ကံအကောင်းဆုံးဘုရားကျောင်းလို့ ဆိုကြတဲ့ တိုကျိုက ဂိုတိုခူဂျီကြောင်ဘုရားကျောင်း

Twitter/Miriam B

ဂျပန်နိုင်ငံ တိုကျိုက ဂိုတိုခူဂျီဘုရားကျောင်းဟာ ဆယ်တာဂါရာရပ်ကွက်မှာ တည်ရှိပါတယ်။ တိုကျိုက အခြားကျော်ကြားတဲ့ ဘုရားကျောင်းတွေလိုပဲ ဂိုတိုခူဂျီဟာ ဧည့်သည်တွေနဲ့ အမြဲတမ်းပြည့်နှက်လေ့ရှိပါတယ်။ ဘုရားကျောင်းထဲမှာတော့ ချစ်စရာကောင်းတဲ့ ဥယျာဉ်လေးတစ်ခုနဲ့အတူ သုံးထပ်ဘုရားကျောင်းဆောင်တစ်ခုလည်း ရှိပါတယ်။

ဘုရားကျောင်းမှာ ထူးခြားတာက ဂျပန်ရိုးရာကြောင်ရုပ်ပေါင်းများစွာကို ပြသထားတာ ဖြစ်ပါတယ်။ ကြောင်ရုပ်တွေက ရာနဲ့ချီ ထောင်နဲ့ချီပြီး အရုပ်လေးတွေကို မာနဲကိနဲကို သို့မဟုတ် လာဘ်ခေါ်ကြောင်တွေလို့ ခေါ်ပါတယ်။ ကြောင်လေးရဲ့ ဖ၀ါးလေးတစ်ဖက်က လာပါဦးလို့ ခေါ်နေဟန်ဖြစ်တာကြောင့် ဒီအရုပ်လေးတွေကို နေအိမ်တွေနဲ့ ဈေးဆိုင်တွေမှာ ထားတဲ့အခါ ကံကောင်းခြင်းတွေ၊ လာဘ်လာဘတွေကို လက်ယပ်ခေါ်ပေးလိမ့်မယ်လို့ အယူရှိကြပါတယ်။

Twitter/Miriam B
Twitter/Miriam B

ဂျပန်လူမျိုးတွေဟာလည်း ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေနဲ့ ကံကောင်းစေတဲ့ အဆောင်လက်ဖွဲ့တွေကို နှစ်သက်ကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ဂိုတိုခူဂျီဘုရားကျောင်းမှာတော့ သူ့ရာဇ၀င်နဲ့သူရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်(၄၀၀) ခန့်တုန်းက အီနာအိုတာကာအမည်ရတဲ့ ဆာမူရိုင်းသခင်တစ်ဦးဟာ ဂိုတိုခူဂျီအနီးတစ်ဝိုက်ကို ခရီးသွားလာစဉ် ကောင်းကင်ဟာ မည်းမှောင်လာပြီး မိုးကြိုးတွေလည်း ပစ်ခတ်လာပါတယ်။

READ
ကောင်းကင်နဲ့ ငရဲကို ထူးခြားတဲ့တံတားနဲ့ ဆက်သွယ်ထားတဲ့ အဖြူရောင်ဘုရားကျောင်း

အီနာအိုတာကာဟာ မိုးမှောင်ကြီးကျလာတာကို ထိတ်လန့်နေတုန်း ဂိုတိုခူဂျီ ဘုရားကျောင်းထဲက ဘုန်းကြီးတွေမွေးထားတဲ့ ကြောင်လေးတစ်ကောင်ဟာ အီနာအိုတာကာကို လက်ယပ်ပြီး သူ့နောက်လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတယ်။ ကြောင်လေးနောက်လိုက်တဲ့အခါမှာတော့ အီနာအိုတာကာဟာ ဂိုတိုခူဂျီဘုရားကျောင်းထဲကို ရောက်ခဲ့ပြီး သူဟာ လေဒဏ်မိုးဒဏ်တွေကနေ ကင်းလွတ်ခဲ့ရပါတယ်။

Twitter/Miriam B
Twitter/Miriam B
Twitter/Miriam B

အီနာအိုကာတာဟာ ဘုရားကျောင်းအပေါ် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဘုရားကျောင်းဒါယကာအဖြစ် ခံယူခဲ့ပြီး ဘုန်းကြီးတွေကို လိုအပ်တဲ့ ပစ္စည်းလေးပါးထောက်ပံ့ပေးခဲ့ပါတယ်။ ဘုရားကျောင်းအနေနဲ့လည်း ကျောင်းဝေယျာဝစ္စအ၀၀ကို ကူညီထောက်ပံ့ပေးမယ့် ဒကာပေါ်လာတဲ့အတွက် ကြောင်လေးဟာ ကံကောင်းခြင်းတွေယူဆောင်လာတယ်ဆိုတဲ့ သင်္ကေတနဲ့ ဘုရားကျောင်းထဲ ကြောင်ရုပ်လေးတွေကို ထားရှိခဲ့တာ ဖြစ်ပါတယ်။

ဂိုတိုခူဂျီမှာ ကြောင်ရုပ်လေးတွေကို အလှပြထားရုံတင်မကသေးပဲ ၄င်းကြောင်ရုပ်လေးတွေကို ဧည့်သည်တွေက ၀ယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းတွေကတော့ (၂) စင်တီမီတာအမြင့်ရှိတဲ့ အသေးဆုံး ကြောင်ရုပ်လေးတွေဆိုရင် ယန်း၃၀၀ (ဒေါ်လာ ၂.၈၀) ဖြစ်ပြီး (၃၀) စင်တီမီတာအမြင့် အကြီးဆုံး ကြောင်ရုပ်လေးတွေဆိုရင်တော့ ယန်း (၅၀၀၀) လောက်ရှိတယ်လို့လည်း soranews24 အရ သိရပါတယ်။

READ
ရေအောက်မှာ selfie ရိုက်လို့ရတဲ့နေရာလေးတစ်ခု အင်ဒိုနီးရှားမှာထွက်ပေါ်လာ

Twitter/Miriam B
Twitter/Miriam B

လင်းလင်း (ShweMom)

SHARE