ချစ်သူကောင်မလေး သင့်ကို ကိုက်တာ ဒီအချက်တွေ ကြောင့်ပါ

Image:Freepik/user17222333

ချစ်သူသမီးရည်းစားတွေ ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်စနိုးနဲ့ ကျီစယ် ပုံတွေ အများကြီးရှိပါတယ်။အဲ့ဒီအ ထဲမှာ တော့ ကိုက်တဲ့ အရာ ကလည်း တစ်ခု အပါအ၀င်ပါ။ချစ်သူ ကောင်မ လေး သင့်ကို ကိုက်ရတဲ့ အ ကြောင်းအ ရင်းတွေရှိပါတယ်။အဲ့ဒါ တွေ က တော့….

ချစ်စရာ ကောင်းလို့

Image:Freepik/@solominphoto

တခြားသူတွေမျက်လုံးထဲမှာတော့ သင်က ဗိုလ် အောင်ဒင် လူဆိုးကြီး ၊ရုပ် ဆိုးကြီး ဖြစ်ချင် ဖြစ်နေ မှာ ဆို ပေမယ့် ချစ်သူ ကောင်မ လေး အတွက် တော့ သင်က သိပ်ကို ချစ်စရာ ကောင်း နေလို့ပါ။ Clemson University က စိတ်ပညာရှင် Oriana Aragon က တော့ တစ်စုံတရာ ကို မြင်ရင် အသံ တွေ ယားလာပြီး ကိုက်ချင်၊ဖျစ်ချင်ညှစ်ချင် ၊စားချင် စိတ် ဖြစ်လာရတာ ဟာ အဲ့ဒီ အရာက အရမ်းချစ်စရာ ကောင်း နေလို့ ပါလို့ ပြော ခဲ့ဖူးပါတယ်။ရင်ထဲမှာ ချစ်စရာ ကောင်းလိုက်တာ ဆိုတဲ့ စိတ် တွေ က ပွင့် အန်ကျ လာပြီး ကိုက်ပစ်လိုက်တာပါ။

READ
ချစ်သူကောင်မလေးကို ကြင်ကြင်နာနာ ပြုစုဂရုစိုက်နည်းများ

ချစ်ခင်ရင်းနှီးမှုကို ဖော်ပြ

သာမန် သိကျွမ်းတဲ့ တစိမ်းနဲ့ ဆိုရင် အကန့် အသတ်တွေထားပြီး ဆက်ဆံ တတ် ပါတယ်။အဲ့လို အကန့် အသတ်တွေ သင်တို့ ကြားမှာ မရှိဘူး၊သင်တို့ ရဲ့ ရင်းနှီးမှု အတိုင်းအတာက နက်ရှိုင်း တယ်ဆိုတာကို ပြတာပါ။သူမရဲ့ သွားရာ လေးက သင့် အပေါ် ထားတဲ့သူမရဲ့အချစ်သ င်္ကေတ လို့ တောင် ပြောလို့ ရ ပါတယ်။

ကျီစယ် ခြိမ်းခြောက်

Image:Freepik/@solominphoto

နောက်တစ်ချက် ကတော့ သူမက သင့်ကို ကျီစယ် ခြိမ်းခြောက် တာပါ။သူမ မကြိုက်တဲ့ အရာတစ်ခုခုကို သင်လုပ် ထားတာ ဒါမှမဟုတ် သူမ  မကြိုက်တဲ့ အရာ ကို မလုပ်ရဘူး လို့ ခြိမ်းခြောက်တာပါ။သတိထားနော်  စကား နား မထောင် ရင်တော့ ရိုက်မှာ ဆိုပြီး လေသံ ပျော့ လေးနဲ့  ဆူ တဲ့ အေ နနဲ့ ကိုက်တာပါ။

READ
သင်သတိမထားမိပေမယ့် သင့်ကောင်လေးသတိထားမိနေတဲ့ သင့်ရဲ့အမူအရာများ

အရမ်းလိုအပ်နေတာကိုပြ

သင့်ကို ချစ်တာမှ သူမရဲ့ အ သွေးအသားထဲက ပါ တုန် နေ  အောင် ချစ်တဲ့ အပြင် သင်မရှိရင် မဖြစ်တဲ့ အထိ လိုအပ် နေတယ်ဆိုတာကို ပြတာပါ။သူမ ရဲ့ အနားမှာ သင်ရှိဖို့ လိုတယ်၊သင်မရှိလို့ မဖြစ်ဘူး ဆိုတာကို အသံတိတ် ပြော ပြ နေတာပါ။

လိင်စိတ် ကြွလာ လို့

Image:Freepik/cookie_studio

ဒါ ကတော့ သင့်ဆီက လိင်ကိစ္စ နဲ့ ပတ်သက်တဲ့ တစ်စုံတစ်ရာကို မျှော်လင့် နေတယ်ဆိုတာကို ပြတဲ့ သင်္ကေတ တစ်ခု ပါ။ချစ်သူ ကောင်မ လေးက ပုံမှန် ချစ်စနိုးနဲ့  ကိုက်တာလား၊လိင်စိတ် ကြောင့် ကိုက်တာ လား ဆိုတာကို တော့  ကိုက် တဲ့ အချိန် ပြတဲ့ သူမရဲ့ တခြား အပြု အမူ တွေကို သေ ချာ ဂရုစိုက် ကြည့်ရင် သိနိုင်ပါတယ်။

#SHWEMOM

SHARE