Rebel Wilson ကို ကြည့်လိုက်ရင် အမြဲတမ်းပျော်ရွှင်ပြီး ပေါ့ပါးလန်းဆန်းနေပါတယ်။ ဒါပေမဲ့ ဟောလိဝုဒ်လောကထဲမှာ သူမလောက် အတိတ်ဆိုးတွေ ဖြစ်ခဲ့တဲ့လူဆိုတာ မရှိသလောက်ကို ရှားပါးလွန်းနေပါတယ်။ ငယ်စဉ်ကတည်းက အနုပညာလောကထဲ ခြေစုံရပ်နိုင်တဲ့အချိန်ထိ Rebel Wilson ဟာ သာမန်လူတွေဆို ဘဝတစ်ခုလုံး ပြိုလဲသွားနိုင်တဲ့ အဖြစ်ကြီးတွေပဲကို ကြုံတွေ့ခဲ့ရတာပါ။
အခုလည်း လူတွေကို ထုတ်မပြောပြခဲ့ဖူးတဲ့ အဖြစ်ဆိုးတစ်ခုအကြောင်းကို သူမ ထုတ်ပြောပြလာခဲ့ပါတယ်။ News. AU မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
View this post on Instagram
UK ရဲ့ အောင်မြင်ကျော်ကြားတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Ant Middleton ရဲ့ Straight Talking ဆိုတဲ့ အစီအစဉ်ကို Rebel တစ်ယောက် ဖိတ်ကြားခံခဲ့ရပါတယ်။ အစီအစဉ်အရ မသိုမဝှက်ဘဲ ဘဝအကြောင်းတွေကို ထုတ်ဖော်ပြောရင်းနဲ့မှ ဒီဖြစ်ရပ်အကြောင်းလည်း ပါလာခဲ့တာပါ။
View this post on Instagram
အဲဒီအချိန်တုန်းက သူမဟာ Mozambique လူမျိုး အမျိုးသမီးတွေနဲ့ တောင်အာဖရိကထဲမှာ ခရီးသွားနေခဲ့တာပါတဲ့။ ရုတ်တရက် လက်နှက်တွေနဲ့ သူပုန်အုပ်စုတစ်ခု သူမတို့ကို ဝိုင်းထားခဲ့ပါတယ်။ ထရပ်ကားတွေနဲ့ သေနပ်တွေနဲ့ လူတွေကလည်း အများကြီးနဲ့မလို့ အခြေအနေတွေ တင်းမာနေတာကို အကုန်လုံး ရိပ်စားမိနေခဲ့ကြပါပြီ။
အဲဒီအချိန်မှာ Rebel တစ်ယောက်တည်း သြစတြေးလျ နိုင်ငံသူဖြစ်နေတာပါ။ ချက်ချင်းဆိုသလိုပဲ Rebel ဟာ သူနဲ့ပါလာတဲ့ အမျိုးသမီးတွေအားလုံးကို လက်မောင်းချင်းချိတ်ပြီး လက်တွေတွဲထားဖို့ ပြောခဲ့ပါတယ်။ တစ်ယောက်တည်းပဲ ကွက်ပြီး ဆွဲခေါ်မသွားခံရအောင် တစ်ချိန်လုံး လက်မောင်းချင်းတွေ တွဲထားခဲ့ကြတာပါ။ “မသိရင် ကျွန်မလေ တာဝန်တွေနဲ့ ခေါင်းဆောင်တစ်ယောက်လို ခံစားသွားခဲ့ရတယ်” လို့ပြောခဲ့ပါတယ်။
View this post on Instagram
သူမတို့ စီးလာတဲ့ကားပေါ်ကနေပြီး အိမ်တစ်အိမ်ထဲကို ခေါ်သွားခံခဲ့ရကာ ဖြစ်သလိုပဲ တစ်ညတာကို ကုန်ဆုံးခဲ့ရပါတယ်။ နောက်တစ်နေ့မနက်မှာတော့ “အရှေ့မှာ ကားအဆင်သင့်ဖြစ်နေပြီ သွားတော့” ဆိုပြီးတော့ လက်နှက်ကိုင်အဖွဲ့ဝင်တစ်ယောက်က လာပြောခဲ့ပါတယ်တဲ့။ နာရီပိုင်းအတွင်းမှာပဲ အဲဒီမြို့ထဲက ထွက်သွားခဲ့ရတာပါ။ ဘာမှတော့ ထိခိုက်တာတွေ၊ အစော်ကားခံရတာတွေ မရှိခဲ့ပါဘူးလို့ Rebel ကပြောလာခဲ့ပါတယ်။
ဘာကြောင့် ဖမ်းသွားတယ်လို့တော့ မပြောလာခဲ့ပေမယ့် Rebel ကတော့ ရုပ်ရှင်တွေထဲကလို သူမတို့ စီးလာတဲ့ကားထဲမှာ တရားမဝင်ပစ္စည်း တစ်ခုခုထည့်ပေးလိုက်လို့ လူတွေကိုဖမ်းပြီး ကားထဲကပစ္စည်းကို ယူ၊ ပြီးမှ ပြန်လွှတ်ပေးတာ နေမှာပေါ့လို့ အရွှန်းဖောက်ခဲ့ပြန်ပါတယ်။
penny