ခင်ပွန်းဟောင်းနဲ့ကော လက်ရှိရည်းစားနဲ့ပါ တစ်အိမ်တည်း အတူနေတဲ့ အိုလံပစ်ရေကူးမယ်

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတိုင်းလိုလိုဟာ ကိုယ့်အိမ်မှာပဲ ကိုယ်နေနေကြသလို အပြင်ကိုလည်း သိပ်ထွက်လေ့ မရှိတော့ပါဘူး။ ရောဂါကာကွယ်ဆေးဟာလည်း အခုအချိန်ထိ မပေါ်သေးတာကြောင့် အကောင်းဆုံးကတော့ ကိုယ့်အိမ်မှာ ကိုယ်နေနေခြင်းပါပဲ။ အခုလည်း နာမည်ကြီးအိုလံပစ်ရေကူးမယ်တစ်ယောက်ဟာ သူမရဲ့အိမ်မှာ လက်ရှိရည်းစားအပြင် သူ့ခင်ပွန်းဟောင်းကိုပါ အိမ်မှာခေါ်ထားပြီး အတူ,တူနေ နေလို့ ပရိသတ်တွေ အံ့အားသင့်နေကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B2qq3iqAo2R/

ဗြိတိန်ရေကူးချန်ပီယံမယ်တစ်ယောက်ဖြစ်တဲ့ Rebecca Adlington ဟာ Lockdown ကျနေတဲ့အချိန် သူမအိမ်မှာ သူမရဲ့ ခင်ပွန်းဟောင်း Needs အပြင် သမီးကလေး Summer နဲ့အတူတူ မိသားစုလိုက် ပျော်ရွှင်စွာနေထိုင်နေကြောင်း သိရပါတယ်။ Needs နဲ့ Rebecca တို့ဟာ ၂၀၁၆ ခုနှစ်ကတည်းက နှစ်ဦးသဘောတူ ကွာရှင်းခဲ့တာပဲ ဖြစ်ပါတယ်။  Rebecca ဟာ Needs အပြင် လက်ရှိရည်းစား Michael Gunning နဲ့လည်း တစ်အိမ်တည်းမှာ အတူ နေ,နေတာလည်း ဖြစ်ပါတယ်။

READ
လက်ထပ်ခွင့်တောင်းတာကို ငြင်းပယ်လို့ ဓားနဲ့ထိုးတဲ့ဖြစ်ရပ်

https://www.instagram.com/p/B1UPZY-gaGS/?utm_source=ig_embed

သူတို့နှစ်ဦး ဒီလို ကွာရှင်းပြတ်စဲတယ်ဆိုတာကလည်း အခြားကိစ္စတွေကြောင့် မဟုတ်ပဲ စိတ်သဘောထားချင်းမတိုက်ဆိုင်တဲ့အတွက်ကြောင့် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကွာရှင်းပြီးတဲ့နောက်ပိုင်း Rebecca ကပဲ Summer လေးကို အုပ်ထိန်းခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးဟာ တစ်ယောက်အပေါ်တစ်ယောက် အပြစ်မမြင်ပဲ သူငယ်ချင်းပုံစံ ဆက်ဆံရေးနဲ့ ခရီးဆက်ခဲ့တာ ဖြစ်ပါတယ်။

https://www.instagram.com/p/B6dsBXygYla/?utm_source=ig_embed

“ဒီလိုအချိန်မျိုးမှာ Needs ကိုပဲ ကျွန်မအနားမှာ ရှိစေချင်ပါတယ်။ ဒါက Summer လေးအတွက်လည်း တော်တော်ကောင်းပါတယ်။ အခုဆိုရင် Summer လေးက နေ့တိုင်းသူ့အဖေနဲ့ အတူတူ ရှိနေရလို့ တော်တော်ပျော်နေတဲ့ပုံပါပဲ။ ဒီကပ်ရောဂါဆိုးကြီးကိုလည်း ကျွန်မတို့အကုန် အတူတူကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ Rebecca က ပြောကြားခဲ့ပါတယ်။

READ
လက်ဆောင်ပေးတာကိုလက်မခံခဲ့လို့ ပရိတ်သတ်ဓားနဲ့ထိုးတာခံခဲ့ရတဲ့ဂျပန်အဆိုတော်မလေး

Pyi Hein Kyaw

SHARE