ဂစ်တာတီးတတ်တဲ့ပုရိသတွေကို ကောင်မလေးတွေကြွေရခြင်းအကြောင်းအရင်း

Musical Instrument တွေထဲမှာတော့ ဂစ်တာတီးခြင်းဟာ အမျိုးသမီးတွေ သဘောကျမှု ခံရဆုံးဖြစ်တယ်လို့ စစ်တမ်း
တစ်ရပ်က  ဆိုပါတယ်။ ဒါပေမယ့် နာမည်ကြီးအဆိုတော်တစ်ယောက်ကို ကျော်ပြီး Band တစ်ခုမှာပါတဲ့ ဂစ်တာသမားက ပရိသတ်အားရုံကို ပိုပြီးဖမ်းစားနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အနီးစပ်ဆုံး ဥပမာ ပေးရင် တက္ကသိုလ်ကျောင်းသူ အ
ဆောင်တွေမှာ ဂစ်တာတီးပြီး ပိုးပန်းတာမျိုးပေါ့။ ပုလွေတို့၊ နှဲတို့၊ ဘာဂျာတို့ မှုတ်ပြီး ပိုးပန်းတာထက်တော့ ဣနြေ္ဒရှိတာ အမှန်ပါဘဲ။ ဂစ်တာတီးတတ်တဲ့ကောင်လေးတွေကို ကောင်မလေးတွေ ဘာကြောင့် ကြွေသလဲဆိုတာကို Shwemom ပရိ
သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဂီတအထုံပါသူတွေဟာ သူမတူတဲ့ ဖန်တီးမှုစွမ်းရည်ရှိတယ်

ဂီတကို ကျွမ်းကျင်စွာ မတတ်မြောက်သေးခင်မှာတောင် ဂီတအထုံပါသူနဲ့ မပါသူရဲ့ ဖန်တီးမှုစွမ်းရည်ဟာ ကွာခြားပါတယ်။ အခြားသူတွေဟာ သာမန်အတွေးမျိုးနဲ့သာ ဖန်တီးတတ်ကြပေမယ့် ဂီတ၀ါသနာပါသူတွေကတော့ တစ်ခုခုကို ဖန်တီးတဲ့အခါမှာ သူများနဲ့မတူ တမူထူးခြားနေပြီး ချစ်စရာ ပိုကောင်းနေတတ်ပါတယ်။ ဒါက ပင်ကိုယ်ဗီဇအရ ဖြစ်လာတဲ့ သဘောပါ။

(၂) ချစ်ချင်းကို အထိရောက်ဆုံး ဖော်ကျူးနိုင်တယ်

ဂီတဟာ ရင်ဖွင့်ဖို့ အကောင်းဆုံး၊ အသုံးချပြီး ချစ်ကြောင်း ကြိုက်ကြောင်း တရားဝင် ပြောလို့ အကောင်းဆုံး အရာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခေတ်အဆက်ဆက် ကောင်မလေးတွေကို ပိုးပန်းတဲ့အခါ ဘင်ဂျို၊ တယော၊ ဂစ်တာ စတဲ့ တူရိယာတွေဟာ အသုံးတွင်ကျယ်ခဲ့တာပေါ့။ တကယ်လည်း ဟိုးယခင်က တက္ကသိုလ်ကျောင်းသားဘ၀တွေမှာ ဂစ်တာမတီး
တတ်ရင် စကားလုံးတွေ မဲ့နေတဲ့ ကောင်းကင်ပါပဲ။

READ
ကောင်မလေးတွေကို ဘယ်လိုချီးကျူးမြှောက်ပင့်မလဲ

(၃) ဂစ်တာတီးသူနဲ့အတူ စီးမျောခံစားမိစေခြင်း

အဲဒီလို အဆောင်ရှေ့မှာ ဂစ်တာတီးပြီး ပိုးပန်းတဲ့အခါ ကောင်မလေးတွေက အဆောင်ပြူတင်းဝတွေ၊ ၀ရံတာတွေမှာ
ရင်ခုန်သံတွေ ဖော်ကျူးနေတဲ့ ကိုကိုကာလသားတွေကို ကြာအမျိုးမျိုးပစ်ပြီး ကိုယ်ထင်ပြကြပါတယ်။ သူတို့ ရတဲ့သီချင်းဆိုရင် တိုးတိုးလေး လိုက်ဆိုတတ်ကြပြီး၊ မရတဲ့ သီချင်းဆိုရင် … ကိုယ်နဲ့ တိုက်ဆိုင်တဲ့ သီးချင်းအပိုဒ်ကို ရောက်တာနဲ့ … ဒါ ငါ့ကို စောင်းပြီးများ ဆိုနေသလား … လို့ စိတ်ကူးတွေ ပွားစေတဲ့အထိ ထိရောက်မှု ရှိပါတယ်။

(၄) အလိုလိုနေရင်း စွဲဆောင်မှုကို ဖြစ်စေတယ်

စောစောက ပြောသလို၊ နှဲကြီးကို တဂေါ်ဂေါ်မှုတ်၊ ဘာဂျာကြီးကို အမြှုပ်ထွက်မတက် ကိုက်ပြီး ကောင်မလေးတစ်
ယောက်ကို ပိုးပန်းတာထက် စာရင် ဂစ်တာတီးတာက ပိုဣနြေ္ဒရပါတယ်။ ဒါဟာ အလွန်ကွဲပြားတဲ့ ခံစားမှုတွေကိုလည်း
ပေးပါတယ်။ တစ်ခါတလေ … ဘာဂျာကြီး မှုတ်မှုတ်ပြီး လာပိုးတဲ့သူဆိုရင် အပိုးခံရတဲ့ ကောင်မလေးက ရှက်ပြီး အခန်းထဲက အခန်းပြင် မထွက်တော့ပါဘူး။

READ
ကောင်မလေးတွေသင့်ကိုသဘောကျရင် အထာပေးလေ့ရှိတဲ့ပုံစံ(၈)မျိုး

(၅) စိတ်နှလုံးကို နူးညံ့စွာ ဆွဲဆောင်နိုင်တယ်

ဂီတဟာ လူရဲ့စိတ်ကို ပိုပြီးနူးညံ့စေပါတယ် .. အချစ်ကို မခံစား ခံစားတတ်အောင် သင်ပေးနိုင်တဲ့ စွမ်းအင် သတ္တိတွေ
လည်း ရှိပါတယ်။ တစ်ခါတရံမှာ စကားလုံးတွေနဲ့ သူ့အချစ်ကို ရဖို့ ကြိုးစားနေတာထက် ဂစ်တာလေးတီးပြီး နှစ်ပုဒ်သုံး
ပုဒ်လောက် ကြွေပြလိုက်တာနဲ့ အဆင်ပြေသွားတဲ့ အချစ်ရေးတွေ တက္ကသိုလ်ကျောင်းသားဘ၀တွေတုန်းက ကြုံခဲ့ရ ဖူးပါ
သေးတယ် … သူများတွေ ကြုံခဲ့ရတာကို ပြောတာပါ။ ဒီတော့ ကိုယ့်အပေါ်မှာ မုန်းနေတဲ့သူကိုတောင် ဂီတက နူးညံ့စိတ်
ဖြစ်စေပါတယ်။ ဒါတွေဟာ ဂစ်တာသမားတွေ၊ ဂီတကို ဖန်တီးသူတွေရဲ့ အားသာချက်တွေပါဘဲ။

နတ်စည်တော် (Shwemom)

source : storypick.com

SHARE