သြစတေးလျကို ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် သိသာထင်ရှားစေတဲ့ အချက်များ

သြစတေးလျနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာတို့ ၀ိုင်းထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကိုအာလာဝက်ဝံနဲ့ သားပိုက်ကောင်တွေကို ထူးထူးခြားခြား သြစတေးလျနိုင်ငံမှာပဲ တွေ့နိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ သြစတေးလျတိုက်မှာ သိသင့်ဖွယ် အခြားထူးခြားတဲ့ အချက်တွေလည်း ရှိပါသေးတယ်။

လမ်းမတွေပေါ်က UV အညွှန်းဇယား

© Chap82 / reddit

သြစတေးလျတိုက်သားတိုင်းဟာ နေရောင်ခြည်ဒဏ်ကနေ အသားအရည်ကို ကာကွယ်နိုင်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိကြပါတယ်။ ဟိုနားဒီနား သွားရုံနဲ့ နေလောင်ဒဏ်ကို လွယ်လွယ်ခံနိုင်ရတာကြောင့် နေရောင်ခြည်ရဲ့ ပြင်းအားကို ညွှန်ပြတဲ့ အထူးဆိုင်းဘုတ်တွေ လမ်းတွေမှာ ထားရှိပါတယ်။ ၄င်းအညွှန်းဆိုင်းဘုတ်တွေကို ကြည့်ပြီး ဘယ်အချိန်မှာ အိမ်ပြင်ထွက်ဖို့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ သိနိုင်မယ့်အပြင် ကိုယ်နဲ့ သင့်တော်မယ့် နေရောင်ကာကွယ်ဆေးကိုလည်း လိမ်းနိုင်ပါတယ်။

အရုပ်ဆိုးတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ

© Sire777 / reddit

သြစတေးလျက ကုန်စုံဆိုင်တွေမှာ ဈေးသက်သက်သာသာနဲ့ အပြင်ပန်းဆွဲဆောင်မှု အားနည်းလှတဲ့ အသီးအရွက်တွေနဲ့ သစ်သီးတွေကို ၀ယ်ယူနိုင်ပါတယ်။ ဒီနည်းအားဖြင့် လယ်သမားတွေက ပုံပန်းမလှပတဲ့ အသီးအနှံတွေကလည်း အရသာရှိပါတယ် ဆိုတာကို လူတွေသိစေပြီး အစားအသောက် ဖြုန်းတီးမှုကနေ အကာအကွယ်ပေးတာ ဖြစ်ပါတယ်။

READ
အာကာသယာဉ်ထဲမှာ လူ့သမိုင်းမှတ်တမ်းစာကြည့်တိုက် ထည့်သွင်းလွှတ်တင်ခဲ့

မီးရထားလမ်းရှိပေမယ့် မြေအောက်ရထားစနစ်မရှိပါ

© Bidgee / wikimedia

သြစတေးလျမှာ မြေအောက်ရထားစနစ်ဆိုတာ မရှိသလောက်ပါပဲ။ သြစတေးလျလူမျိုး (၁၀) ယောက်မှာ (၁) ယောက်ပဲ ဘတ်စ်ကားသို့မဟုတ် မြေအောက်ရထားစနစ်ကို အသုံးပြုပါတယ်။ အခြားသူတွေကတော့ အလုပ်ကို စက်ဘီး သို့မဟုတ် ခြေကျင်နဲ့ သွားကြပါတယ်။

အထူးပြုလုပ်ထားတဲ့ ပလတ်ခေါင်းပေါက်များ

© wikimedia

သြစတေးလျနိုင်ငံမှာ တွေ့ရတဲ့ ပလတ်ခေါင်းတွေဟာ နယူးဇီလန်၊ နယူးဂီနီယာ၊ ဖီဂျီတို့နဲ့ မတူပါဘူး။ သြစတေးလျနိုင်ငံကို လည်လာရောက်ကြတဲ့ သူတွေအဖို့ adaptor တစ်ခုတော့ ၀ယ်ဖို့ လိုအပ်မှာပါ။

Vegemite

© Thasignificantother / reddit

Vegemite ဟာ သြစတေးလျနိုင်ငံရဲ့ ရိုးရာအစားအစာတစ်ခုပါ။ တဆေးနဲ့ ပြုလုပ်ထားပြီး ဟင်းသီးဟင်းရွက်တွေ အမွှေးအကြိုင်တွေလည်း ပါဝင်ပါတယ်။ အနည်းငယ်ငန်ပေမယ့် သြစတေးလျ တိုက်သားတွေကတော့ ၄င်းကို ယိုသဖွယ် ပေါင်မုန့်တွေ၊ ကွတ်ကီးတွေနဲ့ အတူစားလေ့ရှိပါတယ်။

အစားအသောက်ပါကင်တွေပေါ်က ကျန်းမာရေးစံညွှန်း

© RuleBreakingOstrich / reddit

ရိုးသားတဲ့ အစားအသောက် ထုတ်လုပ်သူတွေအဖြစ် သြစတေးလျသားတွေဟာ ဂုဏ်ယူကြပါတယ်။ မုန့်ထုပ်ပေါ်မှာ အထဲမှာ ပါတဲ့ မုန့်က ကျန်းမာရေးနဲ့ ဘယ်လောက်ညီညွတ်မှု ရှိမရှိဆိုတာ တွေ့နိုင်သလို လူတွေအတွက်လည်း ရွေးချယ်ရလွယ်ကူစေပါတယ်။

READ
အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ လုံးဝမကြောက်ရွံသင့်တဲ့အချက်များ

ရှဥ့်ကလေးတွေဟာ ရှားပါးသတ္တ၀ါတွေပါ

© laura6319 / imgur

ကမ္ဘာပေါ်က အခြားလူတွေအတွက်တော့ သားပိုက်ကောင်လို အကောင်မျိုးဟာ ရှားပါးသတ္တ၀ါဖြစ်နိုင်ပေမယ့် ရှဥ့်ကလေးတွေကိုတော့ နေရာတိုင်းလိုလိုမှာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် သြစတေးလျတိုက်မှာ ဘယ်လိုပဲ သတ္တ၀ါမျိုးစုံရှိပါစေ၊ ရှဉ့်ကလေးတွေကိုတော့ သိပ်မတွေ့ရတတ်တာကြောင့် သြစတေးလျသားတွေဟာ ရှဉ့်လေးတွေကို သိပ်ချစ်ကြပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

SHARE