လုပ်ငန်းခွင် ၀င်နေတဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ ကြည့်သင့်တဲ့ Bombshell ဇာတ်ကား

Image:imdb

အမျိုးသမီးတွေ အတွက် လုပ်ငန်းခွင်ဆိုတဲ့ နေရာက အမျိုးသမီးတွေ အတွက် ထင် သ လောက် တော့ လွယ် ကူ တဲ့ နေရာ တော့ မဟုတ်ပါဘူး။တကယ်လို့ များက ကိုယ်က နှမ သားချင်းစာနာရ ကောင်းမှန်း သိတဲ့ လုပ်ငန်း ခွင် မျိုး မှာ နေ ခွင့်ရတယ်ဆိုရင်တော့ ဒါဟာ ကံ ကောင်းမှု တစ်ခုပါ။အာဏာ ကို အလွဲ သုံးစား လုပ်ပြီး အမျိုးသမီးတွေ ကို လိင် ပိုင်းဆိုင်ရာ စော်ကားနေတဲ့ လုပ်ငန်းခွင်တွေ အများကြီးပါ။သူဌေး ဒါမှမဟုတ် ကိုယ့်အထက် အရာ ရှိ၊ ကိုယ့်ရဲ့ လုပ် ဖော်ကိုင်ဖက် အမျိုးသားတွေရဲ့ ထိ ပါး စော်ကားမှုတွေ ကို ကြိတ်မှိတ်သည်းခံ ပြီး ၀မ်း ရေး အတွက် ရုန်း ကန် နေ ကြရ တဲ့ မိန်း က လေးတွေ အများကြီးပါ။တစ်ချို့ကျ ပြန် တော့လည်း ကိုယ်တိုင်က လုပ်ငန်းခွင်မှာ မျက်နှာသာ ပေး ခံရဖို့၊ရာထူးရဖို့၊လစာတိုးဖို့  အတွက် ကျေ ကျေနပ်နပ်ကြီး ခန္ဓာကိုယ်ကို ထိုး ကျွေး နေ ကြတဲ့ အမျိုးသမီးတွေ လည်း  အများကြီး ရှိပါတယ်။

Image:imdb

ကိုယ်တိုင်က ကျေနပ် လို့ပဲ အလွယ်လမ်း လိုက်ပြီး ထိုးကျွေး နေတာပဲ ဖြစ်ဖြစ်၊၀မ်း ရေး အတွက် မတက်သာပဲ လုပ် ငန်း ခွင်က လိင်ပိုင်းဆိုင်ရာ ထိ ပါး စော်ကားမှုတွေ ကို ကြိတ် မှိတ် သည်းခံနေရ တာပဲ ဖြစ်ဖြစ် . လုပ်ငန်း ခွင် ၀င် ရောက် နေတဲ့ အမျိုးသမီးတိုင်း မဖြစ် မ နေ ကြည့်သင့်တဲ့ ဇာတ်ကား လေး တစ်ကားကို ညွှန်း ပေး ချင်ပါတယ်။ ဇာတ် ကား နာမည် ကတော့ Bombshell ပါ။ဒါက တော့ စိတ်ကူးယဉ် ပြီး လုပ်ကြံ ရိုက်ကူး ထားတဲ့ ဇာတ်ကား  တော့ မဟုတ် ပါဘူး။တကယ့် ဖြစ်ရပ်မှန် ဇာတ်ကားပါ။ Fox News, Fox Television Stations ရဲ့ CEO ဟောင်း တစ် ယောက်ဖြစ်ခဲ့ဖူးတဲ့ Roger Ailes  ဆိုသူရဲ့ ဖြစ်ရပ်မှန်ပါ။ရာထူးလိုချင်ရင်၊ နေရာ လိုချင်ရင် သူ့ရဲ့ ခြေ တော် တင် တာ ခံ ရမယ်ဆိုပြီး အမျိုးသမီးတွေ ကို စော်ကားခဲ့တဲ့သူပါ။အမျိုးသမီး ပေါင်း (၂၃)ယောက် (ဒါတောင် ထုတ် မ ပြောပဲ ကြိတ်ခံ တဲ့သူတွေ ရှိချင်ရှိ အုံးမှာပါ ) ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာပါ။ Bombshell  က တော့ ဒီ အ ကြောင်း ကို သေချာ ကွက် ကွက် ကွင်းကွင်း ရိုက်ထားတာပါ။

READ
Chopra ကို Mercedes ကားကြီး လက်ဆောင်ပေးခဲ့တဲ့ Nick Jonas
Image:imdb

Roger Ailes  လို လူမျိုးကို ဆန့်ကျင်တွန်းလှန်ရတဲ့ အမျိုးသမီးတွေ က တော့ တကယ့်အာဂ သူရဲ ကောင်း တွေ ပါ။ ဒီ အမျိုးသမီးတွေ ခံတိုက်ရဲ တဲ့ လူက ဘယ်လောက်ထိ အာဏာ ရှိတဲ့ လူလဲ ဆိုတာကို ခန့်မှန်း လို့ ရ အောင် အနည်း ငယ် ပြောပြ ပေးချင်ပါတယ်။သတင်းနဲ့ မီဒီယာ လောက မှာ ဆိုရင် တော် တော် လေး ကို သြ ဇာ အာဏာ ရှိတဲ့ သူ တစ်ယောက်ပါ။Fox ရဲ့ CEO ၊ဒါ့အပြင် နိုင်ငံ ရေး လောကမှာဆိုရင် လည်း Republican  President တွေ ဖြစ်တဲ့ Richard Nixon, Ronald Reagan, George H. W. Bush တို့ရဲ့ မီဒီယာ အတိုင် ပင် ခံ ပုဂ္ဂိုလ်၊Donald Trump ရဲ့ မဲ ဆွယ်စည်းရုံးမှု တွေ မှာ အကြံ ပေး၊Debate မှာလည်း သူက ပါဝင် ကူညီ ခဲ့သူပါ။မီဒီယာ လောက မှာလည်း သူ့ရဲ့ သြဇာအာဏာက ကြီးမားသလို နိုင်ငံ ရေး လောကမှာလည်း တကယ့် သမ္မတ ကြီးေ တွ ရဲ့ အတိုင် ပင်ခံ ၊ရင်းနှီးတဲ့ လူတစ်ယောက်ပါ။အဲ့လို လူမျိုးရဲ့ မတရားမှု ကို ဖော်ထုတ် ရဲ ဖို့ ဆိုတာ တော်ရုံ သတ္တိရှိ ရုံ လောက် နဲ့ တော့ မရ ပါဘူး။ဒီလူက ကျမ ကို လိင်ပိုင်းဆိုင်ရာ စော်ကားပါတယ်လို့  ပြောလိုက်ရင် တောင်မှ ဒီ မိန်းမက ငွေ ညှစ် ချင်တာလား ဆိုပြီး ကိုယ့်စကားထက် သူ့စကား၊သူ့အာဏာ၊သူ့ သြဇာက ကိုယ့်ထက် အဆ များစွာ စိုး မိုးနိုင် တဲ့ လူ မျိုးပါ။

READ
2016 American's Got Talentရဲ့ဒိုင်တွေမျက်လုံးပြူးခဲ့ရသော အသဲယားဖွယ်ပြကွက်များ
Image:imdb

Roger Ailes  က တော့ (၂၀၁၇)ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူသေ ဆုံးပြီး နောက်မှာတော့ ဒီဇာတ်ကားကို ရိုက်မယ် လို့ ကြေညာခဲ့ပြီး ရိုက်ကူးခဲ့တာပါ။ ဇာတ်ကား ထဲမှာတော့ အပြင်မှာပါ တကယ်ရှိတဲ့ Megyn Kelly ဆိုတဲ့ FOX News ရဲ့ သတင်း ကြေညာသူ၊ Gretchen Carlson သတင်း ထောက် နဲ့ ဇာတ်ကားအတွက် ဖန်တီးထားတဲ့ ဇာတ် ကောင်  Kayla Pospisil တို့ ရဲ့ အ ကြောင်းကို အဓိက ထားပြီး ရိုက်ကူးခဲ့တာပါ။ရာထူး ရဖို့  အ ရေး၊ နေရာ ရ ဖို့ အ ရေး ခန္ဓာကိုယ် နဲ့ ရင်းနှီး ကြတာတွေ၊အဲ့လို ရင်းနှီးပြီး ရလာတဲ့ နေရာ မှာ ရော ဘယ် လောက် ထိ လိပ် ပြာ သန့်သန့် ၊စိတ် သန့် သန့် နဲ့ ဆက်ပြီး နေနိုင်မလဲ..၊တွန်းလှန်ရတဲ့ သတ္တိ တွေ ဘယ်က ဘယ်လို ရ ကြမလဲ ဆိုတာကိုတော့ ဒီ ဇာတ်ကား ထဲမှာ တွေ့ရမှာပါ။မိန်းမ တစ်ယောက်က ဒီလို Fox News မှာ ဘယ်လို နေရာ ရခဲ့လဲ ၊နေရာ ရ ဖို့ ဘာတွေ ရင်းနှီး ပေး ဆပ် ရလဲ ဆိုတာကို တော့ ဒီကားထဲမှာ တွေ့ရမှာပါ။ဘယ်လိုပဲ နေရာ ရခဲ့ပါ စေ၊ခန္ဓာကိုယ်နဲ့ ရင်းပြီး ရ လာတဲ့ နေရာ တစ်ခု မှာ လိပ်ပြာ သန့်သန့်နဲ့ ရပ်တည် နိုင်ပါ့မလား………………….?

#SHWEMOM

SHARE