆံပင်ကျွတ်စေနိုင်တယ်။ တကယ်လို့ ကိုယ်သောက်နေတဲ့ ဆေးကြောင့် ဆံပင်ကျွတ်တယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ကြည့်ပေးပါ။

 

(၂) စိတ်ဖိစီးမှုကြောင့် 

စိတ်ဖိစီးမှုဆိုတာ အလုပ်ကဖြစ်ဖြစ် ၊ သင်တန်းကဖြစ်ဖြစ် ရလာတတ်ပါတယ်။ ဒီစိတ်ဖိစီးမှုကြောင့် ဆံပင်တွေ ကျွတ်တတ်တယ်။ လူငယ်အရွယ်မှာ ဆံပင်တွေ ကျွတ်ပြီး ထိပ်ပြောင်လာတယ် ဆိုတာ ကျောင်းစာတွေက စိတ်ဖိစီးမှုတွေကြောင့် နဲ့ အလုပ်က စိတ်ဖိစီးမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှု အဆင့်မြှင့်လာရင် ရေရှည်မှာ ကျန်မားရေးကိုပါ ထိခိုက်လာစေနိုင်တယ်။

READ
(၃)ပတ်အတွင်း Body ကျစ်လစ်လှပစေတဲ့ လျှို့ဝှက်ချက်ကို ဝေမျှခဲ့တဲ့ ဝင်းမင်းသန်း

 

(၃) DIET ကြောင့်

DIET လုပ်နေတဲ့အချိန်မှာဆို လိုအပ်တဲ့ ဗီတာမင်ဓာတ် ၊ သတ္တုဓာတ်တွေ အပြည့်အ၀ မရရှိတော့တာကြောင့် ဆံပင်တွေ ကျွတ်ပြီး ထိပ်ပြောင်လာတတ်ပါတယ်။ အားနည်းတဲ့ Diet ကြောင့် ၊ ၀ိတ်မြန်မြန် ကျစေတယ်ဆိုပေမယ့် ထိပ်ပြောင်လာတတ်ပါတယ်။ အကြောင်းကတော့ ပရိုတင်းဓာတ် လျော့နည်းလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Diet လုပ်မယ်ဆိုရင် လိုအပ်တဲ့ ဓာတ်တွေပါအောင်ပဲ diet လုပ်ပေးပါ။

 

(၄) ဆေးလိပ်သောက်လို့ 

pinterest

ဆေးလိပ်သောက်တာက နှလုံးရောဂါ ၊ အဆုတ်ကင်ဆာတို့ကို ဖြစ်စေနိုင်တဲ့အပြင် ဆံပင်တွေကိုပါ ကျွတ်စေနိုင်ပါတယ်။ တစ်နေ့ကို ဆေးလိပ် အလိပ် (၂၀) ထက် သောက်တဲ့သူက ဆေးလိပ်လုံးဝ မသောက်တဲ့သူထက် နှစ်ဆပိုပြီး ဆံပင်ကိုကျွတ်လွယ်ပါတယ်။ ဆေးလိပ်သောက်တာက ဦးရေပြားရဲ့ ဖွဲ့စည်းပုံကို ပျက်ဆီးစေနိုင်ပြီး ဆံပင်ရှည်လာဖို့ကိုလည်း နှေးလာစေနိုင်တယ်။

READ
One Punch Man challenge နဲ့ တစ်လအတွင်း (၁၅) ပေါင်လောက် ကျအောင်ချနိုင်ခဲ့သူ

source : powerofpositivity

Hannwe Soe (Shwemom)
SHARE