အပြုံးတစ်ပွင့်ကို ပန်ဆင်ဖို့ မနှမြောသင့်တဲ့အကြောင်းအရင်းများ

သင်သာပြုံးထားမယ်ဆိုရင်တစ်ဖက်လူကလည်းအကြာကြီးမဲ့မထားနိုင်ပါဘူး။ဒါဟာအပြုံးတစ်ပွင့်ရဲ့ထူးခြားတဲ့အစွမ်းသတ္တိလို့ဆိုရမှာပါ။ငွေကြေးစိုက်ထုတ်စရာမလို၊ပင်ပင်ပန်းပန်းခွန်အားသုံးစရာမလိုဘဲအကျိုးကျေးဇူးတွေအများကြီးပေးနိုင်ပါတယ်။ဒါကြောင့်အပြုံးတစ်ပွင့်ကိုအမြဲတမ်းပန်ဆင်ထားဖို့ဘာကြောင့်လိုအပ်သလဲဆိုတာနဲ့ပတ်သက်ပြီးShwemomကနေ ဖော်ပြပေးလိုက်ပါတယ်။

၁)အပြုံးကဆွဲဆောင်မှုရှိစေတယ်

တချို့ကိုယ့်ကိုယ်ကိုယ်ဆွဲဆာင်မှုမရှိဘူးလို့ထင်နေတဲ့သူတွေရှိပါတယ်။တကယ်တော့လူတိုင်းမှာအားသာချက်ကိုယ်စီရှိကြသလို ဆွဲဆာင်မှုလည်း တစ်ခုမဟုတ်တစ်ခုတော့ရှိနေတတ်ပါတယ်။အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်ဆွဲဆောင်မှုမရှိဘူးလို့ ယူဆနေရင် စိတ်ပါလက်ပါပြုံးကြည့်ပါ။သင်ဟာသိသိသာသာဆွဲဆောင်မှုရှိသူတစ်ယောက်ဖြစ်လာမှာပါ။အကြောင်းကတော့ ပြုံးလိုက်ခြင်းကြောင့် သင့်ရဲ့စိတ်ထဲမှာ positive energyတွေထုတ်လုပ်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့် ပြုံးဖို့ဝန်မ လေးပါနဲ့။

၂)သင့်ကိုပျော်ရွှင်မှုဖြစ်စေတယ်

 

အပြုံးကြောင့်သင့်ကိုယ်သင်ပျော်ရွှင်သလိုခံစားရပါလိမ့်မယ်။စိတ်ပါလက်ပါပြုံးလိုက်ခြင်းကြောင့်ဦးနှောက်ကစိတ်ဖိစီးမှုတွေလျော့ကျစေတဲ့endorphins ဟော်မုန်းထုတ်လွှတ်မှုကိုလျော့ကျစေခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်သင်ပျင်းရိငြင်းငွေ့နေတာပဲဖြစ်ဖြစ်၊၀မ်းနည်းနေတဲ့အခါပဲဖြစ်ဖြစ်အသက်ကိုပုံမှန်ရှူသွင်းပြီးစိတ်ထဲကနေကျေနပ်တဲ့ခံစားချက်နဲ့ပြုံးပါ။သင့်အတွက်ပျော်ရွှင်မှုကိုခံစားလာရပါလိမ့်မယ်။

၃)ရောဂါခုခံအားစနစ်ကိုအားကောင်းစေတယ်

အပြုံးကြောင့်သင့်ရဲ့ရောဂါခုခံအားစနစ်ကိုကောင်းမွန်စေတယ်ဆိုရင်အံ့သြစရာလို့သတ်မှတ်နေမလား။မှန်ပါတယ်ပြုံးလိုက်ခြင်းကြောင့်ခနာကိုယ်မှာရှိတဲ့ သွေးလည်ပတ်မှုစနစ်ကိုကောင်းမွန်စေပြီး သွေးဆဲလ်တွေကို ကောင်းကောင်းအလုပ်လုပ်စေပါတယ်။ပြင်ပက၀င်ရောက်လာမယ့် ရောဂါပိုးတွေကိုတွန်းလှန်ပေးနိုင်တာကြောင့်ခနာကိုယ်ရဲ့ခုခံအားစနစ်ကိုအားကောင်းစေခြင်းဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံရပ်ခြားမှာဆိုရင် ကမ္ဘာကျော်အနုပညာရှင်၊ အားကစားသမားတွေကို ကလေးဆေးရုံတွေမှာ လာရောက်အားပေးစကားပြောဖို့ဖိတ်ကြားကြခြင်းဖြစ်ပါတယ်။ကျန်းမာရေးကောင်းမွန်စေတဲ့အပြုံးကုထုံးလို့ပြောရင်မှားမယ်မထင်ပါဘူး။

၎)ယုံကြည်မှုရှိစေတယ်

ပြုံးလိုက်ခြင်းကြောင့် တစ်စုံတစ်ရာထိခိုက်နစ်နာသွားတာမျိုးမရှိပါဘူး။သေချာတာကတော့ အပြုံးကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုပိုရှိလာစေမှာဖြစ်ပါတယ်။တစ်ယောက်ယောက်ကိုပြုံးရင်းနှုတ်ဆက်တာ၊စကားပြောတာ၊အမှတ်တမဲ့ကြည့်လိုက်တာမျိုးတွေက သင့်ကိုပိုပြီး ဆွဲဆောင်မှုရှိနေစေသလို တစ်ဖက်လူရဲ့ ယုံကြည်မှု၊ အလေးထားမှုကိုလည်းရရှိစေမှာပါ။ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပြုံးပါ။

၅)သင့်ရဲ့ဥပဓိရုပ်ကိုပံ့ပိုးမှုဖြစ်စေတယ်

အပြုံးကြောင့် သံခင်းတမန်ခင်းတွေအဆင်ပြေသွားနိုင်သလို ကိုယ်မသိတဲ့နယ်ပယ်၊ လူမှုဆက်ဆံရေးတွေမှာလည်းအခွင့် အလမ်းကောင်းတွေအတွက်ကိုယ့်ရဲ့ပါဝင်မှုကိုချဲ့ထွင်သွားနိုင်ပါတယ်။ပထမဆုံးတွေ့ဆုံမှုတွေမှာလည်းသင့်ရဲ့ဥပဓိရုပ်နဲ့ စိတ်နေသဘောထားကိုကောင်းမွန်တဲ့ထောက်ပံ့မှုတွေဖြစ်စေမှာပါ။ဒါကြောင့် ပြုံးပါး

READ
ဒီလိုအချက်တွေကြောင့်တော့ ကိုယ့်ပျော်ရွှင်မှုကို အထိခိုက်မခံပါနဲ့

ChoChoThan(Shwemom)

ref:lifehack.org

SHARE