မနက်စာအဖြစ် ကြက်ဥကို ဘာကြောင့်စားပေးသင့်သလဲ

တစ်နေ့တာရဲ့ စားသောက်မှုမှာ မနက်စာက အရေးကြီးဆုံးဖြစ်လို့ သင့်တော်တဲ့အစားအသောက်ကို ရွေးချယ်ပြီး ဂရုတစိုက်စားပေးသင့်ပါတယ်။ ဆီရီယယ်တို့ ပေါင်မုန့်တို့လို မနက်စာတွေထက် ကြက်ဥကို စားပေးခြင်းက အကျိုးထူးတွေ ပိုရစေကြောင်း အာဟာရပညာရှင်များက အတည်ပြုထားပါတယ်။

ဒါကတော့ မနက်စာအတွက် ကြက်ဥစားခြင်းကြောင့် ရလာမယ့်အကျိုးထူးတွေပါ။

ပရိုတင်းဓာတ်ကြွယ်ဝတယ်။

ကြက်ဥဟာ ပရိုတင်းဓာတ် (သို့) အသားဓာတ်အကြွယ်ဝဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

ပိုပြီးအဆာခံစေတယ်။

ပရိုတင်းကြွယ်ဝတဲ့ ကြက်ဥကို မနက်ခင်းမှာ စားသုံးပေးမယ်ဆိုရင် အခြားမနက်စာတွေထက် အားပိုဖြစ်စေပြီး အဆာပိုခံစေပါတယ်။

Pixabay

ကိုယ်အလေးချိန်ထိန်းပေးတယ်။

ဒီအချက်ကတော့ တော်တော်များများသဘောကျမယ့်အချက်ပါ။ မနက်ခင်းမှာ ကြက်ဥစားသူတွေက ပေါင်မုန့်စားတဲ့သူတွေထက် ဝိတ်ပိုကျနိုင်ကြောင်း လေ့လာမှုများအရ သိရပါတယ်။

ဦးနှောက်ဖွံ့ဖြိုးစေတယ်။

ဦးနှောက်ဖွံ့ဖြိုးအလုပ်လုပ်မှုကို အဓိကထောက်ပံ့တဲ့ ကိုလင်းဓာတ်ဟာ ကြက်ဥမှာပါဝင်ပါတယ်။ မှတ်ဥာဏ်ကိုလည်း အားကောင်းစေပြီး နိုးကြားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

အမြင်အာရုံကို ကာကွယ်ပေးတယ်။

READ
ရေချိုးရင်းသီချင်းဆိုခြင်းဖြင့် Confidenceတိုးလာစေသည့်အချက်များ

ကြက်ဥမှာ ပါဝင်တဲ့ လူတင်နဲ့ ဇက်ဆန်သင်ဓာတ်တွေဟာ မျက်လုံးကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။ အသက်ကြီးရင့်လာတဲ့အခါ မျက်စိတိမ်စွဲခြင်းတို့ကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

Pixabay

မနက်စာအဖြစ် ကြက်ဥကို ဘယ်လိုစားသုံးနိုင်မလဲ။

  • ကြက်ဥပြုတ် (ကျက်တာစားနိုင်ဖို့ စားမယ့်မနက်မတိုင်ခင်တည်းက ကြိုပြုတ်ထားဖို့လိုပါတယ်)
  • မိုက်ခရိုဝေ့ဖ်ထဲမှာ ကြက်ဥကို (၁)မိနစ်ကြာ ထည့်ထားတဲ့ ကြက်ဥပေါင်း (အမြန်နည်းပါ)
  • နောက်ဆုံးတစ်ခုကတော့ ကြက်ဥကြော်ပါ။

မနက်စာအတွက် ကြက်ဥကို ကိုယ်နှစ်သက်သလို စားသုံးလို့ရပါတယ်နော်။

White (Shwemom)

Ref: Lifehack

SHARE