ဝိတ်မချခင်တုန်းက ရှယ်စားခဲ့တဲ့အကြောင်းတွေကို ထုတ်ပြောပြလာခဲ့တဲ့ Rebel Wilson

[email protected])

Pitch Perfect ရုပ်ရှင်နဲ့ လူတွေတော်တော်များများ သိလာခဲ့ကြတဲ့ Rebel Wilson ကတော့ အနုပညာလောကမှာ အအောင်မြင်ဆုံး အမျိုးသမီး ဟာသသရုပ်ဆောင်အဖြစ်ရပ်တည်နေခဲ့တာပါ။ သူမရဲ့အနုပညာအရည်အသွေးပြည့်ဝမှုတွေအပြင်ကိုမှ ချစ်ဖို့ကောင်းတဲ့ ခန္ဓာကိုယ်ပြည့်ပြည့်လေးကြောင့်လည်း လူတွေက အချစ်ပိုခဲ့ကြတာဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Rebel Wilson (@rebelwilson)


ဒါပေမဲ့ ၂၀၂၀ မှာတော့ Rebel Wilson တစ်ယောက် သူမရဲ့ signature တစ်ခုဖြစ်တဲ့ ခန္ဓာကိုယ်လေးကို လျှော့ချခဲ့ပါတယ်။ ပေါင်ချိန် တစ်ဝက်နီးပါး လျှော့ချခဲ့အပြီးမှာတော့ Rebel Wilson ဟာ ပရိတ်သတ်တွေဆီကို surprise အနေနဲ့ ပြတ်လာခဲ့ပြီးတော့ အံ့အားသင့်စေခဲ့ပါတော့တယ်။ တိတိကျကျပြောရရင်တော့ ပေါင်ချိန် ၇၅ ကီလို ကို လပိုင်းအတွင်း ချနိုင်ခဲ့တာပါ။ သူမရဲ့ weight loss journey နဲ့ ပတ်သက်ပြီးတော့ အခုလိုပဲပြောပြလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Rebel Wilson (@rebelwilson)


ခန္ဓာကိုယ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် သိပ်ကို ခက်ခဲပင်ပမ်းဆင်းရဲခဲ့ရပါတယ်တဲ့။ အဓိကကတော့ သူမဟာ အရင်ကတည်းကိုက အသားတွေသိပ်မစားတတ်တာကြောင့် ဝိတ်ချတော့မယ်လည်းဆိုရော စားရတဲ့ healthy diet တွေမှာက ကြက်သားတို့၊ ဘာတို့တွေကို ပရိုတင်းရစေဖို့အတွက် စားခဲ့ရပါတယ်။
ဥပမာပြောရရင် ကြက်ရင်ပုံနဲ့ ဆယ်လ်မွန်ငါးတို့ကိုတော့ နေ့တိုင်းနီးပါးကိုစားခဲ့ရတာပါတဲ့။ နောက်တစ်ချက်ကတော့ အရင်စားနေကျ ပမာဏရဲ့ ၃ ပုံ ၁ ပုံပဲ စားရတဲ့ တစ်ချက်ကြောင့်လည်း စိတ်ပင်ပမ်းဆင်းရဲတာတွေတော့ ခံရပါတယ်လို့ Rebel က ရင်ဖွင့်လာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Rebel Wilson (@rebelwilson)


အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို ကယ်လိုရီ ၁၈၀၀ မှ ၂၄၀၀ အတွင်းပဲ တစ်နေ့ကို စားသင့်ပါတယ်။ ဒါပေမဲ့ Rebel ကတော့ တစ်နေ့တစ်နေ့ကို အနည်းဆုံးဆိုတာတောင်မှပဲ ကယ်လိုရီ ၃၀၀၀ လောက် စားဖြစ်နေခဲ့တာပါ။ အခုဆိုရင်တော့ ထပ်ပြီးတော့ ခန္ဓာကိုယ်ကို မျှော်မှန်းထားသလိုဖြစ်အောင် ဆက်လက်ကြိုးစားနေပါတယ်တဲ့။

 

View this post on Instagram

 

A post shared by Rebel Wilson (@rebelwilson)


penny

SHARE