ရာသီခွင်အလိုက် အချစ်ရေးမှာအဆင်မပြေရတဲ့အကြောင်းအရင်းများ

shutterstock/By fizkes

အချစ်ရေးမှာ အဆင်မပြေဖြစ်နေကြသူတွေအတွက် ဘယ်လိုအကြောင်းေ တွကြောင့် အချစ်ရေးအဆင်မပြေဖြစ်ရတာလဲ ၊ကိုယ့်မှာ ဘာပြဿနာရှိနေလဲ ဆိုတာကို ရာသီခွင်အလိုက် စုစည်းဖော်ပြထားပါတယ်။

(၁)Aries (မိဿရာသီဖွား – မတ်လ ၂၁ မှ ဧပြီ ၁၉)

shutterstock/By ESB Professional

ဒီရာသီဖွားအမျိုးသမီးတွေဟာ စိတ်ဓါတ်ခိုင်မာတဲ့ Strong ဖြစ်တဲ့သူတွေပါ ။ပြဿနာကတော့ မစဉ်းစားပဲ မကြာခဏဆိုသလို လုပ်တတ်တဲ့ အပြုအမှုတွေပါ။ လူတစ်ယောက်က ကိုယ့်အတွက် ဘယ်လောက် အတိုင်းအတာအထိအရေးပါ သလဲဆိုတာကို တစ်ဖက်လူသိအောင် မဖော်ပြတတ်ကြသလို တစ်ဖက်လူကို အချိန်မပေးတတ်ကြပါဘူး။Relationship အတွက် အချိန်အများကြီး မပေးချင် တာ ကိုယ့်ရဲ့ပုံမှန်ပုံစံဆိုပေမယ့် အချစ်ရေးမှာတော့တစ်ဖက်လူအတွက်တော့ ဒါ ဟာ ပြဿနာတစ် ခုပါ။

(၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ )

ဒီရာသီဖွားတွေရဲ့ပြဿနာကတော့  ဘယ်လိုအမှားမျိုး၊ဘယ်လိုပြဿနာမျိုးကို မဆို ၀န်ခံဖို့ ၀န်လေးတတ်ကြသူ၊၀န်မခံတတ်ကြတာပါ။အပေး အယူလုပ်တာ၊ ညှိနှိုင်းတာမျိုးကို လုံးဝမမလုပ်ချင်ကြပါဘူး။ဒီလိုအကျင့်က ပြဿနာတစ်ခုခုပေါ် လာရင် ဘယ်လိုမှ မပြေလည်လာနိုင်ပဲ လုံးဝဇာတ်လမ်းဆုံးစေမယ့် အမူအ ကျင့်ပါ။ဒါကြောင့် ဒီလိုရာသီဖွားတွေအနေနဲ့ အချစ်ရေးအဆင်ပြေချင်တယ်ဆိုရင် အပေးအယူ(Give and take)ဆိုတာကို သေချာနားလည် လက်ခံကျင့်သုံးဖို့ လိုပါတယ်။

(၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ)

သူငယ်ချင်းတွေနဲ့သာ အတွဲခုတ်တာတွေများနေတာပါ။သူငယ်ချင်းတွေအတွက်ပဲ အချိန်ပေးတာများလွန်းနေပြီး၊ချစ်သူကို အချိန်သိပ်မပေးတတ်ကြပါဘူး။ကိုယ့် ချစ် သူဟာ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်ဆိုတဲ့ အချက်ကို မမေ့ထားပါနဲ့။လွတ်လွတ် လပ် လပ်နေချင်တဲ့ ကိုယ့်စတိုင်က သင့်အချစ်ရေးကို ဒုက္ခပေးနေတာပါ။

(၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂ )

ဒီရာသီဖွားတွေကတော့ နေရာတကာမှာ အရမ်းခံစားလွယ်၊ထိလွယ်ရှလွယ်  sensitive ဖြစ်လွန်း ခံစားလွန်းနေတာပါ။နှလုံးသားက ဘယ်လိုနာကျင်မှုမျိုးကို မဆို မခံစားနိုင်လွန်းလို့ နှလုံးသားကို အပေါ်ယံမှာ မာကြောကြံ့ခိုင်ချင်ယောင်ေ ဆာင်ပြီး သေချာစောင့်ကြပ်ထားတတ်တဲ့သူမျိုးပါ။ကိုယ့်ကိုယ်ကို လိမ်ညာပြီး ခံစားချက်တွေကို အတင်းဖုံးကွယ်ဖို့ ကြိုးစားနေကြသူတွေပါ။

READ
ရည်းစားကPropose မလုပ်ခင်နာရီပိုင်းအလိုမှာ ဓာတ်လိုက်ပြီးသေဆုံးသွားတဲ့ကောင်မလေး

(၅) Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂)

အရမ်းမာနကြီးလွန်းနေတာပါ။အဲ့ဒီလို မာနတွေကြောင့်ပဲ တစ်ခါတစ်ခါမှာ အချစ် နဲ့လွဲချော်နေရတာပါ။တကယ်လို့ ကိုယ့်ဘက်က မှားနေရင်တောင်မှ မတောင်း ပန်ပဲမာနစိတ် နဲ့တင်းခံနေတတ်ကြသူတွေပါ။တကယ့်ရင်ထဲက ခံစားချက်ကို ဖွင့်ပြလိုက်ရင် ကိုယ့်ရဲ့အားနည်းချက်ကို ပြလိုက်သလို ဖြစ်မလားဆိုပြီး အလျှော့ မပေးပဲ မာနနဲ့တင်းခံတတ်တဲ့ အကျင့်ကို ပြင်မှသာ အချစ်ရေးအဆင်ပြေနိုင် ပါမယ်။

(၆) virgo (ကန်ရာသီဖွား– သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ )

Image:IG/ Jade Weber

ကိုယ့်ဟာကိုယ်အကုန်လုံးကို လုပ်တတ်တဲ့အကျင့်ကြောင့်ပါ။ပြဿနာရှိရင်လည်း တစ်ယောက်တည်း အဖြေရှာ၊အဖြေထုတ်ပြီး တစ်ယောက်တည်း ကြိတ်ဖြေ ရှင်းနေတတ်ပါတယ်။တခြားသူကို သင်ဘာလိုလဲ၊သင်ဘာလိုအပ်လဲဆိုတာကို သိခွင့် ဖြည့်ဆည်းခွင့်တောင်မပေးပဲ သင့်တစ်ယောက်တည်း ကိုယ့်နည်းကိုယ့် ဟန်နဲ့ဖြေရှင်းနေတာ၊အဖြေထုတ်နေတာကို လျှော့ပါ။

(၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ )

ဒီရာသီဖွားတွေကတော့ တစ်စုံတစ်ယောက်နဲ့ နီးစပ်သွားမှာကို ကြောက်ေ နကြ သူတွေပါ။အမှားလုပ်မိသွားမလားဆိုပြီး တွေးပြီးကြောက်နေတတ်ကြတဲ့ မ၀ံ့ရဲ သူတွေပါ။ဆုံးဖြတ်ချက်အမှားများ ချမိလေမလား တွေးပြီးစိတ်ပူနေ တတ် ကြပါ တယ်။ဒါကြောင့် အရမ်းခေါင်ခြောက်ခံ စဉ်းစားတွေဝေတာတွေကို လျှော့ပါ။ ဒီလူ ဟာ ကိုယ့်အတွက် မဟုတ်မှန်းသိရင် လက်လျှော့ပါ။သဘောကျနေတဲ့သူရှိရင် ကြိုးစားပါ။အခွင့်အရေးဆိုတာ နှစ်ခါမလာတတ်တာမို့ အမီအရဆုပ်ကိုင်ပါ။တွေေ ၀မနေပဲ ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။

(၈) Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)

ဒီရာသီဖွားတွေက အတိတ်က အချစ်ဒဏ်ရာတွေကြား နစ်မြုပ်နေတတ် သူတွေ ပါ။Ex ကိုတွေးနေတာတွေလျှော့ပါ။တွေ့သမျှလူတိုင်းကို အရင်လူနဲ့လိုက်နှိုင်း ယှဉ်နေတာမျိုးမလုပ်ပါနဲ့။ရည်စားဟောင်းဆီမှာပဲ စိတ်တွေဝဲလည်လည်ဖြစ်ပြီး ဒီလူကိုပဲ ဘယ်လိုရအောင် ပြန်ကြိုးစားမလဲဆိုတာကို တွေးပြီး အချိန်ကုန်ခံ မနေပါနဲ့။အရင်လူအတွက် အချိန်ဖြုန်းနေတာကို လျှော့ပါ။နှလုံးသားထဲမှာ လက် ရှိနေရာယူထားတဲ့ လူကို ဖယ်ထုတ်ပစ်လိုက်ပြီး ပိုကောင်းတဲ့ တခြားတ စ်ယော က် အတွက် နေရာပေးလိုက်ပါ။

READ
လူငယ် Gamer တွေကို စစ်မှုထမ်းဖို့ စည်းရုံးရေးဆင်းနေတဲ့ ဂျာမဏီစစ်တပ်

(၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁)

ဒီရာသီဖွားတွေကတော့ ကိုယ့်ကိုယ်ကိုပဲ အရမ်းအလေးထားလွန်းနေတာပါ။ အချစ်အတွက် ကိုယ့်ကိုယ်ကို အထိခိုက်အပွန်းပဲ့ မခံချင်တဲ့ အတ္တစိတ်ရှိနေ တတ်ပါတယ်။ချစ်လိုက်ရင် ငါ့ဘက်က ဘာဆုံးရှုံးမလဲ တွေးကြောက်နေ တ တ်သူတွေပါ။အချစ်အတွက်နည်းနည်းလေးအချိန်ပေးကြည့်ပါ။ကိုယ့်ဘက်ကဘာမှ နစ်နာဆုံးရှုံးစရာမရှိတာကို တွေ့ရပါလိမ့်မယ်။

(၁ဝ) Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ )

အချစ်ကို တိတ်တိတ်လေးကြောက်နေသူတွေပါ။တစ်ယောက်ယောက်ကို ချစ်လို က်ရင် သင့်ကို Weak ဖြစ်သွားစေမလားဆိုပြီး မဆီမဆိုင်တွေးကြောက်နေတ တ် ကြပါတယ်။တစ်ဖက်မှာလည်း အနာဂါတ်ကို ပြေးကြည့်တတ်ကြပြီး၊ကေ လးတွေနဲ့မိသားစုဘ၀လေးကို စိတ်ကူးမိတတ်ကြသူတွေပါ။ဒါကြောင့် တစ်ေ ယာက်ယောက်ကို ချစ်ကြည့်လိုက်ပါ။သင့်စိုးရိမ်နေသလို သင့်ဆီက အရာတွေ ဘာမှပွန်းပဲ့မသွားတာကို တွေ့ရပါလိမ့်မယ်။

(၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈)

ဒီရာသီဖွားတွေကတော့ လူတစ်ယောက်ကို သက်သောင့်သက်သာနဲ့ ဘယ် လို ချစ်ရမလဲ ဆိုတာကို မသိကြသူတွေပါ။ဒါကြောင့် သူငယ်ချင်းအကန့်နဲ့ကာ ထား ပြီး FRIEND ဇုန်ကို SAVE ဇုန်လို့ သတ်မှတ်ခံယူထားသူတွေပါ။ကိုယ့်နှ လုံး သားကပြောနေတဲ့ စကားတွေကို နားထောင်ရခက်နေတယ်ဆိုရင် နောက်ဆုံး အကြံပေးချင်တာကတော့ ယုတ္တိကျကျ လက်တွေ့ကျကျစဉ်းစားပါ။

(၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ )

shutterstock/By Dean Drobot

ဒီရာသီဖွားတွေကတော့ အချစ်မှာ အမှတ်မရှိပဲ မှားပြီးရင်းမှားနေသူတွေပါ။မချစ် သင့်တဲ့ကိုမှ ချစ်ပြီး မကြာခဏဆိုသလို အချစ်ရေးမှာ သစ္စာဖောက်ခံရတတ်ပါ တယ်။ဒီလိုအချက်တွေကြောင့် တဖြည်းဖြည်း အချစ်ဆိုတာကို မယုံဖြစ်လာ တာ ပါ။အချစ်ဆိုတာဟာ အမြဲတမ်းပျော်စရာတွေချည်းပဲ သယ်လာတတ်တဲ့အရာ မျိုးမ ဟုတ်ပါဘူး။ဒါကြောင့် နာကျင်မှုဒဏ်ရာဟောင်းတွေကနေ အမြန်ဆုံးရုန်း ထွက်လိုက်ပါ။

Ref;yourtango

SHARE