မီဂန်မာကယ် ကလေးမီးဖွားပြီးပြီဖြစ်ကြောင်း ပရိသတ်တွေ သုံးသပ်နေကြ

တော်ဝင်မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်တို့ဟာ ၄င်းတို့ရင်သွေးရဲ့ ကျား၊မကို ပရိသတ်တွေဆီ အသိမပေးပဲ သိုသိပ်စွာထားထားတာကြောင့် တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြပါတယ်။ ဆော့စ်ဆက်မြို့စားနဲ့ မြို့စားကတော်တို့ရဲ့ ကလေးမွေးဖွားမယ့် ရက်ကလည်း နီးကပ်လာပါပြီ။ ဒါပေမယ့် အချို့ပရိသတ်တွေကလည်း မီဂန်ဟာ ကလေးမွေးပြီးသွားပြီဆိုပြီး ပြောနေကြပါတယ်။

instagram

ပရိသတ်တွေအနေနဲ့ အခုလို သို့လောသို့လော ထင်လောက်စရာ အချက်တွေကလည်း ရှိနေပါတယ်။ ပထမအချက်ကတော့ ဆော့စ်ဆက်မြို့စားမောင်နှံရဲ့ အင်စတာဂရမ်ပို့စ်ကြောင့်ပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်းသားဟယ်ရီနဲ့ မီိဂန်တို့က မွေးလာမယ့်ကလေးအတွက် လက်ဆောင်ပေးကြတဲ့ သူတွေကို ကျေးဇူးတင်တယ်လို့ ဆိုခဲ့ပါတယ်။ အင်စတာဂရမ်ပို့စ်မှာ ရေးသားထားတဲ့ သူတို့မောင်နှံရဲ့ ရေးသားပုံကလည်း ခပ်ဆန်းဆန်းရယ်ပါ။ မြို့စား၊ မြို့စားကတော်နဲ့ ဘေဘီဆော့စ်ဆက်လေးတို့က ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပါ။ ပုံမှန်ဆို မမွေးရတဲ့ ကလေးအပေါ်မှာ ဒီလိုအသုံးအနှူန်းမျိုးတွေ မသုံးကြပါဘူး။ ကိတ်နဲ့ ၀ီလျံလည်း မသုံးဖူးတာကြောင့် မွေးပြီးလို့များ ဒီလိုကြီးပြောတာလားဆိုပြီး အားလုံးက တွေးဆနေတာပါ။

နောက်တစ်ချက်ကတော့ မီဂန်ရဲ့ မိတ်ကပ်ဆရာဟာ မြို့ထဲရောက်နေတာပါ။ သူ့နာမည်ကတော့ ဒယ်နီရယ် မာတင်ဖြစ်ပါတယ်။ မီဂန်နဲ့ အနီးကပ်နေပြီး သူမကို ပွဲတက်အခမ်းအနားတွေမှာ ပြင်ပေးဆင်ပေးရတာပါ။ ပြီးခဲ့တဲ့ အပတ်တုန်းကတော့ မာတင်ရဲ့ အင်စတာဂရမ်ထဲမှာ မီဂန်တို့အိမ်သစ်နဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ ၀င်ဆာတစ်နေရာမှာ နေထိုင်နေတယ်ဆိုပြီး ပို့စ်တင်ထားပါတယ်။ ပုံမှန်ဆိုရင် ကလေးမွေးပြီးတာနဲ့ သတင်းဌာနတွေက သတင်းဓာတ်ပုံတွေယူ၊ ဘာယူနဲ့ မိတ်ကပ်ဆရာက မီဂန်နားမှာ အသင့်ရှိနေရမှာပါ။ အခုတော့ မိတ်ကပ်ဆရာက မြို့ထဲ ရောက်လို့ နေပါတယ်။

instagram

နောက်ပြီးတော့လည်း ကိတ်မစ်ဒယ်တန် ကလေးမွေးတုန်းက သူမဟာ မီးဖွားခွင့် အတွက် ရက် (၃၀) ကြိုတင်ခွင့်ယူပါတယ်။ ကလေးသုံးယောက်မွေးတာ ကိတ်ဟာ တစ်လစီပဲ ခွင့်ယူပါတယ်။ မီဂန်ကတော့ သူမဟာ ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်တုန်းကစပြီး သူမရဲ့ မီးဖွားခွင့် ခွင့်စယူပါပြီဆိုပြီး ပြောခဲ့ပါတယ်။ အခုဆိုရင်ပဲ တစ်လလောက်ဖြစ်နေပြီမို့ မွေးပြီးတာပဲလား ဘာလား ၊ ဒါလည်း စဉ်းစားစရာအချက်ပါပဲ။ ဖော်ပြထားတဲ့ အချက်တွေကို ထောက်ပြီး ပရိသတ်တွေကတော့ မီဂန်ဟာ ကလေးမွေးပြီးသွားပြီလို့ ထင်ကြေးပေးသူတွေ ရှိနေတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

READ
မွေးကင်းစကလေးငယ်နဲ့ အရွယ်မရောက်သေးတဲ့ကလေးကို အိမ်မှာအတူတူပစ်မထားခဲ့သင့်

Ref: theSun

SHARE