သင့်ရဲ့ဆံပင်တွေစိတ်ပျက်စရာကောင်းလောက်အောင်ကျွတ်နေတာ ဒီအချက်တွေကြောင့်ပါ

Nina Buday/Shutterstock

ဆံပင်ကျွတ်တယ်ဆိုတာ စိတ်ညစ်စရာကြီးနော်။ ခေါင်းဖြီးလိုက်လို့ ဆံပင်တွေ လုံးထွေးပြီး ကျွတ်ပါလာရင် ကြည့်လိုက်ရုံနဲ့တင်ပဲ စိတ်ဓာတ်ကျရတယ်။ တကယ်တော့ သင့်ရဲ့ဆံပင်ကျွတ်နေတယ်ဆိုတာ ဒီအချက်တွေကြောင့်ပဲဖြစ်ပြီး တချို့အချက်တွေက သင့်အနေနဲ့ ဘယ်လိုမှကာကွယ်လို့မရနိုင်တာတွေပါ။

(၁)။ မျိုးရိုးဗီဇကြောင့်

ဆံပင်ကျွတ်ခြင်းဟာ မျိုးရိုးဗီဇနဲ့လည်းဆိုင်ပါတယ်။ သင့်ရဲ့မိခင်၊ ဒါမှမဟုတ် ဖခင်တစ်ယောက်ယောက်က ဆံပင်ကျွတ်တဲ့သူ၊ ဆံပင်ပါးတဲ့သူမျိုးဆိုရင် သင့်မှာလည်း ဆံပင်ကျွတ်နိုင်တဲ့ အခြေအနေတွေ ရှိနိုင်တာပါ။ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်တာ ပိုတွေ့ရတတ်ပြီး အမျိုးသားတွေကတော့ နဖူး ဒါမှမဟုတ် ငယ်ထိပ်တွေမှာပါ ဆံပင်ကျွတ်တာပိုများကြပါတယ်။

Nalada Nagawasuttama/Shutterstock
(၂)။ ဟော်မုန်းအပြောင်းအလဲ

ဆံပင်ကို ကျွတ်စေတဲ့ အန်ဒရိုဂျင်ဟော်မုန်းတွေ ခန္ဓာကိုယ်မှာများနေရင်လည်း ဆံပင်တွေ ကျွတ်တတ်ပါတယ်။

(၃)။ စိတ်ဖိစီးလာရင်

စိတ်ဖိစီးမှု ခံစားရတာတွေကြောင့်လည်း ဆံပင်တွေကျွတ်တတ်ပါတယ်။ စိတ်ဖိစီးလာတဲ့အခါ ဆံပင်မွှေးညှင်းပေါက်တွေကို ရွေ့သွားစေပြီး ဆံပင်ကိုကျွတ်စေတဲ့ Telogen Effluvium ကို ထုတ်ပေးပါတယ်။ အဲဒီကနေတစ်ဆင့် ဆံပင်ကျွတ်တာတွေဖြစ်လာရတာပါ။

READ
အိပ်ရေးပျက်လွန်းတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ
totojang1977/Shutterstock
(၄)။ ရာသီဥတု

ရာသီဥတုအပြောင်းအလဲကြောင့် ဦးရေပြားတွေခြောက်သွေ့ရင်လည်း ဆံပင်တွေကို ကျွတ်စေပါတယ်။

(၅)။ ခေါင်းလျှော်ရည်

တချို့ခေါင်းလျှော်ရည်တွေက သင်နဲ့ဓာတ်မတည့်ကြပါဘူး။ အဲဒါတွေက သုံးကြည့်လိုက်တာနဲ့ သိသာပြီး သင့်ရဲ့ဆံပင်ကို အလွယ်တကူ ကျွတ်စေလို့ သင်နဲ့အဆင်ပြေတဲ့ ခေါင်းလျှော်ရည်ကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။

pathdoc/Shutterstock
(၆)။ ဓာတုပစ္စည်းတွေ

ဆံပင်ဆေးဆိုးတာတွေ၊ ဆံပင်ချွတ်ဆေးတွေ စတာတွေကလည်း ဆံပင်တွေကို ပျက်စီးစေပါတယ်။ အဲဒီနောက်တော့ ဆံပင်တွေ ကျွတ်ပြီပေါ့။ ဆံပင်ဖြောင့်တဲ့အခါသုံးတဲ့ ဆိုဒီယမ်ဟိုက်ဒရောဆိုက် လို ဓာတုပစ္စည်းတွေက ဆံပင်ကို အဓိက ကျွတ်စေတာတွေပါ။

(၇)။ အာနိသင်ပြင်းတဲ့ဆေးဝါးတွေ

ကိုယ့်ရဲ့ရောဂါတစ်ခုခုကြောင့် သောက်ရတဲ့ ဆေးဝါးတွေကြောင့်လည်း ဆံပင်တွေ ကျွတ်နိုင်ပါတယ်။ ကင်ဆာရောဂါအတွက် သောက်ရတဲ့ ဆေးမျိုးတွေဆိုရင် ဆံပင်တွေအထွေးလိုက် ကျွတ်တာမျိုးတောင် ကြုံရနိုင်တာပေါ့။

Linn

READ
ခပ်စွာစွာကောင်မလေးတွေက အသံအောင်တဲ့သူလေးတွေပါ …

Source : health.com

SHARE